– ဝှေးစေ့ ကင်ဆာ ဖြစ်ခြင်း
– ဝှေးစေ့ လိမ်ခြင်း စတဲ့ အခြေအနေတွေမှာလည်း ဝှေးစေ့ အောင့်တတ် ပါသေးတယ်။ အရမ်းကျပ်တဲ့ဘောင်းဘီတွေ ဝတ်မိရင်လည်း ဝှေးစေ့ အောင့်တတ်တာကို သိထား သင့်ပါတယ်။
အမျိုးသားတွေ အတွက် ကံကောင်းတာ တစ်ခုက ဝှေးစေ့ သွေးတိုးတဲ့ ပြဿနာက အရမ်း မပြင်းထန်တတ် တာပါပဲ။ ကြီးကြီးကျယ်ကျယ် ကုသမှု ခံယူစရာလည်း မလိုအပ်ပါဘူး။ လိင်တံ နဲ့ ဝှေးစေ့ထဲမှာ စုနေတဲ့ သွေးတွေ လျော့သွား တာနဲ့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။
ဝှေးစေ့ သွေးတိုးတာကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံးပျောက်ကင်းအောင် လုပ်တဲ့ နည်းက ဆန္ဒပြီးမြောက်ချိန်မှာ သုက်လွှတ်လိုက်ဖို့ ပါပဲ။ ဒါဆို ဝှေးစေ့ နဲ့ လိင်တံထဲမှာ စုနေတဲ့ သွေးတွေ ပြန်လျော့သွားပြီးသွေးကြောတွေလည်း ပြန်ကျဉ်း သွားပါလိမ့်မယ်။ သုက်လွှတ်ပြီးတာ နဲ့ ဝှေးစေ့အောင့်တာ တဖြည်းဖြည်း သက်သာသွားတာ ခံစားရမှာပါ။
သုက်မလွှတ်ဘဲ ဝှေးစေ့ သွေးတိုးတာကို သက်သာအောင်လုပ်နိုင်တဲ့ တခြား နည်းတစ်ခု ကတော့ ဆန္ဒအထွတ်အထိပ် မရောက်အောင် လိင်စိတ်ကို ဖြေလျှော့လိုက်တာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။