backup og meta

COVID-19 အဆုတ်ရောင်ရောဂါ နဲ့ ကိုယ်ဝန်ဆောင် များ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 အဆုတ်ရောင်ရောဂါ နဲ့ ကိုယ်ဝန်ဆောင် များ

    ခုတလောဖြစ်နေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ နဲ့ပတ်သတ်ပြီး သူသူကိုယ်ကိုယ်စိုးရိမ်နေကြပါတယ်။ တကယ်တော့ ဒီရောဂါက ခုခံအားလည်းကေင်းမယ်။ ရောဂါမကူးအောင် ဆောင်ရန်ရှောင်ရန်တွေကို သေသေချာချာလိုက်နာမယ်ဆိုရင် ရောဂါဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါပေမယ့် ရောဂါကူးနိုင်တာခြင်းအတူတူ သေချာ‌စောင့်ရှောက်ပေးရမယ့် လူတစ်စုရှိပါတယ်။ သူတို့က ကိုယ်ဝန်ဆောင် တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ။ သူတို့က ကိုယ်ခံအားမကောင်းတဲ့အတွက် သာမန်လူတွေထက်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။

    ဘာဖြစ်လို့ ကိုယ်ဝန်ဆောင် တွေအတွက်အရေးကြီးတာလဲ။

    ကိုယ်ဝန်ဆောင်တွေက သဘာဝကိုက ကိုယ်ဝန်ရှိရင် ဒီကလေးလေးကို ခန္ဓာကိုယ်က လက်ခံဖို့အတွက် ခုခံအားချပေးရပါတယ်။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေမှာ သွေးသားပြောင်းလဲမှုတွေဖြစ်ပါတယ်။ ဒါ့ပြင် ၂ယောက်ဖြစ်လာတဲ့အတွက် လုံလုံလောက်လောက်မစားဘူးဆိုရင် အာဟာရချို့တဲ့တာ၊ သွေးအားနည်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေက ကိုယ်ခံအားနည်းရတဲ့အ‌ကြောင်းရင်းတွေပါပဲ။

    COVID-19 အဆုတ်ရောင်ရောဂါ ရောဂါလက္ခဏာများ

    ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။

  • ဖျားမယ်။
  • ချောင်းဆိုးမယ်။
  • မောမယ်။ အသက်ရှူရခက်မယ်။
  • ဒီထက်ပိုဆိုးလာရင်တော့

    • အဆုတ်ရောင်မယ်။
    • ကျောက်ကပ်ပျက်စီးမယ်။
    • အသက်သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။

    ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေအပြင် ကိုယ်ဝန်ဆောင်တွေမှာ ကလေးအလှုပ်နည်းတာ၊ မလှုပ်တော့တာတွေကိုပါသတိထားသင့်ပါတယ်။ ၂၀၁၅တုန်းက ဖြစ်ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်တွေမှာ ရောဂါပိုးက ကလေးဆီရောက်ပြီး Microcephalyလို့ခေါ်တဲ့ မွေးရာပါ ဦးခေါင်းသေး‌ရောဂါဖြစ်ခဲ့ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ်က ကလေးတွေအပေါ်မှာ ဘာဖြစ်စေနိုင်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

    ကူးစက်နည်းများ

    အဆုတ်ရောင်ရောဂါကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။

    ကုသနည်းများ

    ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။

    ကာကွယ်နည်းများ

    COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့

    • ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့်၂၀လောက်ကြာအောင်လက်ဆေးပါ။ ရေနဲ့ဆပ်ပြာမလွယ်ရင် အရက်ပြန်ပါတဲ့ရေမလို လက်သန့်ဆေးရည်ကို သုံးပါ။
    • လက်မဆေးရသေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မကိုင်ပါနဲ့။
    • ​နေမကောင်းတဲ့သူနဲ့ အနီးကပ်မနေပါနဲ့။
    • ကိုယ်နေမကောင်းဖြစ်ရင်လည်း အိမ်မှာပဲနေပါ။ မလိုအပ်ဘဲ ခရီးမသွားပါနဲ့။
    • လူထူတဲ့နေရာကို မသွားပါနဲ့။
    • ချောင်းဆိုးနှာချေတဲ့အခါ တစ်ရှူးနဲ့ လုံအောင်အုပ်ပါ။ ပြီးရင်လွှင့်ပစ်ပါ။
    • မကြာခဏ ထိတွေ့တဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပါ။ (ဥပမာ ဖုန်း)

    Take home massage

    COVID-19 အဆုတ်ရောင်ရောဂါ ကိုယ်ဝန်ဆောင်တွေအတွက် စိုးရိမ်ရလားဆိုရင် ဖြစ်လာခဲ့ရင်တော့ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး ကာကွယ်ဆေးရော၊ ကုသနည်းပါမရှိတဲ့အတွက် ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ အပေါ်က အချက်တွေ အပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရပြည့်အောင်စားတာ၊ ရေလုံလုံလောက်လောက် သောက်တာ၊ လေဝင်လေထွက်ကောင်းအောင် နေတာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေနဲ့ ကိုယ်ခံအားတက်အောင်လုပ်ပြီး ရောဂါကာကွယ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement