backup og meta

ကျွန်တော့် ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ

ကျွန်တော့် ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင် ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတဲ့အခါ

ဒီလိုမျိုး ကြာဆူးလို အဖုတွေက ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။

တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။

  • သူ့မှာ တခြားရော ဘာလက္ခဏာတွေ ရှိနိုင်လဲ။

ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး တခြားလက္ခဏာမျိုးတွေတော့ မရှိပါဘူး။ များသောအားဖြင့် လူပျိုဖြစ်ကာစအရွယ်မှာ စပေါက်လာပြီးတော့ ကြီးလာတဲ့အထိ ဒီပုံစံအတိုင်းပဲ ရှိနေတတ်ပါတယ်။

အကယ်လို့ ပေါက်နေတဲ့ အရေပြားတစ်ဝိုက်က အမြဲလိုလို ယားယံနေတယ်၊ နေရထိုင်ရ ခက်စေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြကြည့်လိုက်တာ ပိုကောင်းပါတယ်။

  • ဘာကြောင့် ဖြစ်ရတာလဲ။

အကြောင်းအရင်းတိတိကျကျ ရှာဖွေနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဒါက ယားနာဖြစ်တာ၊ မသန့်ရှင်းတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ကူးစက်ခံရတာမျိုးလည်း မဟုတ်သလို တခြားသူကို ကူးစက်နိုင်တာမျိုးလည်း မရှိပါဘူး။

လက်ရှိ ၄၃ ရာခိုင်နှုန်းသော အမျိုးသားဦးရေမှာ ဒီလို လိင်တံထိပ်ပတ်လည် ကြာဆူးလို ပေါက်နေတတ်ပါတယ်။ လူပျိုဖြစ်ကာစအရွယ်မှာ ဖြစ်တတ်ပြီး လူမည်းတွေ၊ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေမှာ ပေါက်နိုင်ခြေ ပိုများပါတယ်။

  • ကုသဖို့ လိုအပ်လား။

ဒါဟာ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်တဲ့အတွက် စိုးရိမ်ဖို့လည်း မလိုသလို ကုသဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် ဒီလိုကြာဆူးတွေ ကိုယ့်လိင်အင်္ဂါပတ်လည်မှာ ရှိနေလို့ စိတ်ထဲမလုံသလို ရှက်သလိုဖြစ်နေတာ၊ အိမ်ထောင်ဖက်ရဲ့ တောင်းဆိုမှုကြောင့်ဆိုရင်တော့ ကုသလို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။

  • လေဆာဖြင့် အပူပေးပြီး ကြာဆူးတွေ ပေါက်နေတဲ့ အရေပြားဆဲလ်တွေကို ဖျက်စီးပစ်တဲ့ လေဆာကုထုံး
  • အေးစိမ့်လွန်းတဲ့ အပူချိန်ဖြင့် ကြာဆူးများကို အေးခဲအောင်ထားပြီး တစ်ရှူးဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ Cryosurgery
  • ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကြာဆူးများကို မှိန်စေခြင်း Radiosurgery စတဲ့နည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။

ဒီနည်းလမ်းတွေဟာ ကုသခံရသူအတွက် ဘေးဥပါဒ်ဖြစ်စေခြင်းမရှိသလို နောက်ဆက်တွဲဆိုးကျိုးတွေလည်း တော်တော်လေးနည်းပါတယ်။

ကုသမှု

ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတာက အန္တရာယ်မရှိတဲ့အတွက် ဒီတိုင်းထားလိုက်လို့ရပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလို့ ရပါတယ်။ ကြွက်နို့ သို့မဟုတ် မှိုယားနာပျောက် လိမ်းဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် ဝယ်လိမ်းတာမျိုး လုံးဝ မလုပ်ရပါဘူး။ အခန့်မသင့်ရင် အရေပြား ယားယံတာ၊ အမာရွတ် ထင်တာမျိုး ဖြစ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ကြာဆူးလို အဖုတွေဟာ လူပျိုဖြစ်စ အရွယ်မှာ ပေါက်တတ်ပြီး အသက်ကြီးလာတာ နဲ့အမျှ ကြီးထွားမှုရပ်တန့်သွားပါတယ်။ အဖုတွေကတော့ သူ့နေရာမှာ နဂိုအတိုင်း ကျန်ရစ်နေခဲ့မှာပါ။ လိင်ဆက်ဆံဖော် ကိုလည်း မကူးစက်စေနိုင် ပါဘူး။ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းတာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါမျိုးလည်း မဟုတ်တဲ့အတွက် သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pearly-penile-papules(July 29, 2019)

https://www.medicalnewstoday.com/articles/320277.php (July 29, 2019)

ယခုပုံစံ

12/12/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement