backup og meta

မျှဝေပါ။

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

မင်္ဂလာပါ

Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက် ပါဦးနော်။

တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်း တစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချ ယုံကြည်ရတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာ ပြုလုပ်ထားတဲ့ ကျန်းမာရေး စစ်ချက်တွေ အရတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် မိမိ ခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက် စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက် အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေ့စဉ် ဘဝမှာတော့ ပြဿနာ ရှိစေနိုင်ပါတယ် ။ ပုံမှန် အတိုင်းပဲ ဆိုရင်တော့ အာသာဖြေခြင်းက စိတ်နှစ်လိုဖွယ်ရာ ဖြစ်ပြီး ကျန်းမာရေး နဲ့ ညီညွတ်စေတဲ့ အမူအကျင့် တစ်ခု ဖြစ်ပါတယ် ။

အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှု မဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါ‌တလေ မှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်း ရှိနိုင်ပါတယ် ။ ဒါက ယဉ်ကျေးမှု ၊ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မသန့်ဘူး ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စိတ်မသက်သာရင်တော့ စိတ်ချ ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ အကြံပြုချင်ပါတယ် ။

အာသာဖြေခြင်းကို စွဲလမ်းခြင်း

တချို့လူတွေမှာတော့ အာသာဖြေခြင်းကို အရမ်း စွဲလမ်းတတ်ပါတယ် ။ အာသာဖြေခြင်း တစ်ခုတည်း သီးသန့်အတွက်နဲ့

  • နေ့စဉ်ပြုလုပ်ရမယ့် အလုပ်များ လစ်ဟင်းခြင်း
  • အလုပ် နှင့် ကျောင်းပျက်ခြင်း
  • အရေးကြီး ကိစ္စများ ဖျက်ခြင်း
  • မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်မပေးနိုင်တော့ရင်တော့ အာသာဖြေခြင်းကို စွဲလမ်းလွန်နေပြီလို့ ပြောနိုင်ပါတယ် ။

ဒါဆိုရင်တော့ ဆရာဝန် တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ် ။ အမူအကျင့် ပြောင်းလဲခြင်းအနေနဲ့

အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေကတော့

  • စိတ်သောကများ ဖြေလျှော့ခြင်း
  • အိပ်ပျော် စေခြင်း
  • လန်းဆန်း ပျော်ရွှင် စေခြင်း
  • အပန်းပြေခြင်း
  • ကြွက်သားများ လျှော့ခြင်း
  • အမျိုးသားများ အတွက် ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်စေခြင်း
  • သင့် လိင်စိတ်ကို အန္တရာယ်ကင်းကင်း နှင့် လျှော့ချနိုင်ခြင်း
  • လိင်ဆက်ဆံမှု ပိုမို ကောင်းမွန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ အသေအချာ ပါပဲ ။

ဒါ့ကြောင့် အာသာဖြေခြင်းကို တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်း မိမိ ကောင်းကျိုးအတွက် ဉာဏ်ရှိသလို အသုံးချပါလို့ ပြောရင်း နိဂုံး ချုပ်ပါတယ် ခင်ဗျား။

ရေးသားသူ – Dr.Aung Kyaw Myint

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

15/03/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/03/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement