backup og meta

သစ်ကြံပိုးခေါက် (Cinnamon)

သစ်ကြံပိုးခေါက် (Cinnamon)

အသုံးပြုပုံများ

သစ်ကြံပိုးခေါက် ကို ဘာအတွက်အသုံးပြုကြသလဲ

သစ်ကြံပိုးခေါက် ကို မှိုသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး၊ အဖြစ်လည်းကောင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ ဗိုက်နာခြင်း၊ သွေးတိုးရောဂါ၊ အစားသောက်ပျက်ခြင်း၊ နှင့် လေပြွန်ရောင်ခြင်းများကို ကုသရာတွင် လည်းကောင်း အသုံးပြုကြသည်။

အချို့သော သုတေသနများတွင် သစ်ကြံပိုးခေါက် အမျိုးအစားတစ်မျိုးသည် ဆီးချိုလူနာများတွင် သွေးထဲရှိ သကြားဓါတ်ကို ကျဆင်းစေကြောင်း တွေ့ရှိထားသည်။ သို့သော် အခြားသော လေ့လာမှုများတွင် အခြားအကျိုးများကို မတွေရှိပေ။ သွေးထဲရှိ ကိုလက်စထရောကျခြင်းနှင့် ခုခံအားကျဆင်းမှု ရောဂါလူနာများတွင် မှိုစွဲသောရောဂါများကို ကုသရန် လေ့လာထားသည်များသည်လည်း မပြည့်စုံလှပေ။

ဓါတ်ခွဲခန်း စမ်းသပ်မှုများတွင် သစ်ကြံပိုးခေါက်သည် ရောင်ယမ်းခြင်းကို သက်သာစေပြီး၊ ဓါတ်တိုးခြင်းကို ကာကွယ်နိုင်သော အာနိသင်များရှိပြီး၊ ဘက်တီးရီးယားများကို သေစေနိုင်သည်ဟု တွေ့ရှိထားသည်။ သို့သော် လူများအတွက် မည်သို့ အသုံးပြုရမည်ကို မရှင်းလင်းပါ။

သစ်ကြံပိုးခေါက် ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် သစ်ခေါက်သည် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေသော ပိုးများကို သေစေကြောင်း အချို့သော လေ့လာမှုများက ပြဆိုထားသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

သစ်ကြံပိုးခေါက် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။

သစ်ကြံပိုးခေါက်အဆီကို အခြားအဆီတစ်ခုခုထဲတွင် ရောစပ်ပြီး အသုံးပြုနိုင်သည်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်လောက်စိတ်ချရလဲ

သုတေသနများစွာ မထွက်ပေါ်လာခင်တွင် သစ်ကြံပိုးခေါက်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှင့် ကလေးများတွင် ဆေးကုသခြင်းအတွက် အသုံးမပြုသင့်ပေ။

ဘေးထွက်ဆိုးကျိုးများ

ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်တွင် အောက်ပါ ဘေးထွက်ဆိုးကျိုးများစွာရှိသည်။

• မျက်နှာနီရဲခြင်း

နှလုံးခုန်မြန်ခြင်း

• အစာအိမ်ရောင်ခြင်း၊ လျှာ၊သွားဖုံး ရောင်ခြင်း

• အစားအသောက်ပျက်ခြင်း၊ ဓါတ်မတည့်ခြင်း

အရေပြားယားယံရောင်ယမ်းခြင်း

• အသက်ရှုခက်ခြင်း

• ဓါတ်မတည့်ခြင်းကို တုံ့ပြန်ခြင်း

ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

သစ်ကြံပိုးခေါက် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ပိုးသတ်ဆေးများ၊ ဆီးချိုကျဆေးများ၊ သွေးကျဲဆေးများ၊ နှလုံးရောဂါဆေးများ၊ နှင့် အခြားသော ဆေးများနှင့် ဓါတ်ပြုမှုများ ရှိနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

သစ်ကြံပိုးခေါက် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သစ်ကြံပိုးခေါက်မှုန့်ကို ဆီးချိုရောဂါအတွက် ပေးသောအခါ တစ်နေ့လျှင် ၁ ဂရမ်မှ ၁.၅ ဂရမ်အထိပေးလျှင် ဘေးထွက်ဆိုးကျိုးများ တွေ့ရလေ့မရှိပါ။

ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• သစ်ခေါက်အခြောက်

• အဆီ

• အရွက်

• အဆီအနှစ်

• အမှုန့်၊

• လိမ်းဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version.
Page 180.

Cinnamon. http://www.webmd.com/vitamins-and- supplements/lifestyle-guide- 11/supplement-guide- cinnamon.
Assessed August 7, 2016.

Cinnamon. http://www.drugs.com/npc/cinnamon.html. Assessed August 7, 2016Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version.
Page 180.

Cinnamon. http://www.webmd.com/vitamins-and- supplements/lifestyle-guide- 11/supplement-guide- cinnamon.
Assessed August 7, 2016.

Cinnamon. http://www.drugs.com/npc/cinnamon.html. Assessed August 7, 2016Skidmore-Roth, Linda. Mosby’s Handbook Of Herbs & Natural Supplements. St. Louis, MO: Mosby, 2001. Print version.
Page 180.

Cinnamon. http://www.webmd.com/vitamins-and- supplements/lifestyle-guide- 11/supplement-guide- cinnamon.
Assessed August 7, 2016.

Cinnamon. http://www.drugs.com/npc/cinnamon.html. Assessed August 7, 2016

ယခုပုံစံ

15/02/2021

Dr. Su Sandy မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Phyo Wai Lynn မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Su Sandy မှ ရေးသားသည်။ · 15/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement