backup og meta

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက် ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက် ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ထောလပတ်ရွက် လို့ ပြောလိုက်ရင် အုန်းဆီထဲထည့်ပြီး လိမ်းရမယ်။ ဆံပင် နက်စေတယ်။ ဆံပင် သန်စေတယ်။ ဆံပင်ကျွတ်တာကို သက်သာစေတယ် ဆိုတဲ့ အကြောင်းအရာတွေကပဲ ခေါင်းထဲကို အရင်ဆုံးရောက်လာတယ်ဟုတ်။

တကယ်ကတော့ ထောလပတ်ရွက်က ဆံပင်ကို သန်စေသလို အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေများလဲ။ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ထောလပတ်ရွက် ရဲ့ လူသိနည်းသေးတဲ့ ကျန်းမာရေးအာနိသင်အချို့

ထောလပတ်ရွက် ဆံပင်တွေကို သန်စွမ်းနက်မှောင်စေသလို အခုလို ကျန်းမာရေး အကျိုးအာနိသင်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ထောလပတ်ရွက်က အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။ အရေပြားယားယံတာ၊ နှင်းခူ၊ ဆိုရီရေးစစ်၊ ပွေး စတာတွေ သက်သာစေဖို့ ရေစင်စင်ဆေးထားတဲ့ ထောလပတ်ရွက်ကို ကြိတ်ပြီး လိမ်းပေးလို့ ရပါတယ်။ နနွင်းလေးနဲ့ ရောလူးရင် ပိုထိရောက်ပါတယ်။

ထောလပတ်ရွက်မှာ ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက အရေပြား ဓာတ်မတည့်မှုအပါအဝင် ဓာတ်မတည့်မှု အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။

ထောလပတ်ရွက်ကို စားသုံးပေးတက မှတ်ဉာဏ်ကို တိုးတက်စေပြီး အသက်အရွယ်ကြောင့် မေ့တတ်တာကို သက်သာစေနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ။ ပါကင်ဆန်ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

အကြောင်းကတော့ ထောလပတ်ပင်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ဦးနှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် မပျက်စီးအောင် ကာကွယ်ပေးလို့ပါ။

ထောလပတ်ရွက် အဆီအနှစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။  ဒါကြောင့် ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ထောလပတ်ရွက်ကို သုံးပေးလို့ ရပါတယ်။

ထောလပတ်ရွက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေက အစာအိမ် ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ လေပွတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်အနာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ထောလပတ်ရွက်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တဲ့အခါ နာကျင်ကိုက်ခဲတဲ့နေရာမှာ ကြိတ်ခြေထားတဲ့ ထောလပတ်ရွက် နဲ့ နနွင်းကို ရောစပ်ပြီး အုံပေးလို့ ရပါတယ်။

ထောလပတ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာပါ။ ထောလပတ်ရွက်ကို နေရောင်အောက်မှာ အခြောက်ခံပြီး ရေနွေးကြမ်းထဲ ထည့်သောက်ပေးလို့ ရပါတယ်။

သွေးတွင်းကိုလက်စထရောကျစေဖို့လည်း ထောလပတ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ထောလပတ်ရွက်မှာပါတဲ့  antihyperlipidemic အာနိသင်က သွေးတွင်းကိုလက်စထရောကို ကျစေပါတယ်။

သတိထားရမယ့်အချက်

ထောလပတ်ရွက်က ကျန်းမာရေးအာနိသင်ရှိတာ မှန်ပေမယ့် အရေပြားမှာ အသုံးပြုတဲ့အခါ၊ စားသုံးတဲ့အခါ ဓာတ်မတည့်ဖြစ်နိုင်ခြေ ရှိတာကို သတိထားရပါမယ်။ သဘာဝဆေးဖက်ဝင်အရွက်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိရင် ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အထက်ပါ ဝေဒနာတွေ ခံစား‌နေရရင်  ထောလပတ်ရွက်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူနဲ့ ပြသဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Amazing Health Benefits Of Snake Jasmine https://pangbenta.com/snake-jasmine/snake-jasmine-health-benefits/ Accessed Date 19 November 2020

8 Amazing Benefits Of Rhinacanthus Nasutus https://www.organicfacts.net/health-benefits/herbs-and-spices/rhinacanthus-nasutus.html Accessed Date 19 November 2020

ယခုပုံစံ

08/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖက်ဖယ်ရွက် ကပေးတဲ့ ကျန်းမာရေးအာနိသင်

သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement