လူ့ခန္ဓာကိုယ်မှာ လက်ချောင်း၊ခြေချောင်းလေးတွေကနေစလို့ ဒူး၊ လည်ပင်းနဲ့ အစိတ်အပိုင်းတွေကိုကောင်းစွာလှုပ်ရှားနိုင်စေဖို့ အဆစ်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဒီအဆစ်တွေကို ညောင်းတဲ့အခါမှာ ဂျွတ်ခနဲ မြည်အောင်ချိုးတတ်ကြတယ်နော်။ ဒီအလေ့အထကို လူတော်တော်များများ ၁၀၀ မှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက် အလေ့အထတစ်ခုလိုကို လုပ်နေတတ်ကြပါတယ်။ ဒီလိုအဆစ်တွေကို အညောင်းပြေအောင်ဆိုပြီး ချိုးတတ်တဲ့ အကျင့်က အဆစ်ရောင်ဝေဒနာကိုဖြစ်စေနိုင်တယ်ဆိုတဲ့ပြောစကားကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒါက ယုံတမ်းစကားလား၊ တကယ်လား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။