backup og meta

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို အနည်းငယ်ကွေးကောက်တာ သဘာဝပါပဲ။ အာသာဖြေတာ၊ အတွင်းခံအတွင်း ထည့်ထားတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အနည်းငယ်တော့ စောင်းသွားတတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့လိုတာကတော့ လိင်ဆက်ဆံနေစဉ်၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး လိင်တံကောက်သွားခြင်းကြောင့် နောက်ဆက်တွဲဝင်လာတတ်တဲ့ ပီရိုးနီးရောဂါ (Peyronie’s disease) ပဲ ဖြစ်ပါတယ်။

ပီရိုးနီးရောဂါဆိုတာ ဘာလဲ။

ထောင်မတ်လာချိန်မှာ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ကွေးကောက်သွားစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ နောက်ပိုင်းအမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။ လိင်တံထောင်မတ်စဉ် အလွန်အမင်းနာကျင်ပြီး ထိုးသွင်းဆက်ဆံဖို့ အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ့်မှာ ဒီရောဂါရှိတယ်လို့ သံသယဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

ပီရိုးနီးရောဂါ လက္ခဏာတွေ

  • လိင်တံရဲ့ ကိုယ်ထည်တွင် ဖုဖောင်းပြီး မာကျောတဲ့ အဖုလေးတစ်ခု စမ်းမိတာ
  • ထောင်မတ်နေချိန် ဘေးဘက်သို့ ကွေးကောက်သွားခြင်း (များသောအားဖြင့် အပေါ်ဘက်ကို ပိုပြီးကွေးကောက်ပါတယ်)
  • ထောင်မတ်နေစဉ် နာကျင်ခြင်း
  • လိင်အင်္ဂါ ပုံစံမမှန်သလို ဖြစ်နေခြင်း (အရင်း သို့မဟုတ် အဖျား တစ်မျိုးတည်းကြီးနေတာမျိုးမဟုတ်ဘဲ ကြီးလိုက် သေးလိုက်နဲ့ ပုံစံမမှန်တာ)
  • လိင်တံကျုံ့ဝင်သွားတာ
  • လုံးပတ်သေးလာတာ
  • ထိုးသွင်းဆက်ဆံဖို့ ခက်ခဲတာ
  • လိင်တံကောင်းစွာ မထောင်မတ်နိုင်တော့တာတွေပဲ ဖြစ်ပါတယ်။

ပီရိုးနီးရောဂါဖြစ်ရခြင်း အကြောင်းရင်းတွေ

အကြောင်းရင်းအတိအကျကို ရှာဖွေတွေ့ရှိခြင်း မရှိသေးမဲ့ တစ်ကိုယ်ရေအာသာဖြေနေစဉ်၊ လိင်ဆက်ဆံစဉ် အနေအထားမမှန်တာ၊ ထိခိုက်မိပြီး တစ်ရှူးတွေ ကျိုးပဲ့သွားတာ၊ လိင်တံကို မာလွန်းတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖခင်မျိုးရိုးမှာ ပီရိုးနီးရောဂါရှိခဲ့ဖူးတာ၊ အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ပီရိုးနီးရောဂါရှိနေတာ သေချာပြီလား။

လိင်တံက ပုံမှန်ထက် ကွေးကောက်လွန်းနေတာ၊ ထောင်မတ်နေစဉ် အလွန်အမင်းနာကျင်တာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံးဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ လိင်တံကို အနီးကပ်တိုင်းတာစစ်ဆေးမှာဖြစ်ပြီး လိင်တံရဲ့ ကိုယ်ထည်မှာ အဖုအလုံးတွေ ရှိမရှိ၊ ထောင်မတ်နေစဉ် လိင်တံအရှည်၊ လုံးပတ်တွေကို အာထရာဆောင်းရိုက်ခြင်း၊ X-Ray ရိုက်ပြီး စစ်ဆေးသွားမှာပါ။

ပီရိုးနီးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လား။

လက်ရှိအချိန်မှာတော့ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပါဘူး။ ဒါပေမယ့် နာကျင်မှုကို ပျောက်ကင်းစေပြီး ပုံမှန်အတိုင်း လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကုသနည်းတချို့တော့ ရှိပါတယ်။

  • လိင်တံကို ခွဲစိတ်ကုသပေးခြင်း
  • Clostridium hystolyticum (Xiaflex) ပါဝင်တဲ့ ဆေးပေးခြင်း
  • စုပ်စက်ကို အသုံးပြုခြင်း
  • လျှပ်စစ်ရှော့တိုက်နည်းလမ်းဖြင့် အဖုအဖောင်းအောက်က တစ်သျှူးအမာရွတ်ကို ဖြိုခွဲပေးခြင်း
  • လိင်တံပျော့နေစဉ် ဖြည်းညင်းစွာ ဆွဲဆန့်ခြင်း နည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။

ပီရိုးနီးရောဂါကြောင့် နောက်ဆက်တွဲ လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြေရှင်းပေးဖို့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးရင် အဆင်ပြေနိုင်ပါတယ်။ ဥပမာ – ဆေးလိပ်ဖြတ်၊ အရက်လျှော့သောက်တာ၊ တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲတာကို ရှောင်ကြဉ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့တော့ လိုအပ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/erectile-dysfunction/peyronies-disease (July 8, 2019)

https://www.nhs.uk/common-health-questions/mens-health/is-it-normal-to-have-a-curved-penis/ (July 8, 2019)

ယခုပုံစံ

15/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံထောင်မတ်နိုင်စွမ်းနှင့် အံ့အားသင့်စရာ အချက်(၁၂)ချက်

မနက်နိုးလာရင် ဖွားဖက်တော် ထောင်မတ်နေတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement