backup og meta

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကဘာလဲ။

အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဆိုသည်မှ လိင်တံအရေပြားမှကြပ်နေပြီး နောက်ကိုဆွဲမရသည့်အခြေအနေကို ခေါ်ပါသည်။ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ ဆီးသွားသည့်အခါ၊ လိင်ဆက်ဆံသည့်အခါတွင် အနှောက်အယှက်ဖြစ်နိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေကို မြင့်မားစေပါသည်။

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါမှာ ထိပ်ဖြတ်မထားသူများတွင် အဖြစ်များသောရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ များသောအားဖြင့် နာကျင်မှုမရှိပါ။ သို့သော် ထိပ်အရေပြားကြပ်နေသောကြောင့် ဆီးသွားရာနှင့် လိင်ဆက်ဆံရာတွင် အခက်အခဲ ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိပ်ဖူးငုံခြင်းကြောင့် အတွင်းအသားပိုင်းများကို သန့်ရှင်းအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် အရေပြား၌ပိုးဝင်လွယ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကြောင့် ဆီးသွားရခက်ခြင်း သို့မဟုတ် လိင်ဆက်ဆံရခက်ခြင်းတို့ ဖြစ်လာလျှင် ဆရာဝန်နှင့် စစ်ဆေးပြီး အကြံဉာဏ်တောင်းခံသင့်ပါသည်။ ထို့အပြင် လိင်တံခေါင်း၌ နီခြင်း၊ နာခြင်း၊ ဖောင်းကြွခြင်း ဖြစ်လာပါက လိင်တံခေါင်းရောင်ခြင်းကြောင့်ဖြစ်ပြီး ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။

အကြောင်းရင်းများ

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့် အသက် ၃ နှစ်မှ ၄ နှစ်အတွင်းတွင် လိင်တံအရေပြားမှာ နောက်သို့ဆွဲရနိုင်ပါသည်။ သို့သော် တစ်ချို့ကလေးများတွင်တော့ ပြုလုပ်မရနိုင်ပဲ ထိပ်ဖူးငုံခြင်းဖြစ်သွားနိုင်ပါသည်။

  • အရေပြားထိပ်ပေါက်မှ လိင်တံခေါင်း ထွက်လာနိုင်အောင်ထိ မကျယ်ခြင်း
  • ပိုးဝင်ခြင်းကြောင့် လိင်တံခေါင်းတွင် အမာရွတ်ဖြစ်သွားခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ထိပ်မဖြတ်ထားခြင်း
  • ဆီးချို
  • ကလေးများတွင် Diaper ပူ ခဏခဏလောင်ခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်း
  • အသက်ငယ်ခြင်း

အန္တရာယ်ရှိသည့်အချက်များ သင့်တွင်မရှိရုံနှင့် မဖြစ်နိုင်ဟုမဆိုလိုပါ။ အထက်ပါလက္ခဏာများမှ မှီငြမ်းရန်အတွက်သာဖြစ်သည်။ အသေးစိတ်သိလိုပါက အထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်၊ လက္ခဏာများကိုမေးခြင်း၊ လိင်တံအားစစ်ဆေးခြင်းဖြင့် အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကို အတည်ပြုနိုင်ပါသည်။

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းသည် လက္ခဏာများကို မဖြစ်စေပါက အထူးသဖြင့် ကလေးများတွင် ကုသရန်မလိုတတ်ပါ။ သို့သော် ကလေးများ၌ ရောဂါလက္ခဏာမသက်သာလျှင် သို့မဟုတ် ဆီးသွားရ ဝမ်းသွားရခက်လာလျှင် hydrocortisone cream များကို လိမ်းပေးနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ထိပ်ဖူးငုံခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ကျန်းမားသော နေထိုင်မှုပုံစံကိုလိုက်နာပါ။ လေ့ကျင့်ခန်းလုပ်ပြီး အန္တရာယ်ဖြစ်စေသည့် ဆေးလိပ်နှင့် အရက်များကိုရှောင်ပါ။ နှစ်ကိုယ်ကြားဆက်ဆံရေးတွင် ဖိစီးမှုများဖြစ်လာလျှင် နည်းလမ်းရှာပြီးဖြေရှင်းပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page1469.
Phimosis and paraphimosis http://www.drugs.com/health-guide/phimosis-and-paraphimosis.html. Accessed July 13, 2016.
Phimosis http://www.nhs.uk/conditions/phimosis/pages/introduction.aspx. Accessed July 13, 2016

ယခုပုံစံ

02/12/2019

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement