ယောကျာ်းလေး တော်တော်များများ လက်မောင်း ကြွက်သား၊ ရင်အုပ် ကြွက်သားတွေ ထွက်လာတာကို သဘောကျ နှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေ ဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ကြတဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဆော့ဆော့ ကြွက်သားတွေ အမြန် ထွက်လာအောင် လုပ်လို့ ရမယ့် နည်းလမ်းတွေ ထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ …..
ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ
ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ ဆိုတော့
- ကြက်ဥ
ကြက်ဥ စားရင် အားရှိတယ် ဆိုတာ သိထားပြီး ဖြစ်မှာပါနော်။ ကြက်ဥ စားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေး အတွက်ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။
- အစေ့အဆန်
အစေ့အဆန်လေးတွေကလည်း ကြွက်သားတွေ မြန်မြန် ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁) အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ ပရိုတင်း၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ ကြွက်သားတွေ သန်မာတောင့်တင်းလာဖို့ အထောက်အကူပြုပါတယ်။
- ပရိုတင်း Shake
- ဆော်လမွန်ငါး
- အမဲသား
[embed-health-tool-bmi]