backup og meta

လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။

မျိုးပွားအင်္ဂါသန့်ရှင်းရေးက အမျိုးသမီးတွေမှာပဲ အရေးကြီးတာ မဟုတ်ပါဘူး။ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေက မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ကြသလို အမျိုးသားတွေကလည်း လိင်တံနဲ့ ကပ္ပာယ်အိတ်ကို သန့်စင်ဖို့ လိုပါတယ်။ လိင်တံ သန့်ရှင်းရေး ကို အကျယ်တဝင့် မရေးကြတော့ ဘယ်လိုမျိုး သေချာ သန့်စင်ရမလဲဆိုတာ မသိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထင်ရာလုပ်ရင်း မရည်ရွယ်ဘဲ လိင်တံအရေပြားကို ထိခိုက်မိနိုင်ပါတယ်။

လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။

ဒါဆို လိင်တံ သန့်ရှင်းရေး ဘယ်လိုလုပ်ကြမလဲ။

အမျိုးသားတွေရဲ့ လိင်တံတို့ ကပ္ပာယ်အိတ်တို့ဆိုတာက သာမန်အရေပြားပါပဲ။ ဒါကြောင့် အမျိုးသမီးတွေလို သန့်စင်ဆေးရည်တွေ ဘာတွေ သုံးစရာမလိုပါဘူး။ ပုံမှန်အရေပြားကို သန့်ရှင်းရေး လုပ်သလိုလုပ်လို့ ရပါတယ်။

လိင်တံထိပ်အရေပြား ဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ ခုပြောမဲ့ နည်းအတိုင်း သန့်ရှင်း‌ရေး လုပ်လို့ ရပါတယ်။

  • လိင်တံကို တစ်ရက်တစ်ကြိမ်တော့ ဆေးပေးဖို့ လိုပါတယ်။ အလွယ်ဆုံးကတော့ ‌ရေချိုးရင်းနဲ့ ဆေးလိုက်တာပါ။
  • လိင်တံထိပ် အရေပြား ဖြတ်မထားဘူးဆိုရင် အရေပြားကို ဖြည်းဖြည်းချင်း အနောက်ကို ဆွဲလိုက်ပါ။
  • ပြီးရင် ရေနဲ့ ဆပ်ပြာကို သုံးပြီး အသာအယာ ဆေးလိုက်ပါ။
  • ဆပ်ပြာက ကိုယ်တိုက်ဆပ်ပြာလောက်ဆို ရပါပြီ။ ဆပ်ပြာအပြင်းစားတွေတော့ မသုံးရပါဘူး။
  • တစ်လက်စတည်း ကပ္ပာယ်အိတ်ကိုပါ ဆေးလို့ရပါတယ်။
  • လိင်တံအရေပြားအောက်မှာ ပုံမှန်ရှိတတ်တဲ့ smegmaလို့ခေါ်တဲ့ အကျိအချွဲတွေ ရှိတတ်ပါတယ်။ အဲ့တာကို ပြောင်အောင်ဆေးပါ။
  • ပြီးရင် ရေသေချာဆေးချပါ။
  • လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ လိင်တံအရေပြားအောက်က နေရာတွေကို ခြောက်အောင် သုတ်ပါ။
  • လိင်တံအရေပြားကို ပြန်ဆွဲချဖို့လည်း မမေ့ပါနဲ့။

ဒါပါပဲ။ လိင်တံ သန့်ရှင်းရေး လုပ်တာက အင်မတန်ရိုးရှင်းပါတယ်။ အမျိုးသမီးတွေလောက်လည်း ကရိကထမများတဲ့အတွက် ပုံမှန်သန့်ရှင်းရေး လုပ်လို့ ရပါတယ်။

လိင်တံသန့်ရှင်း‌ရေး လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

လိင်တံကို ပုံမှန်သန့်ရှင်း‌ရေး လုပ်တာက ဒီတိုင်း သန့်သွားတာတင် မဟုတ်ပါဘူး။ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဥပမာ

  • လိင်တံအရေပြားပြဿနာတွေ အဖြစ်နည်းသွားတာ
  • လိင်တံအရေပြား ပိုးဝင်တာတွေ နည်းသွားတာ
  • သန့်ရှင်းနေတာကြောင့် အိပ်ရာပေါ်မှာ ယုံကြည်မှုရှိတာ
  • လိင်တံ ဒါမှမဟုတ် ကပ္ပာယ်အိတ်မှာ ပုံမှန်မဟုတ်တာ တစ်ခုခုရှိရင် စောစောသိနိုင်ပါတယ်။

လိင်တံသန့်ရှင်းရေး လုပ်တဲ့အခါ ဘာတွေသတိထားရပါတယ်။

လိင်တံ သန့်ရှင်းရေး လုပ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေ လုပ်မိရင်တော့ လိင်တံကို ထိခိုက်နိုင်ပါတယ်။

  • လိင်တံကို သန့်အောင်၊ ဖြူအောင် ဆပ်ပြာအပြင်းစားတွေ သုံးတာ
  • လိင်တံကို ကုတ်ဖဲ့တာ၊ အားနဲ့ ပွတ်ပြီး ဆေးတာတွေ
  • လိင်တံအရေပြား ပြန်မအုပ်တာ (ကလေးငယ်လေးတွေမှာဆိုရင် လိင်တံထိပ်ပေါက် ကျဉ်းတဲ့အတွက် လိင်တံအရေပြား မဆွဲဘဲ သန့်ရှင်း‌ရေး လုပ်ပေးပါ။)

နောက်ပြီး လိင်တံကို မကိုင်ခင်မှာ လက်ဆေးပါ။ အထူးသဖြင့် ပူလောင်စေတတ်တဲ့ ငရုတ်သီး၊ ပရုပ်ဆီ၊ ဓာတုပစ္စည်းတွေ ကိုင်ထားရင် ပိုပြီးတောင် ဆေးသင့်ပါတယ်။

လိင်တံ သန့်ရှင်းရေး လုပ်ရင်း အဖြူရောင် အကျိအချွဲလေးတွေ ထွက်လာလို့

အဲ့တာကို smegma လို့ ခေါ်ပါတယ်။ အဲ့ဒီအကျိအချွဲလေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေ ပါဝင်ပါတယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အဲ့တာက သဘာဝပါ။ လိင်တံအတွက် ချောဆီဖြစ်ပြီး လိင်တံကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြူဆင်းတာနဲ့ အလားတူပါတယ်။ အနံ့တစ်မျိုးရှိပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်ရင် ပြဿနာ မရှိပါဘူး။

တချို့အမျိုးသားတွေနဲ့ အဆီပြန်တဲ့သူတွေမှာတော့ ပိုပြီး များများထွက်တတ်ပါတယ်။ များများထွက်တော့ အနံ့လည်း ပိုပြင်းပါတယ်။ တစ်ခါတလေကျရင် ခဲနေတာကြောင့် အရေပြားကို နောက်ဆွဲဖို့တောင် ခက်တတ်ပါတယ်။ ဒါကြောင့် လိင်တံသန့်ရှင်းရေး လုပ်တဲ့အခါ အဲ့သည် အကျိအချွဲတွေကို သေချာသန့်ရှင်းရေး လုပ်ပါ။ ပမာဏများတယ်ဆို တစ်နေ့ ၂ခါလောက် သန့်ပေးပါ။

ဒီလိုလက္ခဏာတွေ တွေ့လာရင် ဆရာဝန်နဲ့ ပြသပါ။

လိင်တံသန့်ရှင်းရေး လုပ်တာက လိင်တံ ပုံမှန်စစ်ဆေးနေသလိုပါပဲ။ လိင်တံ သန့်ရှင်းရေး လုပ်ရင်းနဲ့

  • လိင်တံထိပ်က ‌နီရဲရောင်ရမ်းတာ
  • လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်တာ
  • လိင်တံအရေပြား ပြောင်းလဲမှု ရှိတာ
  • ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်တွေ စမ်းမိတာမျိုး ရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အကြံပြုချက်

အမျိုးသားတွေကလည်း အမျိုးသမီးတွေလိုပဲ လိင်တံသန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ လိင်တံသန့်ရှင်းရေး လုပ်တာက ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် ပုံမှန်မဟုတ်တဲ့ ရောဂါတွေကိုလည်း စောစောစီးစီးသိစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Penis care https://www.healthdirect.gov.au/penis-care#:~:text=Gently%20wash%20your%20penis%20each,much%20could%20irritate%20your%20penis. Accessed date Jun 9, 2023

How to clean your penis properly https://www.healthymale.org.au/news/how-to-clean-your-penis Accessed date Jun 9, 2023

‘How do I clean my penis?’ https://medicine.uq.edu.au/article/2019/12/%E2%80%98how-do-i-clean-my-penis%E2%80%99 Accessed date Jun 9, 2023

Risk Factors for Penile Cancer https://www.cancer.org/cancer/types/penile-cancer/causes-risks-prevention/risk-factors.html Accessed date Jun 9, 2023

Genital Skin Care https://shvic.org.au/for-you/genital-health/genital-skin-care Accessed date Jun 9, 2023

ယခုပုံစံ

18/12/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိသွားတဲ့အခါ ဘာလုပ်သင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/12/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ