backup og meta

ကလေးတွေ mask တပ်ဖို့ လိုသလား။

ကလေးတွေ mask တပ်ဖို့ လိုသလား။

အပြင်သွားရင် လူကြီးတွေ mask တပ်တာတော့ တွေ့ဖူးကြပါတယ်။ ကလေးတွေ maskတပ်ထားတာရော တွေ့ဖူးပါသလား။ တပ်သင့်တယ်လို့ ထင်ပါသလား။ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်၊ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ပြန်စတော့မယ်။ အဲ့ဒီအခါ ကလေးတွေ အပြင်ထွက်ရတော့မှာပါ။ အပြင်ထွက်တဲ့အခါ ကလေးတွေကို မဖြစ်မနေ maskတပ်ပေးရမှာလားလို့ မေမေတွေ သိအောင် ဖြေပေးလိုက်ပါတယ်။

ကလေးတွေ mask တပ်ရမှာလား။

  • CDCကတော့ ၂နှစ်အောက် ကလေးတွေကို maskတပ်ဖို့ အားမပေးပါဘူး။
  • အိမ်မှာပဲ အိမ်သားတွေနဲ့ နေတဲ့ကလေးတွေကလည်း maskတပ်စရာ မလိုပါဘူး။
  • ကလေးတွေကို သူများနဲ့ ၆ပေကွာအောင် ထားနိုင်တယ်။ ဗိုင်းရပ်စ်ရှိနိုင်တဲ့ မျက်နှာပြင်တွေနဲ့ မထိအောင် ထားနိုင်တယ်ဆိုရင်လည်း တပ်စရာ မလိုပါဘူး။ ဥပမာ- အပြင်ဘက်ကို လမ်းထွက်လျှောက်မယ်။ ကလေးက သူများနဲ့ ၆ပေအကွာမှာ နေနိုင်တယ်။ စားပွဲတွေ၊ လက်ရန်းတွေ စတာတွေကို မထိဘူးဆိုရင် တပ်စရာ မလိုပါဘူး။
  • ကလေးက ငယ်လွန်းတော့ သူများနဲ့ ဝေးဝေးနေရမှာ နားမလည်ဘူး။ ပစ္စည်းတွေလည်း လျှောက်ကိုင်တတ်တယ်ဆိုရင်တော့ အိမ်မှာပဲ ထားတာ အကောင်းဆုံးပါပဲ။
  • ဒါပေမယ့် ကလေးကို မဖြစ်မနေ အပြင်ခေါ်သွားရမယ့်အခါမျိုး ( ဥပမာ အိမ်မှာစောင့်မယ့်လို့မရှိလို့ ခေါ်သွားရမယ်။ ဆေးခန်းသွားပြရမယ် စသဖြင့် ) ဆိုရင်တော့ တပ်ပေးသင့်ပါတယ်။ ကလေးကိုတော့ မျက်စိအောက်က အပျောက်ခံလို့ မဖြစ်ပါဘူး။ ကိုယ်မသိလိုက်တဲ့အချိန်မှာ ဆော့ရင်း maskနဲ့ အသက်ရှူကြပ်သွားတတ်ပါတယ်။
  • ကလေးတွေကို maskမတပ်သင့်တဲ့ နောက်ထပ် အခြေအနေတွေကတော့

-အသက်ရှူကြပ်နိုင်ချေရှိတဲ့ ၂နှစ်အောက် ကလေးတွေ။ သူတို့က အသက်ရှူကြပ်ရင်တောင် ကိုယ့်ဟာကိုယ် မဖြုတ်နိုင်လို့ အန္တရာယ်များပါတယ်။

-maskတပ်ရင် အသက်ရှူမဝဘူးလို့ ခံစားရတဲ့ကလေးတွေ၊ သတိလစ်နေတဲ့ ကလေးတွေ၊ ကိုယ့်ဟာကိုယ် maskမဖြုတ်နိုင်တဲ့ ကလေးတွေ

-ကလေးတွေက maskကို မနေတတ်လို့ ခဏခဏ သွားကိုင်လိုက်၊ မျက်နှာကို ကိုင်လိုက်လုပ်လို့ ရောဂါပိုးပိုဝင်နိုင်ချေရှိတယ်ဆိုတဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။

မွေးကင်းစကလေးတွေရော mask တပ်ဖို့ လိုမလား။

ဆိုပါစို့ ကလေးကို ကာကွယ်ဆေးသွားထိုးမယ်၊ ဆေးခန်းသွားပြမယ်ဆိုရင် ကလေးကို maskတပ်ပေးမယ့်အစား အပေါ်ကနေ အနှီးပါးပါးလေး လွှမ်းပေးတာ ပိုကောင်းပါတယ်။ maskက ကိုယ်မသိလိုက်တဲ့အချိန်မှာ ကလေးကို အသက်ရှူကြပ်စေပါတယ်။ အနှီးလွှမ်းတယ်ဆိုတဲ့နေရာမှာလည်း ကလေး အသက်ရှူနိုင်အောင် လွှမ်းပေးရပါမယ်။ ကလေးကို အနှီးနဲ့ အုပ်ပြီး ဒီတိုင်း မထားခဲ့ပါနဲ့။ ကလေးက ကိုယ့်မျက်စိအောက်မှာပဲ ရှိပါစေ။ မဟုတ်ရင် အသက်ရှူကြပ်ပြီး အန္တရာယ် ဖြစ်ပါလိမ့်မယ်။

ခုခံအား သိပ်ကျလွန်းတဲ့ကလေးတွေ၊ ရောဂါကူးနိုင်ချေများတဲ့ကလေးတွေကတော့ အပြင်ထွက်ရင်  ကလေးအတွက် ထုတ်ထားတဲ့ N95 maskကို တပ်ပေးနိုင်ပါတယ်။

ကလေးက maskတပ်ဖို့ ငြင်းနေတယ်။ ဂျီကျနေတယ်ဆိုရင် ဘယ်လို လုပ်မလဲ။

  • ကလေးက maskတပ်ဖို့ ကြောက်နေတယ်ဆိုရင် မေမေက စပြီး တပ်ပြလိုက်ပါ။ နောက်ပြီး

maskတပ်ပြီးရင် မှန်ရှေ့မှာ သူနဲ့လိုက်ကြောင်း ပြောပြပေးပါ။

-သူတို့ကြိုက်တဲ့ ကာတွန်းပုံပါတာလေးတွေ တပ်ပေးပါ။

maskလုပ်တဲ့ချိန်မှာ သူတို့ကိုလည်း ဝိုင်းလုပ်ခိုင်းပါ။

-တခြားကလေးတွေ maskတပ်တဲ့ ပုံကိုလည်း ပြပေးပါ။

-အိမ်မှာအရင် အကျင့်ဖြစ်အောင် တပ်ခိုင်းကြည့်ပါ။

  • ၃နှစ်အထက်ကလေးတွေကိုတော့ သူတို့နားလည်တဲ့ စကားနဲ့ ရှင်းပြပေးပါ။ ခုလို လူတွေ maskတပ်နေကြတာ အပြင်က မကောင်းတဲ့ ရောဂါပိုးတွေ ကိုယ့်ဆီမလာဖို့ ကိုယ့်ဆီက မကောင်းတဲ့ပိုးတွေ သူများဆီ မရောက်ဖို့ တပ်တာဖြစ်ကြောင်း ရှင်းပြပေးပါ။
  • စစတပ်တပ်ချင်းမှာတော့ ကလေးက သူနေမကောင်းလို့ တပ်ရတယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါဟာ ရောဂါပိုး ကာကွယ်ဖို့ တပ်တာဖြစ်ကြောင်း၊ လူတိုင်းတပ်သင့်ကြောင်း၊ ထူးဆန်းတဲ့ အရာ မဟုတ်ကြောင်း ရှင်းပြပေးပါ။

ကလေးအတွက် ဘယ် mask က အကောင်းဆုံးလဲ။

ကလေးတွေလည်း maskတပ်ရင် သူတို့နဲ့ တော်ဖို့က အဓိကကျပါတယ်။ Surgical maskတွေက လူကြီးအတွက် ထုတ်တာများလို့ ကလေးနဲ့ တော်မှာ မဟုတ်ပါဘူး။ ကလေးအတွက်အကောင်းဆုံးက အိမ်မှာချုပ်တဲ့ အဝတ်maskတွေပါပဲ။ Fittingကျတဲ့အပြင် ကလေးကြိုက်တဲ့ ကာတွန်းရုပ်လေးတွေလည်း ထည့်ပေးလို့ရလို့ အဆင်ပြေပါတယ်။

အနှစ်ချုပ်

  • မွေးကင်းစကလေးနဲ့ ၂နှစ်အောက်ကလေး maskမတပ်ပါ။
  • မွေးကင်းစကလေး မဖြစ်မနေ တပ်ရမယ့် အခြေအနေဆိုရင် maskအစား face shieldသုံးပါ။ ဒါမှမဟုတ် အပေါ်က အနှီးလွှမ်းထားပါ။ အပြင်ခေါ်သွားတဲ့အခါ တွန်းလှည်းကအမိုးနဲ့ အုပ်ထားလည်း ရပါတယ်။ ကလေးက ကိုယ့်မျက်စိအောက်မှာပဲ ရှိပါစေ။
  • ၂နှစ်အောက်ကလေး မဖြစ်မနေတပ်ရမယ်ဆိုရင် အဝတ်mask၊ face shield တပ်နိုင်ပါတယ်။ ဒါပေမယ့် မျက်စိအောက်က အပျောက်မခံပါနဲ့။ ကလေး အသက်ရှူကြပ်တတ်ပါတယ်။
  • ၂နှစ်အထက်ကလေး နားလည်အောင် ရှင်းပြပြီး maskတပ်ပေးလို့ရပါတယ်။ အဝတ်maskတပ်နိုင်ပါတယ်။
  • ၂နှစ်အထက်ကလေးဖြစ်ပေမယ့် ကလေးက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ ရှိတယ်။ မသန်စွမ်းကလေးဖြစ်နေမယ်။ ဉာဏ်ရည်မမီတဲ့ကလေး ဖြစ်နေမယ်။ သတိကောင်းကောင်း မရဘူး။ ကိုယ့်ဟာကိုယ်maskကို မဖြုတ်နိုင်တဲ့ကလေးတွေက face shieldပဲ တပ်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://services.aap.org/en/pages/2019-novel-coronavirus-covid-19-infections/masks-and-children-during-covid-19/?fbclid=IwAR2nUDE3H1cuzb7cjCj_6nqPFcX70qbhjcAe0NBukj9WUus9tjhmIFQ6aT0

https://www.cdc.gov/coronavirus/2019-ncov/faq.html#COVID-19-and-Children

ယခုပုံစံ

13/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID_19 ကာလမှာ မဖြစ်မနေကာကွယ်သင့်တဲ့ အရာ

COVID-19 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement