backup og meta

COVID-19 အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါရှင် များ

COVID-19 အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါရှင် များ

COVID-19 အဆုတ်ရောင်ရောဂါ ကဒီတလောမှာ ခေတ်စားလာပြီး လူအများစိတ်ဝင်စားလာတဲ့ ရောဂါပါ။ သေနှုန်း သိပ်မများပေမယ့် နေ့စဉ်နဲ့အမျှ ရောဂါကူးစက်ခံရသူတွေ၊ သေဆုံးတဲ့သူတွေ တက်နေတဲ့အတွက် ကြောက်ရွံ့နေကြတာပါ။ ဒီထဲမှာ အထူးဂရုစိုက်ရမယ့်သူတွေကတော့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါရှင် တွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ရောဂါကူးစက်ဖို့ အခွင့်အလမ်းလည်းများသလို နာလန်ထူဖို့လည်းခက်လို့ပါ။

နာတာရှည်ရောဂါရှင် ဆိုတာ ဘယ်သူတွေလဲ။

  • အဆုတ်မကောင်းတဲ့သူတွေ

အရင်ကတည်းက အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုရှိတဲ့သူတွေ (တီဘီ ပန်းနာရင်ကြပ်၊ အဆုတ်ပွ)က အဆုတ်အားနည်းတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါပိုးတွေ (ဥပမာ ကိုရိုနာဗိုင်းရပ်စ်ပိုး) ဝင်နိုင်ပါတယ်။

  • ဆီးချိုရှိတဲ့သူတွေ

ဆီးချိုရောဂါရှိတဲ့သူတွေက ခုခံအားမကောင်းတာ အားလုံးသိပြီးသားပါ။ သူတို့တွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကနေမဆို ရောဂါပိုးဝင်လွယ်ပါတယ်။

နာမည်ကိုက ခုခံအားကျဆင်းမှုရောဂါဖြစ်တဲ့အတွက် ရောဂါပိုးအလွယ်တကူဝင်နိုင်တယ်ဆိုတာ သိသာပါတယ်။

  • ကင်ဆာ

ကင်ဆာရောဂါရှင်တွေက ကင်ဆာဆေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ဆေးဒဏ်၊ ရောဂါဒဏ်ကြောင့် အစားအသောက်ပျက်လို့ဖြစ်ဖြစ် ခုခံအားနည်းပြီး ရောဂါဝင်လွယ်ပါတယ်။

ခန္ဓာကိုယ်မှာ အာဟာရလုံလုံလောက်လောက်မရဘူးဆိုရင် အာဟာရချို့တဲ့ပြီး ရောဂါပိုးဝင်တာ၊ ရောဂါဒဏ်မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။

  • အင်္ဂါအစိတ်အပိုင်းအစားထိုးထားတာ

ဥပမာပြောရရင် ကျောက်ကပ်အစားထိုးထားတဲ့လူနာတွေက ကျောက်ကပ်အသစ်ကို ခန္ဓာကိုယ်ကလက်ခံနိုင်အောင် ခုခံအားထိန်းညှိတဲ့ဆေးတွေသောက်ရပါတယ်။ အဲ့ဒီအခါမှာ ခုခံအားကျပြီး ပြင်ပကရောဂါပိုးတွေ ဝင်လွယ်ပါတယ်။

ဒါကအတွေ့ရများတဲ့ နာတာရှည် ရောဂါရှင်တွေ၊ ခုခံအားကျတဲ့သူတွေပါ။ သူတို့တွေက သူများတွေထက် ရောဂါပိုးဝင်လွယ်လို့ အထူးဂရုစိုက်ရပါမယ်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။

  • ဖျားမယ်။
  • ချောင်းဆိုးမယ်။
  • မောမယ်။ အသက်ရှူရခက်မယ်။

ဒီထက်ပိုဆိုးလာရင်တော့

  • အဆုတ်ရောင်မယ်။
  • ကျောက်ကပ်ပျက်စီးမယ်။
  • အသက်သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ထုတ်လို့ ပေါ်လာတာပါ။ တစ်ခါတစ်လေ ခုခံအားအရမ်းကျနေရင် ရောဂါလက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေနဲ့မတူတဲ့ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါသေးတယ်။

ကူးစက်နည်းများ

အဆုတ်ရောင်ရောဂါကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။

ကုသနည်းများ

ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။

နာတာရှည်ရောဂါရှင် များအတွက် ကာကွယ်နည်းများ

COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့

  • ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့်၂၀လောက်ကြာအောင်လက်ဆေးပါ။ ရေနဲ့ဆပ်ပြာမလွယ်ရင် အရက်ပြန်ပါတဲ့ရေမလို လက်သန့်ဆေးရည်ကို သုံးပါ။
  • လက်မဆေးရသေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မကိုင်ပါနဲ့။
  • အပြင်သွားတိုင်း maskတပ်ပါ။
  • ​နေမကောင်းတဲ့သူနဲ့ အနီးကပ်မနေပါနဲ့။
  • ကိုယ်နေမကောင်းဖြစ်ရင်လည်း အိမ်မှာပဲနေပါ။ မလိုအပ်ဘဲ ခရီးမသွားပါနဲ့။
  • လူထူတဲ့နေရာကို မသွားပါနဲ့။
  • ချောင်းဆိုးနှာချေတဲ့အခါ တစ်ရှူးနဲ့ လုံအောင်အုပ်ပါ။ ပြီးရင်လွှင့်ပစ်ပါ။
  • မကြာခဏထိတွေ့တဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပါ။ (ဥပမာ ဖုန်း)

COVID-19 အဆုတ်ရောင်ရောဂါက လူတိုင်းက ဖြစ်နိုင်ပါတယ်။ ရောဂါအခံရှိသူတွေ၊ ခုခံအားကျတဲ့သူတွေမှာ ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမဖြစ်အောင် အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ ဒါ့ပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်အောင်စားတာ၊ လေဝင်လေထွက်ကောင်းအောင်နေတာ၊ လေ့ကျင့်ခန်းလုက်တာတွေနဲ့ ကိုယ်ခံအားကို မြှင့်တင်ပါ။ တစ်ခုခုမသင်္ကာတာရှိရင် ဆေးရုံကို သွားပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/csr/disease/swineflu/frequently_asked_questions/risk/en/

https://emedicine.medscape.com/article/973120-overview

https://www.healio.com/infectious-disease/vaccine-preventable-diseases/news/online/%7Bdc917818-81ed-47b1-830b-ac133e482ff2%7D/flu-more-severe-in-immunocompromised-patients

ယခုပုံစံ

13/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ဗိုင်းရပ်စ် ကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

ပြင်းထန် အဆုတ်ရောင်ရောဂါပိုး (2019 Novel Coronavirus (2019-nCoV)) ကနေ ဘယ်လိုကာကွယ်မလဲ......



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement