သွားနှုတ်တယ်ဆိုတာ လူတော်တော်များများလုပ်ကြတဲ့ သွားကျန်းမာရေးကိစ္စတစ်ခုဆိုပေမယ့် ခွဲစိတ်မှုတစ်မျိုးပါပဲ။ သွားနှုတ်ပြီး ၂၄ နာရီအတွင်း တံထွေးမထွေးဖို့၊ ပလုတ်မကျင်းဖို့စတဲ့ ကြိုတင်သတိပေးချက် တချို့ကိုလိုက်နာမယ်ဆိုရင်တော့ သွားနှုတ်ပြီးနောက်ပိုင်း ဆေးခန်းပြန်ပြေးဖို့ ဗျာများမနေရတော့ဘူးပေါ့။