အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။