backup og meta

Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

COVID-19ကာလမှာ လူတော်တော်များများက Mask တွေ တပ်လာကြပါပြီ။ တစ်ခါသုံးmaskတွေရော၊ အဝတ်maskတွေရော စုံလို့ပါပဲ။ ဒီကြားထဲမှာ တစ်ခါသုံး လက်အိတ်စွပ်တဲ့သူတွေကိုလည်း တွေ့ရပါသေးတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်တာမို့လို့ ပြောစရာမရှိပေမယ့် သုံးပြီးတဲ့ ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာတော့ ပြောစရာရှိပါတယ်။

အရင်က အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်ရင် ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုရုံလောက်ပဲ ဆိုပေမယ့် ခုလို maskတွေ လက်အိတ်တွေကို စနစ်တကျ မစွန့်ပစ်ဘူး ဆိုရင် အန္တရာယ်ရှိပါတယ်။ ဘယ်လိုအန္တရာယ်တွေလဲဆိုတာ ဆက်ကြည့်ရအောင်။

Mask တွေကို စနစ်တကျ မစွန့်ပစ်ဘူးဆိုရင်

Maskတွေကို သုံးပြီးရင် စနစ်တကျ ချွတ်တတ်၊ စွန့်ပစ်တတ်ရပါမယ်။ Maskတွေကို မချွတ်ခင်နဲ့ ချွတ်အပြီးမှာ လက်ဆေးရပါမယ်။ ဒါမှ လက်က ရောဂါပိုးတွေ မျက်နှာကို မရောက်မှာပါ။

နောက်ပြီး Maskကို လွှင့်ပစ်မယ်ဆိုရင် သေချာ အိတ်ထဲထည့် ပြီးမှ အမှိုက်ပုံးထဲကို ထည့်တာကောင်းပါတယ်။ Mount Elizabeth Novena Specialist Centre က ကူးစက်ရောဂါ ပညာရှင် Leong Hoe Namက maskကို မချွတ်ခင်မှာ လက်ဆေးပါ။ ပြီးရင် ချွတ်ပါ။ အတွင်းဘက်ကို ခေါက်ပါ။ ထပ်ပိုင်း ထပ်ခေါက်ပါ။ ပြီးရင် ဘေးက ကြိုးနဲ့ ပတ်ပါ။ အပြင်ကနေ တစ်ရှူးနဲ့ လိပ်ပြီး အမှိုက်ပုံးထဲကို သေချာထည့်ပါလို့ အသေးစိတ် ပြောပြထားပါတယ်။

Mask တွေကို ဒီတိုင်း လမ်းမှာ လွှင့်ပစ်ထားတာက ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။ ဒီmaskတွေမှာ သူများဆီက အညစ်အကြေးတွေရော၊ ကိုယ့်ဆီက ထွက်တဲ့ အမှုန်အမွှားတွေရော အများကြီး ကပ်နေနိုင်ပါတယ်။ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်က maskတွေမှာ ရက်ပိုင်းလောက်အထိ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စည်းကမ်းမဲ့ ပစ်ထားတဲ့ maskတွေကနေ ပိုးကူးနိုင်တယ်လို့ ပြောရတာပါ။

လက်အိတ်တွေကို စနစ်တကျ မစွန့်ပစ်ဘူးဆိုရင်

ဘယ်သူက ပြောလိုက်လည်း မသိပေမယ့် တော်တော်များများကတော့ အပြင်ထွက်တဲ့အခါ လက်အိတ်တွေ ဝတ်တာ တွေ့လာရပါတယ်။တကယ်တော့ လက်အိတ်တွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်လို့ အထောက်အထား မရှိပါဘူး။ သာမန်လူတွေအနေနဲ့ကတော့ အပြင်သွားလာရာမှာ လက်အိတ်မဝတ်လည်း ရပါတယ်။ ဒီအစား လက်ကိုသာ မကြာမကြာဆေးပေးပါ။

Alabama Department of Public Healthက ဆရာဝန် Dr. Karen Landersကတော့ သာမန်လူတွေအတွက် လက်အိတ်ဝတ်ဖို့ မလိုပါဘူး။ ဒါက သူတို့ကို လုံခြုံတယ်လို့ ခံစားစေရလို့သာ ဝတ်ကြတာပါ။ လက်အိတ်က နည်းမှန်လမ်းမှန် မချွတ်တတ်ရင်၊ သေချာမစွန့်ပစ်တတ်ရင် ရောဂါပိုးကူးဖို့ အခွင့်အရေး ပိုတောင်များပါသေးတယ်။ ခုနက maskတွေလိုပဲ ဗိုင်းရပ်စ်က လက်အိတ်မှာ ရက်ပိုင်းလောက်ထိ ရှိနေနိုင်တဲ့အတွက် စည်းကမ်းမဲ့ စွန့်ပစ်တာက အန္တရာယ်များပါတယ်။

သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတယ်။

Maskတွေ လက်အိတ်တွေဆိုတာ ပလတ်စတစ်တွေ၊ ရော်ဘာတွေနဲ့ လုပ်ထားတာပါ။ တချို့ဆိုရင် ဖျက်ဆီးဖို့ ခက်တဲ့ ပလတ်စတစ်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါတွေက ရေထဲကို ရောက်သွားရင် ရေနေသတ္တဝါတွေကို ဒုက္ခပေးမယ်။ ငှက်တွေ တခြားတိရိစ္ဆာန်တွေ မတော်တဆ စားမိရင် ဒုက္ခရောက်မယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမယ် စတဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အကြံပေးချင်တာက ဒီလိုကာလမှာ Maskတပ်တာကို အားပေးပါတယ်။ တပ်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုရော သူများကိုပါ ရောဂါမကူးအောင် ကာကွယ်တာပါ။ ပြီးရင်လည်း စနစ်တကျ စွန့်ပစ်ပါ။ ဒါမှ သူများကို ရောဂါမကူးမှာပါ။

လက်အိတ်စွပ်တာကိုတော့ သိပ်အားမပေးပါဘူး။ လက်အိတ်ကို ချွတ်တဲ့နေရာမှာ မချွတ်တတ်ရင် လက်အိတ်ကပိုးတွေ လက်ကို ရောက်ပြီး ကူးစက်နိုင်ပါတယ်။ လက်ဆေးဖို့ကိုသာ အကြံပြုလိုပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.scmp.com/week-asia/explained/article/3051429/wearing-face-mask-how-dispose-them-safely-and-can-they-be

https://newstodaynet.com/index.php/2020/03/31/environmentalist-lists-out-dangers-involved-in-improper-disposal-of-face-covers/

https://www.miamiherald.com/news/coronavirus/article241826596.html

 

ယခုပုံစံ

28/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

Covid-19 ကာလတွင်း မေမေတွေအတွက် ဈေးဝယ်အမှာစကား



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement