ဇီးဖြူသီး အသားကို စားလို့ရတယ်။  ဆေးဖက်ဝင်တယ်။  ဇီးဖြူသီးစေ့ စားလို့ ရလား !ဆိုတာကို သိချင်လား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ 
  
 
 ဇီးဖြူသီး အသားကို စားလို့ရတယ်ဆိုတာကို သိပေမယ့် ဇီးဖြူသီး အစေ့ကို စားလို့ရတယ်ဆိုတာကတော့ သိသူ ခပ်ရှားရှားပါ။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးရော ဇီးဖြူသီးစေ့ စားလို့ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူး ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို သိချင်တယ် ဆိုရင်တော့ စာလေးကို ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ 
 ဇီးဖြူသီးစေ့ ဆိုတာ
    ဇီးဖြူသီးစေ့ ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံးသိပြီး ဖြစ်တဲ့ ဇီးဖြူသီးလေးတွေရဲ့ အစေ့ပါ။ အစိမ်းရောင် နုနုလေးပါ။ အထဲက အဆံကို စားပေးလို့ ရပါတယ်။ 
    ဇီးဖြူသီးစေ့မှာ ဘာတွေပါလဲ!
  ဇီးဖြူသီးစေ့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ 
  - ရေဓာတ်
- အဆီဓာတ်
- ပရိုတင်း
- ဗီတာမင် C
- အမျှင်ဓာတ်
- ကာဗိုဟိုက်ဒရိတ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။
ဇီးဖြူသီးစေ့ စားလို့ ရလား!
    ဇီးဖြူသီးစေ့ကို စားလို့ ရလား! ဆိုတော့ ရပါတယ်။ ဇီးဖြူသီးစေ့ကို စားပေးတာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ 
 ကိုယ်ခံအား ကောင်းစေတယ်
 ဇီးဖြူသီးစေ့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဖျားအနာ ကင်းစေဖို့ အဖျားသက်သာစေဖို့ ဇီးဖြူသီးစေ့ကို အသုံးပြုလို့ ရပါတယ်။ 
 အသားအရေ ကျန်းမာစေတယ်
 ဇီးဖြူသီးစေ့မှာ ဗီတာမင် C ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးပြီး ဝက်ခြံသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် အသားအရေကို အနာအဆာ ကင်းပြီး ကျန်းမာချင်တယ်ဆိုရင် ဇီးဖြူသီးစေ့ကို စားပေးလို့ ရပါတယ်။ 
 အရေပြားမှာ အင်ပြင်ထတာ၊ ဓာတ်မတည့်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ 
 မျက်လုံး ကျန်းမာစေတယ်
 ဇီးဖြူသီးစေ့က ဗီတာမင် A ပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်စိနာတာ၊ မျက်စိရောင်တာတွေကို သက်သာစေဖို့ ဇီးဖြုသီးစေ့ကို ကြိတ်ပြီး မျက်လုံးတဝိုက်ကို အသုံးပြုပေးလို့ ရပါတယ်။ 
 သွေးတိတ်စေနိုင်တယ်
 ဇီးဖြူသီးစေ့ကို အခြောက်ခံ အမှုန့်ကြိတ်ပြီး သွေးထွက်နေတဲ့ အနာတွေကို သွေးတိတ်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဇီးဖြူသီးစေ့ကို စားပေးလို့လည်း ရပါတယ်။ 
 အဆုတ် ကျန်းမာစေတယ်
 ဇီးဖြူသီးစေ့ကို စားပေးတာက အဆုတ်ကို ကျန်းမာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ချောင်းဆိုးရင်ကြပ်တာ၊ ချွဲကြပ်တာတွေကို အသုံးပြုပေးလို့ ရပါတယ်။ အဆုတ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 
 ဝမ်းမှန်စေတယ်
 ဇီးဖြူသီးစေ့က ဝမ်းမှန်စေပြီး အစာအိမ် အူလမ်းကြောင်းတွေ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်ချင်တယ်ဆိုရင် ဇီးဖြူသီးစေ့ကို စားပေးလို့ ရပါတယ်။
    ဘာတွေ သတိထားရမလဲ!
  ဇီးဖြူသီးစေ့က ကျန်းမာစေတယ် ဆိုပေမယ့် အများကြီးစားတာမျိုးကတော့ မကောင်းပါဘူး။
  - ဇီးဖြူသီးစေ့ကို ချင်း (ဂျင်း) နဲ့ တွဲစားတာက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ 
- အများကြီးစားရင် ဝမ်းချုပ်စေနိုင်တယ်
- သွေးပေါင်ကျစေနိုင်တယ်
- ဇီးဖြူသီးစေ့တွေ အများကြီးစားတာက ဆီးပူတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ 
ဇီးဖြူသီး အစေ့က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတုဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။
 ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ
  ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ 
 ဇီးဖြူသီး အစေ့ ဆေးဖက်ဝင်သလား!
 ဇီးဖြူသီး အစေ့က အခုလို ဆေးဖက်ဝင်ပါတယ်။     - အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
 # ကြက်မောက်သီးစေ့  စားလို့ရလား!
   [embed-health-tool-bmi]