backup og meta

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း)

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ကဘာလဲ။

Pariapism ဆိုတာ မလိုအပ်ပဲ အချိန်ကြာကြာ လိင်အင်္ဂါထောင်မတ်နေခြင်းဖြစ်ပါတယ်။ အဓိကနှစ်မျိုးရှိပါတယ်။ သွေးစီးအားများပြီး ထောင်နေခြင်း နှင့် သွေးစီးအားနည်းပြီးထောင်မတ်ခြင်းတို့ဖြစ်ကြပါတယ်။

ပထမတစ်မျိုးကတော့ လိင်တံအတွင်းမှ သွေးတွေလွတ်မြောက်ဖို့ ခက်ခဲခြင်းကြောင့်ဖြစ်ရပါတယ်။

ဒုတိယတစ်မျိုးမှာတော့ လိင်တံအတွင်းသို့ သွေးတွေ အများအပြား စီးဆင်းတာကြောင့်ဖြစ်ရပါတယ်။

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Piriapism က ဖြစ်ခဲတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါကတော့ sickle cell anemia (သွေးနီဥ ပုံသဏ္ဍာန်မမှန် သွေးအားနည်းရောဂါ)ဖြစ်နေတဲ့ အသက် ၅-၁၀ နှစ်ကောင်လေးတွေ နှင့် အသက် ၂၀-၅၀ ယောင်္ကျားတွေမှာ အဖြစ်များပါတယ်။ သိလိုသည်များအား ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Priapism က ခဏခဏပြန်ဖြစ်နိုင်ပါတယ်။ ပြန်ဖြစ်တဲ့အခါမှာ လိင်တံထောင်မတ်မှုဟာ ထပ်ခါထပ်ခါဖြစ်နေပြီး ကြာချိန်အနည်းဆုံး ၃ နာရီရှိပြီး နာလည်း နာကျင်စေပါတယ်။ ဒီအခြေအနေကဖြစ်တတ်ပြီး ၁၀-၄၀ ရာခိုင်နှုန်း ကတော့ အမျိုးသားတွေ လိင်ဆက်ဆ့တဲ့ အခါဖြစ်တတ်ပါတယ်။

အများစုကတော့ priapism ဟာ နာရီပိုင်းအကြာမှာ ပြီးဆုံးသွားနိုင်ပေမယ့် ရက်တွေ သို့ နှစ်တွေကြာအောင်လည်းဖြစ်နိုင်ပါတယ်။

ထို့ကြောင့် သူ့ကို ချက်ချင်းရုတ်တရက်ဖြစ်တဲ့ရောဂါ လို့လည်း ခေါ်နိုင်သလို နာတာရှည်လည်းဖြစ်နိုင်ပါတယ်။

ရုတ်တရက်ခဏဖြစ်တဲ့ priapism က နာရီပိုင်း သို့ ရက်ပိုင်းကြာတတ်ပါတယ်။ ၎င်းထောင်မတ်နေခြင်းက နာကျင်မှု နဲ့ လိင်စိတ်လျော့နည်းခြင်းကို ဖြစ်စေပါတယ်။

စွဲမြဲစွာ ဖြစ်တဲ့ priapism က ရက်သတ္တပတ်ပေါင်းများစွာ မှ နှစ်နဲ့ချီအောင်ကြာနိုင်ပြီး ရောဂါတစ်ခုခု ရုတ်တရက်ဖြစ်ပြီးနောက် မှာ ဖြစ်လာတတ်ပါတယ်။ ထောင်မတ်ခြင်းကြောင့် နာကျင်မှုတော့ မဖြစ်စေနိုင်ပါဘူး။ လိင်တံက ထောင်နေသော်လည်း (သွေးတွေသိုလှောင်ထားရခြင်းကြောင့်) တောင့်တင်းခြင်းတော့ မရှိပါ။ ဒီအခြေအနေက anaphrodisia ကိုဖြစ်စေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ရဲ့ လိင်တံက ၄ နာရီထက်ပိုပြီးတောင့်တင်းနေလျှင် ဆေးရုံကားခေါ်ပါ။ ၄ နာရီလောက်တော့ မကြာပေမယ့် နာကျင်မှုရှိနေလျှင် ဆရာဝန်ခေါ်ပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အခုလောလောဆယ်မှာတော့ Priapism ဖြစ်ရခြင်း အကြောင်းအရင်းကို မသိရသေးပါ။ ကလေးတွေမှာတော့ priapism က ကင်ဆာ သို့ sickle cell anaemia နှင့် ဆက်စပ်မှု ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သွေးနီဥက လိင်တံသို့သွားရာ သွေးလမ်းကြောင်းအား ပိတ်ဆို့စေနိုင်ပါတယ်။ အိပ်နေတုန်းလဲ ရုတ်တရက်ဖြစ်တတ်ပါတယ်။

ယောက်ျားတွေမှာ လိင်စိတ်လျော့နည်ခြင်း ကို ကုသတဲ့ဲ့ ဆေးတွေက priapism ဖြစ်ပွားနိုင်ချေကို များစေပါတယ်။ သွေးကျဲဆေး၊ စိတ်ပူပန်မှုကို သက်သာစေသောဆေး၊ အရက်နှင့် တခြားမူးယစ်ဆေးတွေကလည်း ဒီရောဂါကို ဖြစ်လာနိုင်စေပါတယ်။ တခြားဖြစ်စေတဲ့ အရာတွေကတော့ မတော်တဆထိခိုက်မှုတွေ၊ ကြောရိုးထိခိုက်ခံရခြင်း ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ ဇီဝကမ္မဖြစ်စဉ် နှင့် သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်ပါတယ်။

Risk factors

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Priapism ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

သွေးလမ်းကြောင်းစီးဆင်းလည်ပတ်နေမှုကို ထိခိုက်စေနိုင်သော ရောဂါများ။

တရားမဝင် မူးယစ်ဆေးများ သုံးစွဲခြင်း

အရက်နှင့် ဟော်မုန်း androgen steroids(ကြွက်သားကြီးဆေးများ) တွေပါတဲ့ ထုတ်ကုန်တွေကို လွန်ကျူးစွာ သုံးစွဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ကို မေးမြန်းစမ်းသပ်ခြင်း၊ သွေးစစ်ခြင်း သို့ Doppler ultrasound တို့ဖြင့် ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ ထို့ပြင် ဆီးနှင့် ကျောက်ကပ်ပညာရှင်မှ ရောဂါကို ရှာဖွေရာမှာလည်း အကူအညီပေးလာနိုင်ပါတယ်။ သင့်မှာ sickle cell anaemia လိုမျိုးသွေးနဲ့ဆိုင်တဲ့ ရောဂါရှိနေမယ်ဆိုလျှင်လည်း သွေးပညာရှင်က ကူညီနိုင်ပါလိမ့်မယ်။

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ကို ဘယ်လိုကုသပါသလဲ

ပြန်ဖြစ်နေတတ်သော priapism ကို အိမ်မှာပဲ ကုလို့ရနိုင်ပါတယ်။ လိင်တံတောင့်တင်းနေတဲ့ အခါ ရေများများသောက်ခြင်းနှင့် သေးများများပေါက်ခြင်းက အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။ ရေနွေးဖြင့် ရေချိုးခြင်း နှင့် ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လဲ ပြန်ဖြစ်လာတာတွေကို သက်သာသွားနိုင်ပါတယ်။ ၃ နာရီအတွင်း ထောင်မတ်နေခြင်းက မကျဘူးဆိုလျှင် ဆေးရုံသို့ သွားပါ။

နာတာရှည် Priapism ဖြစ်နေတဲ့ လူနာတွေကို တော့ ဆေးရုံတင်ရပါတယ်။ ဆရာဝန်က ရေနဲ့ desensitizer တွေကို ပေးပါလိမ့်မယ်။ သွေးသွင်းခြင်း သို့ သွေးလဲခြင်းတွေလဲ လုပ်ရနိုင်ပါတယ်။ သွေးသွင်းဖို့ အတွက်ကိုတော့ သင့်ကို သွေးဟောင်းနှင့် သွေးသစ်လဲလှယ်ပေးတဲ့ စက်မှာ တပ်ဆင်ပါလိမ့်မယ်။

ဒီနည်းနဲ့ အဆင်မပြေလျှင် ဆရာဝန်က လိင်တံမှ သွေးတွေကို စုပ်ထုတ်ပါလိမ့်မယ်။

လိင်တံကြာရှည်စွာ ထောင်မတ်ခြင်းကို ကုသတဲ့ တခြားသတ်မှတ်ထားတဲ့ ကုသနည်းတွေတော့ မရှိပါဘူး။ လိင်စိတ်လျော့နည်းခြင်း ကို ကုဖို့အတွက် Vaccum Penile Pump သို့မဟုတ် traction device ကဲ့သို့ ကိရိယာ တွေ သုံးလာနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Priapism ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Priapism ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆီးကျန်ခြင်းကို ကာကွယ်ရန် ဆီးအိမ်တင်းတာနဲ့ အမြဲတမ်း ဆီးသွားပါ

• ရေဓါတ်ခမ်းခြောက်ခြင်းများ ရှောင်ကြဉ်ပါ။

• ကြာရှည်တဲ့ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download version.

Porter, Robert. Kaplan Justin. Homeier Barbara.The Merck manual home health handbook. New Jersey: John
Wiley & Sons, Inc, 2009. Print edition. Page 1470.Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download version.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement