backup og meta

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ

အလှအပဆိုတာ ကျား၊ မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ နဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အရာများ ကတော့

(၁) နောက်ကျောအမွေးအမျှင်များ ပေါက်ခြင်း

သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊ လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။

လေဆာနည်းပညာကို အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်းဟာ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ထိရောက်မှုအာနိသင်က တစ်သက်တာလုံးအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် လေဆာနဲ့ အမွေးအမျှင်ရှင်းခြင်းဟာ ငွေကုန်ကြေးကျများစေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားနဲ့ရိတ်ခြင်း၊ ဖယောင်းရည် ဒါမှမဟုတ် ခရင်မ်အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်း (waxing) စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပြီး အာနိသင်ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာ ခံပါလိမ့်မယ်။

(၂) ဘီယာဗိုက်

နာမည်ကသာ ဘီယာဗိုက်လို့ ပေးထားပေမယ့် ဘီယာသောက်မှ ဗိုက်ပူတာတော့ မဟုတ်ပါဘူး။ အလှုပ်အရှားနည်းတာ၊ အဆီအဆိမ့်တွေ စားတာ၊ အထိုင်များတာ၊ ဝက်သားတုတ်ထိုးတွေ စားတာ အစရှိတဲ့ အချက်တွေကလည်း သင့်ဗိုက်ကို ပူလာစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုရင်ဆိုင်ရလေ့ရှိပြီး ဗိုက်ပူခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း ပိုလာစေပါတယ် (ခါးဆိုဒ်လေးဆယ်ကျော်ရင် ပိုဆိုးပါသတဲ့)။ ဒါပေမယ့် သင်အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းပြန်လုပ်ရင် ဗိုက်အဆီတွေက အရင်ဆုံးကျပါသတဲ့ (သတင်းကောင်းပေါ့လေ)။

(၃) ချွေးအလွန်အကျွံထွက်ခြင်း

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ချွေးထွက်ပိုများတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်နေကုန်လက်ကိုင်ပုဝါလေး ထုတ်ထုတ်ပြီး သုတ်နေရရင်တော့ ဒါဟာပုံမှန်မဟုတ်တော့ပါဘူး။ ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုကြောင့်ပဲဖြစ်ဖြစ်၊ အလကားနေရင်ပဲဖြစ်ဖြစ် ချွေးအလွန်အကျွံထွက်နေရင် ပြဿနာပါ။ ချိုင်းကြား၊ ခြေဖဝါး၊ လက်ဖဝါးတွေမှာ အဓိကထွက်လေ့ရှိပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

(၄) မျက်နှာတစ်ခုလုံး သို့မဟုတ် နှာခေါင်းတစ်ခုတည်း ကွက်ပြီး နီရဲနေခြင်း

နေပူထဲကနေ ပြန်လာတာ ဒါမှမဟုတ် အရက်သောက်ထားတဲ့သူတွေမှာ မျက်နှာနီရဲနေတာ မထူးဆန်းပါဘူး။ အသားဖြူသူတွေမှာ ပိုလို့တောင် သိသာပါသေးတယ်။ ဒါပေမယ့် သင်ဟာ အရက်လည်း မသောက်ပါဘဲနဲ့ မျက်နှာကြီးတစ်ခုလုံး နီရဲနေမယ် ဒါမှမဟုတ် နှာခေါင်းတစ်ခုတည်းကွက်နီနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါဟာ ရောဂါအခြေအနေတချို့ရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်လို့ပါ။

(၅) ထိပ်ပြောင်၊ ထိပ်ကွက်ခြင်း

ဒီပြဿနာဟာလည်း အမျိုးသားတွေကို အထူးသဖြင့် ထိခိုက်စေပါတယ်။ အသက် ၃၅ကျော်လာတာနဲ့အမျှ သင့်ဆံပင်တွေ တဖြည်းဖြည်းပါးလာပြီး ထိပ်ပြောင်စပြုလာပါပြီ။ ဒါမှမဟုတ် ဆံပင်ဘေးလိုင်းနှစ်ခုက ပိုပါးလာပါပြီ။ မျိုးရိုးရှိသူတွေမှာ ပိုလို့တောင် ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် သင်ဟာ ထိပ်ပြောင်ထိပ်ကွက်ခြင်းကို မလိုလားသူ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆိုရင်တော့ ဆံပင်တွေ စတင်ပါးလာပြီဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

(၆) ခန္ဓာကိုယ်အနံ့အသက်ဆိုးခြင်း

အားကစားလှုပ်ရှားမှုတွေ ပြုလုပ်ထားတဲ့အချိန်နဲ့ တစ်နေကုန် လှုပ်ရှားသွားလာထားချိန်တွေမှာ သင့်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး အနံ့အသက်တွေလည်း ဆိုးနေနိုင်ပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ ဒီလို အနံ့အသက်ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းက ချွေးတွေကြောင့် မဟုတ်ဘဲ ချွေးသံရဲရဲဖြစ်နေတဲ့ အရေပြားကို အသုံးချပြီး ပွားများကြီးထွားနေတဲ့ ဘက်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။

ရေပုံမှန်ချိုးပေးခြင်း၊ မပျော့လွန်းမပြင်းလွန်းတဲ့ ရေချိုးဆပ်ပြာကို ပုံမှန် အသုံးပြုပေးခြင်း၊ ချွေးနံ့ပျောက်ဆေးများ အသုံးပြုခြင်းစတာတွေနဲ့ အနံ့အသက်ဆိုးခြင်း၊ ဘက်တီးရီးယားပွားများခြင်းတို့ကို တိုက်ထုတ်နိုင်ပါတယ်။ ဒါ့ပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိစတဲ့ အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။

(၇) လိင်မှုရေးရာပြဿနာများ

ထုတ်မပြောကြပေမယ့် အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံဟာ ပန်းသေပန်းညှိုးခြင်း၊ သုက်လွှတ်မြန်ခြင်း အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဆီးချို၊ နှလုံး၊ အာရုံကြောဆိုင်ရာ ပြဿနာများ၊ ဆေးလိပ်သောက်ခြင်း၊ သွေးလည်ပတ်မှုဆိုင်ရာပြဿနာများ အပါအဝင် အချို့သော ဆေးတွေဟာ ဒီပြဿနာတွေရဲ့ ရေသောက်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပန်းသေပန်းညှိုးခြင်း၊ သုတ်လွှတ်မြန်ခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၉) ဆီးကျိတ်ကြီးခြင်း

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ပါးရေနားရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်းစတာတွေကို ရင်ဆိုင်ရမယ့်အပြင် ဆီးကျိတ်ကြီးခြင်းကိုလည်း ကြုံတွေ့ရဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒီလို ဆီးကျိတ်ကြီးခြင်းဟာ အသက်၇၅နဲ့အထက် အမျိုးသားတွေရဲ့ ထက်ဝက်လောက်မှာ ဖြစ်ပွားလေ့ရှိပါတယ်။

ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိမ်လည်တံအစွန်ကို ပိုမိုဖိညှစ်လာတာကြောင့် သင့်အနေနဲ့ ဆီးမကြာခဏသွားချင်လာပါတယ်။ ကံကောင်းတာက ဒီပြဿနာကို ကုသပေးနိုင်တဲ့၊ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများအပြား ရှိပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက ကြီးငယ်မဟူ အမျိုးသားတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ အချို့ပြဿနာတွေဟာ လူကြားသူကြားထဲမှာပဲဖြစ်ဖြစ်၊ မိမိလက်တွဲဖော်ချစ်သူနဲ့ အတူရှိနေချိန်မှာပဲဖြစ်ဖြစ် စိတ်မလုံခြုံမှုကို ဖြစ်စေတာမို့ ကြိုတင်ကာကွယ်သင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

11/01/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူအများစုမသိသေးကြတဲ့ အမျိုးသမီး လိင်အင်္ဂါ အစေ့ (Clitoris) ရဲ့ လုပ်ဆောင်ချက်

အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement