backup og meta

COVID-19က positiveပြနေပေမယ့် ၁၁ရက်ကျော်ရင် မကူးနိုင်တော့ဘူးဆိုတာ

COVID-19က positiveပြနေပေမယ့် ၁၁ရက်ကျော်ရင် မကူးနိုင်တော့ဘူးဆိုတာ

COVID-19 ပြည်တွင်းကူးစက်မှု စတင်ပြီး ရက်ပိုင်းလေးမှာပဲ ပိုးတွေ့လူနာက တစ်နေ့ တစ်နေ့ ရာဂဏန်းလောက် ထိုးတက်လာပါတယ်။ ရပ်ကွက်ထဲမှာလည်း ဆေးရုံကားတွေ ဝင်လာလိုက်၊ လာခေါ်သွားလိုက်၊ တော်ကြာနေ တိုက်ကို lock downလာချသွားလိုက်နဲ့ မြင်ရ တွေ့ရတာ စိတ်မချမ်းသားစရာပါ။

အဆိုးထဲက အကောင်းလို့ပြောရမလားပဲ။ လတ်တလောမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတင်းကောင်းလေးတစ်ခု ထွက်လာပါတယ်။ ဒါကတော့ ပိုးတွေ့ပြီး ၁၁ရက်နေရင် လူနာဆီကနေ သူများဆီကို ကူးနိုင်ခြေနည်းသွားတယ်ဆိုတာပါပဲ။

ဗိုင်းရပ်စ်ကူးနိုင် မကူးနိုင်ဆိုတာ

ဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်က ၂ရက်ကနေ ၂ပတ်အထိကြာတတ်ပါတယ်။ ပျမ်းမျှကတော့ ၅ရက်ပေါ့။ ၅ရက်မှာ ဗိုင်းရပ်စ်ပမာဏ များတာကြောင့် ကူးနိုင်ခြေ အမြင့်ဆုံးပါ။ ဒါကြောင့် ပိုးကူးခံရပြီး ပထမအပတ်မှာ ဗိုင်းရပ်စ်ပမာဏ အများဆုံးပါပဲ။ ပမာဏများတဲ့အတွက် သူများကိုလည်း ကူးနိုင်ပါတယ်။

သူများကို ကူးနိုင် မကူးနိုင်ဆိုတာက ဗိုင်းရပ်စ်ပမာဏ (ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပွားနေနိုင်သေးရင် ကူးနိုင်ပါတယ်။)၊ လူနာမှာ ဗိုင်းရပ်စ်ကူးနိုင်တဲ့ အပြုအမူ (ဥပမာ ချောင်းဆိုးတဲ့ လက္ခဏာ) ရှိသလား မရှိဘူးလားဆိုတာနဲ့ ဆိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဗိုင်းရပ်စ်ပိုးဝင်ပြီး ၅ရက်ကနေ ၁၀ရက်ဆို ပဋိဇီဝပစ္စည်း (Antibodies)တွေ ထွက်လာတာကြောင့် ဗိုင်းရပ်စ်ပမာဏက တဖြည်းဖြည်း ကျလာပါတယ်။ ဒါကြောင့် ၁၁ရက် နောက်ပိုင်းမှာ မကူးနိုင်တော့ဘူးလို့ပြောတာပါ။

မကူးနိုင်တော့ဘူးဆိုပေမယ့် အဲ့ဒီအချိန်မှာ ဗိုင်းရပ်စ်ကို ရှာရင် တွေ့နိုင်ပါသေးတယ်။ ဗိုင်းရပ်စ်ကို ၈ရက်ကနေ ၃၇ရက်ထိ တွေ့နိုင်ပါတယ်။ အများစုကတော့ ရက် ၂၀ပေါ့။ လက်ရှိလေ့လာချက်တွေအရတော့ ၃လလောက်ထိ တွေ့နိုင်တယ် ပြောပါတယ်။

ဒါကြောင့် အရင်က Quarantineဝင်ရင် ဆေးရုံမှာ ၃ပတ် အိမ်မှာ ၁ပတ် စုစုပေါင်း ၁လလောက်ကြာတာပါ။ ဗိုင်းရပ်စ်ကို တွေ့နေရသေးပေမယ့် ကူးနိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ Antibodiesတွေ ထွက်တာကြောင့် ဗိုင်းရပ်စ်က ဆက်မပွားနိုင်တော့ပါဘူး။

ဒါရဲ့ ရလဒ်က 

ဒီရှာဖွေတွေ့ရှိမှုရဲ့ အကျိုးရလဒ်ကတော့ လက်ရှိမှာ ပြည်တွင်းကူးစက်မှု များနေတဲ့အပေါ်မှာ အများကြီး အထောက်အကူပြုပါတယ်။ အရင်က ပိုးတွေ့လူနာကို ဆေးရုံက ဆင်းခိုင်းမယ်ဆိုရင် ၂၄နာရီ ခွာစစ်တဲ့ နှာခေါင်းတို့ဖတ် ၂ခေါက်လုံး negativeထွက်မှ ပေးဆင်းတာပါ။ ဒါကြောင့် တချို့တွေမှာ မလိုအပ်ဘဲ အချိန်တွေအကြာကြီး ဆေးရုံမှာနေရပါတယ်။ ဒီနေ့ negativeထွက်လိုက် နောက်နေ့ positiveထွက်လိုက် ပြန်စစ်လိုက်နဲ့ဆိုတော့ လူနာလည်း ပင်ပန်းပါတယ်။

နောက်တစ်ခုက တစ်နေ့ တစ်နေ့ လူနာရာဂဏန်းလောက်တွေ့နေပေမယ့် တကယ်တမ်း ဆေးရုံဆင်းရတဲ့ လူနာက ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ရေရှည်မှာ လူအင်အားအရရော၊ နေရာထိုင်ခင်းအရရော အခက်အခဲဖြစ်မှာပါ။

ဒါပေမယ့် ခုလေ့လာတွေ့ရှိအတိုင်းဆိုရင်တော့ ၁၁ရက်ကျော်ရင် နှာခေါင်းတို့ဖတ် positiveထွက်နေရင်တောင်မှ လူနာက သူများကို ကူးနိုင်ခြေမရှိသလောက်ပဲဆိုတော့ စိတ်ချ လက်ချ လူထုကြားထဲကို ပြန်လွှတ်လို့ရပါပြီ။

လက်ရှိဆေးရုံဆင်း သတ်မှတ်ချက်အသစ်

ဒီအချက်ပေါ်မူတည်ပြီး လက်ရှိမှာ လူနာကို ဘယ်အချိန်မှာ ဆေးရုံပေးဆင်းမလဲဆိုတဲ့ မူဝါဒအသစ်ထွက်လာပါတယ်။ ဒါက WHOရဲ့ သတ်မှတ်ချက်အတိုင်း လုပ်ထားတာပါ။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာတစ်ယောက် ဆေးရုံဆင်းဖို့ဆိုရင် (Version 3အရ Versionများသည် အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါသည်။)

  • ရောဂါလက္ခဏာရှိတဲ့ လူနာအုပ်စု 

သာမန် ဒါမှမဟုတ် အသင့်အတင့် ရောဂါလက္ခဏာရှိရင် (ကိုယ်ခံအားကျသူများမပါ)

-ရောဂါလက္ခဏာပြသည့်ရက်မှ ၁၀ရက်နဲ့ လက္ခဏာသက်သာလာပြီး ၄ရက် စုစုပေါင်း ၁၄ရက် နေရပါမယ်။ (WHOမှာတော့ သက်သာလာပြီး ၃ရက်ပါ။ ဒီမှာတော့ စိတ်ချရအောင် ၄ရက်ထားပါတယ်။)

-လက္ခဏာ သက်သာလာတယ်ဆိုတာက ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ ကိုဗစ်လက္ခဏာများ မရှိခြင်းကို ဆိုလိုပါတယ်။

-ဆေးရုံဆင်းပြီးသွားရင် အိမ်မှာ ၁ပတ် ကိုယ့်ဟာကိုယ် Quarantineဆက်ဝင်ရပါမယ်။

ပြင်းထန် ဒါမှမဟုတ် အသည်းအသန် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေတဲ့ လူနာများ

-ရောဂါလက္ခဏာပြသည့်ရက်မှ ၁၀ရက်နဲ့ လက္ခဏာသက်သာလာပြီး ၄ရက် စုစုပေါင်း ၁၄ရက် နေရပါမယ်။ သို့သော် အရေးကြီး လူနာများ ဖြစ်သည့်အတွက် နောက်ထပ် ၇ရက် ဆေးရုံမှာ စောင့်ကြည့်ပါမယ်။ စုစုပေါင်း ၂၁ရက်ပါ။

-လက္ခဏာ သက်သာလာတယ်ဆိုတာက ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ ကိုဗစ်လက္ခဏာများ မရှိခြင်းကို ဆိုလိုပါတယ်။

-ဆေးရုံဆင်းပြီးသွားရင် အိမ်မှာ ၁ပတ် ကိုယ့်ဟာကိုယ် Quarantineဆက်ဝင်ရပါမယ်။

  • ရောဂါလက္ခဏာ မရှိသူများ

-ရောဂါပိုးကို ဓာတ်ခွဲအတည်ပြုပြီးသည့်နေ့မှ ၁၄ရက် နေရပါမယ်။

-ဆေးရုံဆင်းပြီးသွားရင် အိမ်မှာ ၁ပတ် ကိုယ့်ဟာကိုယ် Quarantineဆက်ဝင်ရပါမယ်။

လက်ရှိအခြေအနေအရဆိုရင်တော့ အိမ်ကို ၁ပတ်လောက် စောစောပြန်ရတာပေါ့။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်လည်း ခဏခဏ အယူမခံရတော့ဘူးပေါ့။

ဒီလိုပြောင်းလဲလာတဲ့အတွက်

  • အရင်က လူနာက ရောဂါလက္ခဏာ သက်သာပေမယ့်လည်း နှာခေါင်းတို့ဖတ် စစ်ဆေးချက် negativeမဖြစ်မချင်း ဆေးရုံမှာနေရတဲ့အတွက် ကြာလာတော့စိတ်ထိခိုက်လာပါတယ်။
  • Testကို ကျယ်ကျယ်ပြန့်ပြန့် မစစ်နိုင်တဲ့ နိုင်ငံတွေဆို အများကြီး အခက်အခဲကြုံရပါတယ်။
  • စစ်နိုင်တဲ့နိုင်ငံတွေကျတော့လည်း လူနာတစ်ယောက်တည်းကို နှစ်ခါဆက်တိုက် negative မထွက်မချင်း စစ်နေရတဲ့အတွက် ဓာတ်ခွဲဌာနအနေနဲ့ အလုပ်ဝန်ပိပါတယ်။

အခုတွေ့ရှိချက်အတိုင်းဆိုရင် ဒီပြဿနာတွေ နည်းသွားမှာပါ။

ဒါပေမယ့်လည်း မပေါ့ကြပါနဲ့။

ဒီလိုဆိုပေမယ့်လည်း မပေါ့ကြပါနဲ့။ ကိုဗစ်က နေပြန်ကောင်းသွားရင်တောင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားရောင်တာ၊ ဦးနှောက်အာရုံကြောထိခိုက်တာ၊ အဆုတ်ပျက်စီးတာတွေ ဖြစ်တတ်လို့ တတ်နိုင်သမျှ မကူးအောင် နေပါ။ ဒါကြောင့် နည်းလမ်းဟောင်းတွေ ဖြစ်တဲ့

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mohs.gov.mm/Main/content/publication/2019-ncov

https://www.who.int/news-room/commentaries/detail/criteria-for-releasing-covid-19-patients-from-isolation

https://www.who.int/news-room/commentaries/detail/transmission-of-sars-cov-2-implications-for-infection-prevention-precautions#:~:text=The%20incubation%20period%20of%20COVID,to%20a%20confirmed%20case.

 

ယခုပုံစံ

03/12/2020

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်-၁၉ နဲ့ အသက်အန္တရာယ်

ကိုဗစ် ကြောက်တဲ့ အရာများ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement