backup og meta

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု

သင့်ရဲ့ ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန် အတိုင်း လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ထင်မြင်မိ ပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံ ပြဿနာတွေကြောင့် မဟုတ်ပါဘူး။

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ကတော့

၁။ ဆီးသွားပြီးချိန်မှာ ဆီး တစက်တစက် ကျတတ်ခြင်းဟာ ယောက်ျားတန်ဆာကွင်း ချို့ယွင်းလို့လား

ဒီကိစ္စဟာ သိပ်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဆီးအိမ်ကနေ တန်ဆာထိပ်ကို သွားတဲ့ ဆီးပြွန်ဟာ ဂငယ်ပုံစံ အောက်ကို အနည်းငယ် ကွေးနေပါတယ်။ ဒါကြောင့် ဆီးသွားပြီးချိန်မှာ တစက်နှစ်စက် ကျခြင်းဟာ ကြုံရတတ်ပါတယ်။ ဘောင်းဘီဇစ် ဆွဲပြီးချိန်မှာတောင် မြေဆွဲအားကြောင့် ထွက်ကျတတ် ပါတယ်။

၂။ သုက်လွှတ်ပြီးချိန်မှာတောင် ဘာကြောင့် သုတ်ရည်ကြည်တွေ ထွက်လာတတ်သေးတာလဲ

သုက်ရည်ကြည်ဟာလည်း ပြွန်အကွေး တလျှောက် ထွက်လာရတဲ့ အပြင် အနည်းငယ် စေးပျစ်မှု ရှိပါတယ်။ ဒါကြောင့် သုက်လွှတ်ပြီးချိန်မှာတောင် သုက်ရည် အနည်းငယ်ထွက်ကျနေတတ်ခြင်း ဖြစ်ပါတယ်။

၃။ ယောက်ျားတန်ဆာဟာ စိုစွတ်နေချိန်မှာ ဘာကြောင့် ရှုံ့နေတတ်သလဲ

ရေထက်စာရင် အေးမြတဲ့ လေနဲ့ ထိတွေ့လို့ ရှုံ့သွားရခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အပြင်ပိုင်းမှာ တွဲကျနေတဲ့ ကပ္ပါယ်အိတ်ဟာ ပုံမှန်လုပ်ဆောင်နိုင်ဖို့ တိကျတဲ့ အပူချိန် လိုအပ်ပါတယ်။ ဒါကြောင့်မို့ အေးတဲ့ အချိန်မှာ ကိုယ်ခန္ဓါနဲ့ နီးအောင် ကပ်သွားပြီး ပူတဲ့အချိန်မှာ တွဲကျနေခြင်း ဖြစ်ပါတယ်။

၄။ မနက်စောစောမှာ ဘာကြောင့် တင်းမာနေတတ်လဲ

မနက်ပိုင်းမှာ ကျားဟော်မုန်း ပမာဏဟာ ထိပ်ဆုံး ရောက်နေတဲ့ အတွက် တင်းမာနေရခြင်း ဖြစ်ပါတယ်။ နိုးထနေချိန်မဟုတ်ရင်တောင် ကိုယ်ခန္ဓါကနေ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ဖို့ တင်းမာနေတတ် ပါတယ်။

၅။ ယောက်ျား တချို့ဟာ ဘာကြောင့် အိပ်နေစဉ် သုက်လွှတ်တတ်ကြသလဲ

အိပ်နေစဉ် သုက်လွှတ်ခြင်းဟာ အိပ်နေစဉ်မှာ ကျားဟော်မုန်းပမာဏ မြင့်တက်လာခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ခါစလူငယ်တွေမှာ ကျားဟော်မုန်းပမာဏဟာ မြင့်တက်နေတာမို့ သက်ကြီးပိုင်းများထက်စာရင် အိပ်နေစဉ် သုက်လွှတ်ခြင်း ပိုဖြစ်တတ်ပါတယ်။

၆။ တခါတရံမှာ ဆီးသွားတဲ့လမ်းကြောင်း ဘာကြောင့် ပြောင်းသွားတတ်လဲ

အဲဒီလိုဆီးထွက်တဲ့လမ်းကြောင်း ပြောင်းသွားခြင်းဟာ လိင်ဆက်ဆံခြင်း၊ အာသာဖြေခြင်း၊ အိပ်ရာထဲသုတ်လွှတ်ခြင်း စတာတွေ ဖြစ်ပေါ်ပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလမ်းကြောင်းပြောင်းခြင်းဟာ အချိန်အနည်းငယ်နဲ့ ပျောက်မသွားဘူးဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတခုခုကြောင့် အရေပြားအမာရွတ်ကျန်နေလို့ ဖြစ်နိုင်ပါတယ်။

၇။ ယောက်ျားတချို့ရဲ့ တန်ဆာဟာ တင်းမာလာချိန်မှာ ဘာကြောင့် အလွန်ကြီးမားပြီး တချို့ဟာ ဘာလို့သေးသလဲ

ဒါဟာ ပြဿနာမဟုတ်ပါဘူး။ မျိုးရိုးဗီဇကြောင့်ပဲ ဖြစ်ပါတယ်။

၈။ သင်ဘာစားစားသောက်သောက် ဆီးဟာ ဘာကြောင့်ဝါနေတတ်လဲ

ဆီးမှာ urobilin လို့ခေါ်တဲ့ ဓါတုပစ္စည်းတမျိုး ပါဝင်ပြီး သူ့ကြောင့် ဆီးအရောင်ဝါနေရခြင်း ဖြစ်ပါတယ်။

၉။ လိင်ဆက်ဆံချိန်မှာ ဘာကြောင့် တင်းမာမှု ရပ်တန့်သွားတတ်သလဲ

စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ပြန်ပြီး ထောင်မတ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒီကိစ္စတွေဟာ ကြီးမားတဲ့ပြသနာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာအောင် ဆေးရုံဆေးခန်းမှာ စစ်ဆေးမှု ခံယူကြည့်ရင် ပိုကောင်းပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.menshealth.com/health/penis-mysteries Accessed January 28, 2017

http://thoughtcatalog.com/rachel-hodin/2013/10/17-mindblowing-facts-about-penises-that-will-make-you-rethink-everything/ Accessed January 28, 2017

Manhood Mysteries: 8 Weird Things Your Penis Does
http://www.tinzwei.com/2016/05/manhood-mysteries-8-weird-things-your.html#yCQfTCibdRbk3vjj.99

Accessed January 28, 2017

ယခုပုံစံ

11/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ