ဖြစ်နိုင်ခြေများ
Crooked Teeth (သွားမညီညာဖြစ် ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဖြစ်ဖို့ အားပေးနေတဲ့အချက်တွေကတော့ အခုချိန်ထိ မသိကြသေးပါဘူး။ ဒါပေမယ့် သိပံ ပညာရှင်တွေကတော့ မိဘတွေဆီက မျိုးရိုးလိုက်ပြီး လက်ခံရရှိလာတာလို့ ယုံကြည်ထားကြပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သွားမညီမညာ ဖြစ်ခြင်းတွေကို ပုံမှန် သွား စစ်ဆေးတဲ့ စစ်ဆေးချက်တွေနဲ့ပဲ ရောဂါ အမည်သတ်မှတ်နိုင်ပါတယ်။ သင့် ရဲ့ သွားဆရာဝန်က သွားတွေကို စစ်ဆေးပြီး သွားတွေက ကောင်းကောင်းမွန်မွန်စီစီရီရီ ရှိနေ၊ မနေ သိနိုင်အောင်လို့ သွား ဓါတ်မှန်ရိုက်ယူနိုင်ပါတယ်။ ကျိုးပဲ့ပျက်စီးနေတဲ့သွားတွေ တွေ့ရှိပါက အမျိုးအစားနဲ့ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ခွဲခြားသတ်မှတ်ရပါမယ်။ အဓိက အားဖြင့် သွားကျိုးပဲ့ခြင်း အမျိုးအစား ၃ ခုရှိပါတယ်။
- Class 1- အမျိုးအစား ၁ : အပေါ်သွားနဲ့ အောက်သွားထပ်နေခဲ့ရင် ဒီအမျိုးအစားဆိုပြီးသိနိုင်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင်တော့ သွားစိရင် ပုံမှန်အတိုင်းပဲညီပြီး သွားထပ်နေတာက အနည်းငယ်ရှိနိုင်ပါတယ်။ ဒီ class 1 အမျိုးအစားက သွားကျိုးပဲ့ပျက်စီးခြင်းတွေထဲမှာ အဖြစ်များဆုံး ပဲဖြစ်ပါတယ်။
- Class 2 – အမျိုးအစား ၂ : အပေါ်သွားက ရှေ့ကို တအား ထွက်နေရင် ဒီအမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။ အဲဒီ အခြေအနေကို အပေါ်မေးရိုးရှေ့သို့ရောက်နေခြင်းလို့ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အပေါ်သွားနဲ့မေးရိုးဟာ အောက်သွားနဲ့မေးရိုးထက် ရှေ့ကို ပိုပြီးငေါထွက်နေပါတယ်။
- Class 3- အမျိုးအစား ၃ : အောက်သွားက ရှေ့ကို တအား ထွက်နေရင် ဒီအမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။ အဲဒီ အခြေအနေကို အောက်မေးရိုးရှေ့သို့ရောက်နေခြင်းလို့ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အောက်သွားနဲ့မေးရိုးဟာ အပေါ်သွားနဲ့မေးရိုးထက် ရှေ့ကို ပိုပြီးငေါထွက်နေပါတယ်။
Crooked Teeth (သွားမညီညာဖြစ် ခြင်း) ကို ဘယ်လိုကုသပါသလဲ
သိပ်မပြင်းထန်တဲ့သွားမညီညာခြင်း ဖြစ်နေတဲ့ သူအများစုမှာ ကုသမှုခံယူဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သင့်သွားမညီမညာ ဖြစ်တာ ကဆိုးရွားတယ်ဆိုရင်တော့ သွားဆရာဝန်က သွားနှင့် မေးရိုး ဆိုင်ရာ အထူးပြုဆရာဝန်ဆီ လွှဲပေးနိုင်ပါတယ်။ သွားမညီမညာ ဖြစ်ခြင်းရဲ့ အမျိုးအစားပေါ်မူတည်ပြီး သွားနှင့်မေးရိုးဆိုင်ရာဆရာဝန်က မတူညီတဲ့ ကုသမှုတွေ ညွှန်ကြားနိုင်ပါတယ်။ အဲဒီကုသမှုတွေကတော့
- သွားတွေ နေရာမှန်အောင် သွားဖုံးစွပ်တပ်ခြင်း။
- သွားတွေထပ်နေတာကို ပြုပြင်ဖို့ အတွက် သွားနှုတ်ခြင်း။
- သွားကြားကို ဖြည့်ခြင်း၊ သွားပုံပြုပြင်ခြင်း၊ သွားအစွပ်တပ်ခြင်း။
- မေးရိုးကို ခွဲစိတ်ကုသပြုပြင်ခြင်း။
- မေးရိုးငြိမ်စေရန် ကြိုးဖြင့်ဆွဲခြင်း။
ဒီလို ပုံမမှန်တဲ့သွားတွေကို ကုသမှုခံယူလိုက်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးတစ်ချို့ကို ဖြစ်စေနိုင်ပါတယ်။
- သွားဆွေးမြေ့ခြင်း။
- နာကျင်ခြင်း၊ မသက်မသာ ဖြစ်ခြင်း။
- သွားစွပ်တွေ အသုံးပြုတဲ့အတွက် ပါးစပ်ထဲတွင် နေမထိထိုင်မသာ ဖြစ်ခြင်း။
- ကုသမှုခံယူနေစဉ် အတွင်းမှာ အစာဝါးရာတွင်(သို့) စကားပြောရာတွင် ခက်ခဲမှုရှိခြင်း။
နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း
ဒီလို သွားမညီညာခြင်းတွေက မျိုးရိုးလိုက်ခြင်းကြောင့် အဖြစ်များတဲ့ အတွက်မဖြစ်လာအောင် ကာကွယ်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကလေးငယ်ငယ်ရှိတဲ့မိဘတွေဆိုရင်တော့ မေးရိုးပြောင်းလဲသွားတာမျိုး ဖြစ်တာကို လျှော့ချနိုင်အောင် ကူညီ်ဖို့ အတွက် ချိုလိမ်တို့ နို့မှုန့်ဘူးတို့ အသုံးပြုတာကို လျှော့ချသင့်ပါတယ်။ သွားကျိုးပဲ့ပျက်စီးနေခြင်း ကိုစောစောသိခြင်းက ချို့ယွင်းနေတာတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့ကုသမှုတွေရဲ့ ကြာချိန်ကာလကို လျော့နည်းစေနိုင်ပါတယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။