backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကဘာလဲ။

Varicocele ဆိုသည်မှာ ကပ်ပယ်အိတ် အတွင်း သွေးပြန် ကြောများ ဆန့်ကားခြင်း ဖြစ်သည်။ ခြေထောက်ရှိ သွေးပြန် ကြောများ ဖောင်းခြင်းနှင့် ဆင်တူ သည်။ ကပ်ပယ်အိတ် ဆိုသည်မှာ လိင်တံအောက်ရှိ အရေ ပြားအိတ်တစ်ခုဖြစ်ပြီး ဝှေးစေ့များ ပါဝင်သည်။ ကပ်ပယ်အိတ် သည် ညာဖက်နှင့် ဘယ်ဖက်ဟူ၍ နှစ်ဖက်ရှိပါသည်။ သွေးပြန်ကြောများသည် ဆဲလ်များနှင့်တစ်ရှူးများမှ သွေးများကို နှလုံးသို့ သယ်ဆောင် ပေးသည်။ နှလုံးတွင် သွေးဆဲလ်များ သည် အောက်စီဂျင်ကို ရရှိသည်။ Varicocele သည် တစ်ဖက်ထဲ သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။ ရောဂါသည် များသော အားဖြင့် ဘယ်ဖက်တွင် ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ဆိုသော် သွေးပြန်ကြောများ သည် ညာဖက်တွင် ဖိအား ပိုများစွာ ရှိသောကြောင့်ဖြစ်သည်။ Varicocele သည် ကပ်ပယ်အိတ် ဆန့်ကားခြင်း ကိုဖြစ်စေသည်။

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

Varicocele သည် ဆယ်ကျော်သက်များနှင့် အသက်ကြီး သူများတွင် အဖြစ်များသည်။ ကလေးဘဝအတွင်း ဖြစ်ပေါ် လာခြင်းလည်း ဖြစ်နိုင်သည်။ ရောဂါသည် နေ့စဉ်လှုပ်ရှားမှု များကို မထိခိုက်စေသော်လည်း မျိုးမအောင်ခြင်းကို ဖြစ်စေ နိုင်သည်။ အမျိုးသားများတွင် Varicocele ကြောင့် မျိုးမ အောင်ခြင်းမှာ ၄၀ ရာခိုင်နှုန်းအထိ ရှိသည်။

လက္ခဏာများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Varicocele သည် ရောဂါလက္ခဏာများ သတိပြုမိရန် ခက်ခဲတတ်ပါသည်။ များသောအားဖြင့် လူနာသည် ဆရာဝန် က ကပ်ပယ်အိတ်ကို စမ်းသပ်မကြည့်မချင်း ရောဂါ ရှိသည်ဟု မသိရှိပါ။ တစ်ခါတစ်ရံလူနာသည် ကပ်ပယ်အိတ် ကြီးသည် ကို တွေ့သော်လည်း နာကျင်ခြင်း၊ လေးလံသကဲ့သို့ ခံစားရ ခြင်း၊ ကပ်ပယ်အိတ်တွင် တငွေ့ငွေ့နာခြင်းတို့ကို မဖြစ်စေပါ။ Varicocele သည် ဖိအားကြောင့် ဝှေးစေ့ လုပ်ငန်းကျခြင်း ကို ဖြစ်စေသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Varicocele သည် ဆရာဝန်နှင့် တွေ့ဆုံကာ ကုသရန် လိုအပ်လောက်သော ပြင်းထန်သော လက္ခဏာများ မရှိပါ။ သို့သော်လည်း နာကျင်ခြင်း၊ ကပ်ပယ်အိတ်ရောင်ခြင်း၊ လိင် တံအရွယ်အစား ပုံမှန်မဟုတ်ခြင်းတို့ဖြစ်ပါက သို့မဟုတ် သင့် ကလေးတွင် Varicocele ရှိသည်ဟု ထင်ပါက ဆရာဝန် နှင့် တွေ့ဆုံကာ ဆွေးနွေးတိုင်ပင်သင့်သည်။ သင့်တွင် အထက် ဖော်ပြပါ လက္ခဏာများ ရှိနေသော်လည်း Varicocele မဟုတ် ဘဲ ဖြစ်နိုင်သည်။ တူညီသော လက္ခဏာရှိသော ပို၍ ဆိုးရွား သော ရောဂါ ဖြစ်နိုင်သည်။

အကြောင်းရင်းများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

သွေးပြန်ကြောများတွင် သွေးများကို ပိုကြီးသော သွေးပြန် ကြောများတွင်းသို့ ဦးတည်ချက်တစ်ခုအတိုင်း တွန်းထုတ် ပေးသော တစ်လမ်းသွား အဆို့ရှင်များ ပါဝင်သည်။ ဝှေးစေ့ရှိ သွေးပြန်ကြော အတွင်း အဆို့ရှင်များနှင့် ကပ်ပယ်အိတ်သည် ကောင်းစွာ အလုပ်မလုပ်ပါက သွေးများစုပြုံပြီး ရောင်လာပါ လိမ့်မည်။ ရလဒ်အနေဖြင့် Varicocele ဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာVaricocele ဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

ဤရောဂါဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိသည်။ ဥပမာ-

လက်ရှိတွင် ပညာရှင်များသည် Varicocele ဖြစ်နိုင်ချေကို မြင့်စေသော အချက်များကို ရှာဖွေ မတွေ့ရှိသေးပါ။ သို့သော် လည်း သုတေသနပညာရှင် အချို့က Varicocele ဖြစ်နိုင်ချေ သည် အရပ်နှင့် ကိုယ်အလေးချိန်အပေါ် မူတည်သည်ဟု ပြောကြပါသည်။ အရပ်မြင့်လေ Varicocele ဖြစ်နိုင်ချေ မြင့်သည်။ ထူးဆန်းသည်မှာ အဝလွန်ခြင်းသည် Varicocele ဖြစ်နိုင်ချေကို လျော့ကျစေခြင်းဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ကပ်ပယ်အိတ်ကို စမ်းသပ်ခြင်းဖြင့် ရောဂါ အဖြေရှာနိုင်သည်။ ရောဂါအဖြေရှာမှုသည် မရှင်းလင်းပါက ဆရာဝန်သည် ကပ်ပယ်အိတ်တွင်းရှိ သွေးကြောများ ပုံရိပ်ကို ရယူရန် ultrasound ရိုက်နိုင်ပါသည်။ ထိုသို့ရိုက်ခြင်း သည် Varicocele ကြောင့် မဟုတ်သော ကပ်ပယ်အိတ်ရောင်ခြင်း များမှ ခွဲခြားသိရှိနိုင်သည်။

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကို ဘယ်လိုကုသပါသလဲ

နာကျင်ခြင်း သို့မဟုတ် ဝှေးစေ့တုန်ခြင်း၊ မျိုးမအောင်ခြင်း စသော လက္ခဏာများ မရှိပါက ကုသမှုခံယူရန် မလိုအပ်ပါ။ လိုအပ်ပါက အသေးစား ခွဲစိတ်မှုပြုလုပ်နိုင်သည်။ သွေးကြော များကို သွေးစီးကြောင်းမှ ဖယ်ရှားပြီး အခြား ပတ်လမ်း ကြောင်းနှင့် တွဲသည်။ vascular resection surgery သည် အသေးစားခွဲစိတ်မှုဖြစ်ပြီး ၁-၇ရက် အနားယူရန် လိုသည်။ မသက်မသာ ဖြစ်ခြင်းနှင့် အညိုမဲစွဲခြင်းကို ဖြစ်စေနိုင်သည်။ သို့သော်လည်း ခွဲစိတ်မှုအပြီး ခန့်မှန်းခြေအားဖြင့် လူနာများ၏ ၁၅ရာခိုင်နှုန်းသည် Varicocele ပြန်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါ က အခြားခွဲစိတ်မှု တစ်ဖန် ခံယူရန် လိုအပ်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Varicocele ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Varicocele ကို ထိန်းချုပ်နိုင်ပါသည်။

• Varicocele အကြီးစားရှိပါက အားကစားသမားများ တွင် အောက်ခံဘောင်းဘီဝတ်ပါ။

•နာကျင်ပါက acetaminophen ကဲ့သို့ အနာပျောက် ဆေးများ သောက်ပါ။

• အထက်တွင်ဖော်ပြထားသော လက္ခဏာများရှိပြီး ပိုဆိုးလာပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။

• မျိုးပွားခြင်းနှင့် ပတ်သက်၍ ပြဿနာများရှိပါက ဆရာဝန်အား အကြောင်းကြားပါ။

Varicocele ဖြစ်ပေါ်မှုကို တားမြစ်ရန် အောက်ပါတို့ကို မလုပ် ပါနှင့်။

 ကပ်ပယ်အိတ်တွင် နာခြင်း၊ ရောင်ခြင်းကို လျှစ်လျူ ရှိခြင်း

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement