backup og meta

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ)

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကဘာလဲ။

ကြက်ငှက် တုပ်ကွေးရောဂါဆိုတာ Avian flu လို့လည်း သိထားတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ငှက်မျိုးစိတ်တွေကြား မှာပျံ့နံ့တတ်ပြီး ကူးစက်တဲ့ငှက်ဟာ ဒီရောဂါနဲ့ သေဆုံးတတ်ပါတယ်။

အချို့ပိုးတွေဟာ ငှက်မှာပဲဖြစ်လေ့ရှိပြီး အချို့ ကတော့ လူနဲ့ တိရိစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။ သေဆုံးမှုလည်းများနိုင်ပါတယ်။ ဥပမာ H5N1နဲ့ H7N9 တို့ဖြစ်ပါတယ်။

ရောဂါရနေတဲ့ငှက်ကို လူမျက်စိနဲ့အကဲခတ် နိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်ဆိုတော့ ငှက်တွေဟာ ပိုးကူးခံရလို့ဖျားနာခြင်းမရှိပဲ ကျန်းမာနေပုံ ပေါက်နေနိုက်တာကြောင့် ဖြစ်ပါတယ်။

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ရောဂါဖြစ်နေတဲ့ငှက်ရဲ့ စွန့်ထုတ်ပစ္စည်းတွေကို ထိမိတဲ့လူတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ပါတယ်။ ကျားမ၊ အသက်အရွယ် မရွေး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ဖို့ အလားအလာရှိပါတယ်။ 1997 ခုနစ်က ပထမဆုံးလူမှာ စဖြစ်တဲ့ အချိန်က ကူးစက်ခံရသူ ၆၀ရာခိုင်နှုန်းကို သေဆုံးစေခဲ့ပါတယ်။

လက္ခဏာများ

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာများ သင့်မှာရှိနေရင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေရှိတာမို့ သမားတော်နဲ့ ကုသမှုခံသမှုခံယူပါ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့-

  • ချောင်းဆိုးခြင်း
  • ဝမ်းလျောခြင်း
  • အသက်ရှူ ရခက်ခဲခြင်း
  • ကိုယ်ပူချိန်မြင့်တက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနာကျင်ခြင်း
  • နေထိုင် မကောင်းခြင်း
  • နှာရည်ယိုခြင်း
  • လည်ချောင်း နာခြင်းတို့ဖြစ်ပါတယ်။

စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ အကယ်၍ သင့်မှာ ရောဂါလက္ခဏာ တစ်စုံတစ်ခု ခံစားနေရတယ်လို့ သံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင် ဆရာဝန်နှင့် ပြသင့်ပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေက ရိုးရိုးတုပ်ကွေးနဲ့ တူညီနေတဲ့အတွက် နားလည်မှု လွဲတတ်ပြီး ကုသဖို့ အချိန်ကောင်းကို လွတ်သွားတတ်ပါတယ်။

အကြောင်းရင်းများ

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ကြက်ငှက်တုပ်ကွေးရောဂါက ငှက်တွေနေတဲ့ ရေအိုင်လေးတွေကနေ လူတွေဆီကို ရောက်သွားနိုင်ပါတယ်။ ငှက်တွေရဲ့ဆီး၊ဝမ်း၊ နှာရည်နဲ့ မျက်စိကထွက်တဲ့ အရည်တွေနဲ့ ထိမိတဲ့ လူတွေကို ကူးစက်တတ်ပါတယ်။ ကျက်အောင်ချက်ထားတဲ့ ကြက်သား၊ ငှက်သား နဲ့ ဥတွေဟာ ရောဂါမဖြစ်စေတတ်ပေမဲ့ ဥကို အစိမ်းစားတာမျိုး မလုပ်သင့်ပါဘူး။

အသားကို ၈၀ ကနေ ၉၀ ဒီဂရီ ထိ ချက်ပြုတ်ခြင်းက ပိုပြီးစိတ်ချရပါတယ်။ ပိုအန္တရာယ်ကင်းအောင် စမ်းသပ်ပြီးသား အသားနှင့် ဥများကို စားသုံးတာ ပိုကောင်းပါတယ်။ H5N1 ဗိုင်းရပ်စ် ကအချိန်တော်တော်ကြာအောင် အသက်ရှင်နိုင်ပြီး ကူးစက်ခံရတဲ့ ငှက်တွေကြက်တွေကလည်း ၁၀ရက်အထိ ဝမ်းနဲ့နှာရည်တွေကနေ ပိုးကို ပျံ့နှံ့စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • ကြက်၊ ငှက် ခြံတွင် လုပ်ငန်းများလုပ်ကိုင်ခြင်း
  • ဖြစ်ပွားတဲ့နေရာတွေကနေပြန်လာခြင်း
  • ကူးစက်ခံရတဲ့ငှက်တွေကိုထိကိုင်ခြင်း
  • ကောင်းကောင်း မချက်ထားတဲ့ အသား နှင့် ဥများကို စားသောက်ခြင်း
  • ရောဂါသည် နှင့်အတူနေထိုင်ခြင်း၊ ပြုစုခြင်း စတာတွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကြက်ငှက် တုပ်ကွေးရောဂါကို စမ်းသပ်နည်းများကတော့ influenza A/H5 virus real-time RT-PCR primer နဲ့ probe set တို့ပဲဖြစ်ပါတယ်။ ပါဝင်တဲ့အဆင့်တွေကတော့-

• နားကြပ်နှင့် အသက်ရှူ သံမှန်မမှန် နားထောင်ခြင်း

• သွေးဖြူဥ စစ်ဆေးခြင်း

• နှာခေါင်းနှင့် လေပြွန်မှတစ်ဆင့် ဗိုင်းရပ်စ် ပိုးမွေးစစ်ဆေးခြင်း

• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါတယ်။

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာပြပြီး ၄၈ နာရီအတွင်းမှာ ကုသမှုခံယူတာ အကောင်းဆုံးပါ။ မျိုးကွဲများရှိသောကြောင့် သင်ခံစားနေရသော လက္ခဏာပေါ်မူတည်ပြီး ရောဂါကုသမှု ကွဲပြားနိုင်ပါတယ်။

အသုံးများတဲ့ ကုသနည်းတွေကတော့ oseltamivir (Tamiflu) (သို့) zanamivir (Relenza) တွေပဲ ဖြစ်ပါတယ်။

သင့်မိသားစုလည်း ရောဂါလက္ခဏာ မပြသည့်တိုင်အောင် ဆေးသောက်ရပါမယ်။ အခြားသူများကို မကူးစက်စေရန် သင့်ကိုလည်း လူတွေနဲ့ ထိတွေ့မှုမရှိအောင်ခွဲထားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Frequently Asked Questions About Bird Flu http://www.webmd.com/cold-and-flu/what-know-about-bird-flu. Accessed July 20, 2016.

Bird Flu http://www.healthline.com/health/avian-influenza#Overview1. Accessed July 20, 2016.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement