backup og meta

IBS အကြောင်းဘာတွေသိထားသင့်လဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    IBS အကြောင်းဘာတွေသိထားသင့်လဲ

    အများအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းကိုတော့ အားလုံးနီးပါးခံစားဖူးပါတယ်။ ဒါပေမယ့် နာကျင်ခြင်းတစ်ခုထဲမဟုတ်ဘဲ ရူးချင်လောက်အောင် စိတ်ညစ်စရာကောင်းတဲ့ တခြားသောလကဏာတွေရှိပါသေးတယ်။ တချို့အတွက်တော့ IBS လို့ခေါ်တဲ့ ဗိုက်မကောင်းခြင်းပြဿနာတစ်ခုကို နေ့တိုင်းကိုင်တွေဖြေရှင်းနေရတတ်တယ်။

    IBS ဆိုတာဘာလဲ

    IBS ဆိုတာ တွေ့ရလေ့ရှိတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်တယ်။ IBS မှာ များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်တယ်။

    IBS ဟာ လူငါးယောက်မှာတစ်ယောက်အနည်းဆုံး ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ နဲ့ ၃၀ အတွင်းဖြစ်တတ်ပြီး အမျိုးသမီးတွေမှာအမျိုးသားတွေထက် ၂ ဆပိုပြီးဖြစ်တတ်တယ်။

    IBS ဟာ အသက်အန္တရာယ်မထိခိုက်ပေမယ့် အချိန်ကြာ သေချာကိုင်တွယ်ရင်ဆိုင်ရမယ့် နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။

    လက္ခဏာတွေကလူတစ်ယောက်နဲ့တစ်ယောက်မတူဘဲ တချို့မှာပိုဆိုးတတ်တယ်။ ရက်အနည်းငယ်မှ လအနည်းငယ်ထိကြာတတ်ပြီး စိတ်ဖိစီးချိန် သို့ တစ်ခုခုစားမိတဲ့အခါ ပိုကြာတတ်ပါတယ်။

    အူများလှုပ်ရှားပြီးလျှင် တနည်း ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်ပြီး နာတာရှည်ဖြစ်တတ်တယ်ဆိုသော်လည်း သေချာထိန်းသိမ်းကိုင်တွယ်တတ်ပါက နှစ်အနည်းငယ်အကြာမှာ ပျောက်သွားတတ်ပါတယ်။ ။

    လက္ခဏာများ

    များသောအားဖြင့် ဗိုက်နာခြင်းနှင့် နောက်ဖေးသွားခြင်းအလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာမှုက များသောအားဖြင့် စားပြီးချိန်မှာပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးလျှင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ တခါတလေပျောက်ပြီးမှ ပြန်ပေါ်လာတာမျိုးလည်းရှိတတ်တယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့-

    · ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း

    · ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း

    · လေပွခြင်း၊ ဖောခြင်း

    · ဝမ်းမနိုင်ခြင်း

    · ဝမ်းကျန်သည်ခံစားရခြင်း

    · ဝမ်းသွားလျှင်ချွဲများပါခြင်း

    အများစုအတွက် IBS ဟာနာတာရှည်ဖြစ်ပြီး လက္ခဏာတွေပိုဆိုးလာတဲ့အချိန်ရှိတတ်သလို ပျောက်ကင်းသွားတဲ့အချိန်တွေလည်းရှိပါတယ်။

    အကြောင်းအရင်းများ

    IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူများလုပ်ဆောင်မှု၊ လှုံ့ဆော်မှုကိုလက်ခံမှုတွေမှာ မူမမှန်ဖြစ်ပြီး အစာချေခြင်းမှာပြဿနာရှိတယ်လို့ထင်ကြပါတယ်။ တချို့ကတော့ အူများလှုပ်ရှားမှုမှာ ဦးနှောက်စိတ်ပိုင်းဆိုင်ရာကဏ္ဍအနေနဲ့ပါနေတယ် လို့လည်းဆိုကြပါတယ်။ ဒါကြောင့် IBS ကို ဦနှောက်နဲ့ အူကြားမှ ရောဂါလို့ဆိုကြတယ်။ ဆိုလိုသည်က အူမှနာကျင်မှုကို ပိုခံစားလေလေ၊ ဦးနှောက်မှ ထိုနာကျင်မှုကိုဖြေရှင်းဖို့ အူကိုပိုလှုပ်ရှားစေလေလေဖြစ်တယ်။ အစာများ အူလမ်းကြောင်းကို မြန်မြန် သို့ နှေးနှေးဖြတ်သွားတဲ့ပေါ်မူတည်ပြီး ဝမ်းချုပ်တာလည်းဖြစ်နိုင်သလို၊ ဝမ်းသွားတာလည်းဖြစ်နိုင်ပါတယ်။

    ကုသမှု

    ကုသနည်းမရှိပါဘူး။ ဒါပေမယ့် လက္ခဏာတွေကိုတော့ စားသောက်မှု၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဥပမာ-

    · သင့်လက္ခဏာတွေဖြစ်လာစေတဲ့ စားစရာ၊ သောက်စရာတွေကိုသတိပြုထားပြီးရှောင်ကျဉ်ခြင်း

    · သင့်အစားအစာတွင်အမျှင်ဓါတ်တိုးစားခြင်း

    · ပုံမှန်လှုပ်ရှားမှုလုပ်ခြင်း

    · စိတ်ဖိစီးမှုလျှော့ချခြင်း

    တရားထိုင်ခြင်းဟာလည်း IBS ခံစားရသူများအတွက် လက္ခဏာများသက်သာစေနိုင်တယ်ဆိုပါတယ်။

    နေထိုင်မှုပုံစံများပြောင်းလဲခြင်းက IBS လက္ခဏာများကို လုံးဝမသက်သာစေပါက တရားထိုင်ခြင်းက အကူအညီဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သာမန်နဲ့ အလယ်အလတ်မျှသော လက္ခဏာရှိသူများအတွက်တော့ တခါတလေတရားထိုင်ခြင်းနဲ့တင်လုံလောက်ပါတယ်။

    · Antispasmodics [e.g., dicyclomine (Bentyl), hyoscyamine (Levsin)].

    · ဝမ်းပိတ်ဆေးများ [e.g., loperamide (Imodium), diphenoxylate (Lomotil)].

    · ဝမ်းပျော့ဆေးများ

    · စိတ်ပူပန်မှုလျော့ကျစေသောဆေးများ

    IBS ရှိသူများတွင် အနည်းမျှသောလူများမှာသာ လက္ခဏာပြင်းပြင်းထန်ထန်ရှိတတ်ပါတယ။် တချို့လူတွေက စားသောက်မှု၊ နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုများလျှော့ချပြောင်းလဲခြင်းဖြင့် လကဏာတွေကို ကိုင်တွယ်ဖြေရင်းကြပါတယ်။ တချို့လူတွေကတော့ ဆွေးနွေးခြင်းနဲ့ ဆေးဝါးများလိုအပ်ပါတယ်။

    လိုက်နာသင့်သောအချက်များ

    IBS ဟာမှန်းထားလို့မရပါဘူး။ လက္ခဏာမပြဘဲ လပေါင်းများစွာနေပြီးမှ ရုတ်တရတ်ကြီးပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ IBS မှာ သက်သာရာရနည်းက ထိုရောဂါဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးဆက်နွယ်နေတယ်ဆိုတာ သိထားဖို့ပဲဖြစ်တယ်။ အကောင်းဆုံးကုသမှုက နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြစ်တယ်။

    တချို့သောစားစရာတွေက လက္ခဏာတွေကို ပိုဆိုးစေတတ်တယ်ဆိုရင် ထိုအစာကိုရှောင်သင့်တယ်။ စားပြီးချိန်မှ ဗိုက်အောင့်၊ ဗိုက်နာတတ်ပါက အစားစားရာမှာ နည်းနည်းနဲ့ခဏခဏစားကြည့်သင့်ပါတယ်။

    IBS ရှိသူတွေဟာ အမျှင်ဓါတ်များများစားသင့်တယ။် အမျှင်ဓါတ်ဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်သလို ဝမ်းလျှောခြင်းကိုလည်းသက်သာစေနိုင်တယ်။ အစာကြေလွယ်တဲ့အမျှင်ဓါတ်ပါသောအစာတွေကတော့-

    · အုတ်ဂျုံနဲ့လုပ်ထားသောအစာများ

    · ငှက်ပျောသီး၊ ပန်းသီးကဲ့သို့ အသီးအနှံများ

    · မုန်လာဥနီ၊ အာလူးကဲ့သို့ အမြစ်စာများ

    · ပေါင်မုန့်

    · စီရီယယ်

    · အစေ့အစံများ

    အစားအစာတွေအပြင် စားသောက်မှုပုံစံပါ ပြောင်းလဲသင့်ပါတယ်။ IBS လက္ခဏာတွေသက်သာစေဖို့-

    · ပုံမှန်စားပါ၊ စားရာတွင်ဖြေးဖြေးစားပါ

    · အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့

    · တစ်ရက်အရည် အထူးသဖြင့်ရေ၊ လက်ဖက်ရည်ကြမ်း အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။

    · ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။ အများဆုံးတစ်ရက် ၃ ခွက်ပဲသောက်ပါ။

    · အယ်လ်ကိုဟော်၊ ဂတ်စ်ပါသောသောက်စရာများ လျှော့ပါ။

    · အစာကြေခက်သော ကဆီဓါတ်ပါသောစားစရာများ လျှော့ပါ။

    · လတ်ဆတ်သောအသီးအနှံကိုတစ်ရက်လျှင် သုံးအုပ်စုခန့်စားပါ။ တစ်အုပ်စုမှာ ပန်းသီး သို့ ဂရိတ်ဖရုသီးတစ်ဝက်ခန့်ဖြစ်တယ်။

    · ဝမ်းသွားလေ့ရှိပါက သကြားမပါသော သကြားလုံး၊ သောက်စရာများ၊့ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူများအတွက်ထုတ်ထားသော အစာများတွင်ပါတတ်သည့် ဖန်တီးထားသောအချို sorbitol ရှောင်ပါ။

    · လေပွတတ်ပါက အုတ်ဂျုံဖြင့်ပြုလုပ်ထားသော အစာများစားကြည့်ပါ။

    အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။

    IBS ဟာနာကျင်ရသလို စိတ်ကသိကအောက်လည်းဖြစ်ရပါတယ်။ လူအများစုဟာ စိတ်တို၊ စိတ်ဓါတ်ကျရပါတယ်။ ဒါကြောင့် ထိုရောဂါနဲ့ပတ်သတ်ပြီး နားလည်အောင်လေ့လာကာ သင့်လျောသောဆရာဝန်တစ်ယောက်နဲ့ ရင်းနှီးစွာတိုင်ပင်ပြီး သင့်ကိုယ်သင်လည်း စိတ်ဖိစီးမှုလျှော့ချရာမှာ သေချာပါဝင်လုပ်ဆောင်သင့်ပါတယ်။

    မိမိနေ့စဉ်ဘဝကိုထိခိုက်လာသည်အထိ စိတ်ဓါတ်ကျခြင်း၊ စိတ်ပူပန်ခြင်းတွေကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။ ထိုပြနာတွေဟာ ကုသမှုမပါဘဲ ကောင်းခဲပြီး ဆရာဝန်မှ စိတ်ဓါတ်ကျခြင်းအတွက်ဆေး၊ သို့ မိမိအပြုအမူဆိုင်ရာကုသမှု CBT ပေးပြီး IBS ကိုကိုင်တွယ်ဖြေရှင်းနိုင်အောင်ကူညီပေးပါလိမ့်မယ်။ သင့်လျော်တဲ့ ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုသမှုတွေနဲ့ IBS ရှိနေသည့်တိုင်အောင ်ပုံမှန်ဘဝကို တက်ကြွပြည့်ဝစွာနေနိုင်ပါလိမ့်မယ်။

    IBS ဟာသင့်ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုမဟုတ်ဘဲ ကင်ဆာဖြစ်ခြင်း၊ တခြားရောဂါများဖြစ်ခြင်းနဲ့လည်း မသက်ဆိုင်နေပါဘူး။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement