အက်စစ်ကြောင့် သွားကြွေလွှာပျက်စီးဆုံးရှူံးသွားခြင်း ဖြစ်ပါတယ်။ သွားကြွေလွှာက အောက်မှာရှိတဲ့ ကျစ်လျစ်သိပ်သည်းတဲ့တစ်ရှူးအထိမခံတဲ့တစ်ရှူးကို ကာကွယ်ပေးထားတဲ့ သွားရဲ့မာကျောတဲ့အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ သွားကြွေလွှာပျက်စီးသွားတဲ့အခါမှာ အောက်ခံတစ်ရှူးပေလာပြီး နာကျင်မှုနဲ့အထိမခံနိုငမှုကို ဖြ်စ်စေပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွားကြွေလွှာပျက်စီးခြင်းက သွားအခေါင်းပေါက်တွေဖြစ်ပြီး သွားမျက်နှာပြင်နဲ့သွားစွယ်တွေ ပျက်စီးသွားခြင်းဖြ်စ်ပါတယ်။ သွားကြွေလွှာထက်ပိုပြီး အရောင်ရင့်တဲ့ပိုဝါတဲ့အောက်ခံတစ်ရှူးပေါ်လာပါတယ်။
အောက်ခံတစ်ရှူးက အထိမခံဖြစ်တာကြောင့် အအေးနဲပအပူဒါမှမဟုတ် အချဉ်ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုပြီးခံစားရနိုင်ပါတယ်။
တွေ့ရများတဲ့လက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အက်စစ်က အပေါ်ယံကြွေလွှာကို တိုက်စားသွားခြင်းကြောင့် ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
သွားကြွေလွှာပျက်စိးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သွားဆရာဝန်က သွားပျက်စီးခြင်းကို လွယ်လွယ်ကူကူအဖြေရှာနိုင်ပါတယ်။
သွားကြွေလွှာပျက်စီးခြင်းက အမြဲကုသဖို့မလိုအပ်ပါဘူး။ ပုံမှန်စစ်ဆေးခြင်းနဲ့အကြံဉာဏ်ယူခြင်းက အခြေနေကိုပိုမဆိုးအောင်နဲ့ ထပ်ပြီးကြွေလွှာပျက်စိးခြင်းကနေ ကာကွယ်ပေးပါတယ်။ သွားကိုကုသဖို့လိုမယဆိုရင ်သွားကြွေလွှာနဲ့အောက်ခံတစ်ရှူး
ကိုကာကွယ်ထားဖို့ အရေးကြီးပါတယ်။
ကုသမှုက ပြဿနာပေါ်မူတည်ပါတယ်။ သွားဖာလိုက်ခြင်းက ပြုပြင်ဖို့အတွက်လုံလောက်ပါတယ်။ ပိုပြင်းထန်တဲ့အခြေအနေတွက်ဆိုရင်တော့ အစွပ်စွပ်ထားဖို့လိုပါတယ်။ အစွပ်က သွားကိုနောက်ထပ်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သွားကြွေလွာများဆုံးရှူံသွားခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကာဗွန်ပါဝင်တဲ့ဆိုဒါ၊ လီမွန်။ နဲ့အခြားအချဉ်သီးတွေ ဖျော်ရည်တွေကဲ့သို့သော အက်ဆစ်များစွာပါတဲ့အစားအသောက်များကို ရှောင်ပါ။ သွားကို အက်စစပ်ါတဲ့အစာအရည်တွေ စားပြိးသောက်ပြီးတိုင်း ရေသန့်နဲ့ချက်ချင်းကျင်းပစ်ပါ။
အက်စစ်ပါတဲ့အရည်တွေကို သောက်တဲ့အခါမှာ ပိုက်ကိုအသုံးပြုပါ။ ပိုက်က အရည်တွေကိုခံတွင်းနောက်ဘက်ကို ပို့ပေးပြီး သွားနဲ့အရည်ထိခြင်းကို မဖြစ်စေနိုင်ပါဘူး။
သရေစာစားခြင်းကိုထိန်းပါ။ သရေစာတစ်နေ့လုံးစားခြင်းက သွားပျက်စီးနိုင်ချေကိုများစေပါတယ်။ ပါးစပ်က သကြားနဲ့ကစီဓါတ်တွေများတဲ့အစာတွေကို စားပြီးနောက်နာရီအနည်းငယ်အတွင်းမှာ ချဉ်သွားပါတယ်။ သင့်သွားကိုတိုက်ဖို့နဲ့ ခံတွင်းကျင်းဖို့မဖြစ်နိုင်ဘူးဆိုရင် သရေစာတွေကိုရှောင်ပါ။
အစားမစားခင် သကြားမပါတဲ့ချူးရင်းဂမ်များ ဝါးပါ။ ချုးရင်းဂမ်ဝါးခြင်းက သာမန်ထက်တံထွေးကို ၁၀အထိများစေပါတယ်။ တံထွေးက အခြားအရေးကြီးတဲ့သတ္တုဓါ်တွေနဲအတူ သွားကိုခိုင်မာစေပါတယ်။ ဇိုင်လီတောပါဝင်တဲ့ သကြားမပါတဲ့ဂမ်ကိုရွေးချယ်ပြိး အချိုယမကာတွေနဲ့အစားအသောက်တွေကထွက်တဲ့ အက်ဆစ်တွေကိုလျှော့ချပေးနိုင်ပါတယ်။
တံထွေးအထွက်နည်းနေရင်အာခြောက်နေရင် တစ်နေ့လုံးရေသောက်ပါ။
ဖလိုရိုက်သွားတိုက်ဆေးကို အသုံးပြုပါ။ ဖလိုရိုက်က သွားတွေကိုခိုင်မာစေပြီး သွားတိုက်ဆေးအညွှန်းမှာ ဖလိုရိုက်ပါမပါကြည့်သင့်ပါတယ်။
ချိပ်ပိတ်ပစ္စည်းတွေက သွားကြွေလွှာပျက်စီးခြင်းကိုကာကွယ်ရာမှာ အကူအညီပေးနိုင်တယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။