မင်္ဂလာပါ
မင်္ဂလာပါ

Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။
တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက် ပါဦးနော်။
တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်း တစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချ ယုံကြည်ရတဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာ ပြုလုပ်ထားတဲ့ ကျန်းမာရေး စစ်ချက်တွေ အရတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် မိမိ ခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက် စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက် အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေ့စဉ် ဘဝမှာတော့ ပြဿနာ ရှိစေနိုင်ပါတယ် ။ ပုံမှန် အတိုင်းပဲ ဆိုရင်တော့ အာသာဖြေခြင်းက စိတ်နှစ်လိုဖွယ်ရာ ဖြစ်ပြီး ကျန်းမာရေး နဲ့ ညီညွတ်စေတဲ့ အမူအကျင့် တစ်ခု ဖြစ်ပါတယ် ။
အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှု မဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါတလေ မှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်း ရှိနိုင်ပါတယ် ။ ဒါက ယဉ်ကျေးမှု ၊ သို့မဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် ကိုယ့်ကိုယ်ကို စိတ်မသန့်ဘူး ဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို စိတ်မသက်သာရင်တော့ စိတ်ချ ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ အကြံပြုချင်ပါတယ် ။
တချို့လူတွေမှာတော့ အာသာဖြေခြင်းကို အရမ်း စွဲလမ်းတတ်ပါတယ် ။ အာသာဖြေခြင်း တစ်ခုတည်း သီးသန့်အတွက်နဲ့
ဒါဆိုရင်တော့ ဆရာဝန် တစ်ဦးတစ်ယောက်နဲ့ တိုင်ပင်သင့်ပါတယ် ။ အမူအကျင့် ပြောင်းလဲခြင်းအနေနဲ့
ဒါ့ကြောင့် အာသာဖြေခြင်းကို တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်း မိမိ ကောင်းကျိုးအတွက် ဉာဏ်ရှိသလို အသုံးချပါလို့ ပြောရင်း နိဂုံး ချုပ်ပါတယ် ခင်ဗျား။
ရေးသားသူ – Dr.Aung Kyaw Myint