ချင်ခြင်းတပ် တယ်ဆိုတာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ ဒီပြဿနာက အမျိုးသားတွေမှာလည်း ရှိပါတယ်။ အမျိုးသားတွေရော ချင်ခြင်းတပ် တာ ဘာကြောင့်များပါလိမ့်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။