backup og meta

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါး ဆိုတာစမုံစပါးမှာပါတဲ့ အာဟာရစမုံစပါး ဆေးဖက်ဝင်သလားဘေးထွက်ဆိုးကျိုးသတိထားရမယ့် အချက်တွေ

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါး ဆိုတာ

စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။

အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။

စမုံစပါးမှာပါတဲ့ အာဟာရ

ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါး ဆေးဖက်ဝင်သလား ဆိုတော့ အခုလို ဆေးဖက်ဝင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

စမုံစပါးမှာ ပါဝင်နေတဲ့ အင်ဇိုင်းတွေက အစာခြေအက်ဆစ်ကို တိုးစေနိုင်ပြီး အစာမကြေတာ၊ လေပွတာတွေကို သက်သာစေနိုင်ပါတယ်။ လေထိုးလေအောင့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာအိမ်အနာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာရေမျို၊ အစာအိမ်၊ အူတွေကို ကျန်းမာစေနိုင်ပါတယ်။

ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

စမုံစပါးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အစာအဆိပ်သင့်တာကို ဖြစ်စေနိုင်ပြီး အစာအိမ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။

သွေးတိုးကျစေတယ်

စမုံစပါးမှာ သွေးကြောတွေထဲကို ကယ်လ်ဆီယမ် မရောက်အောင် တားပေးပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးတာက သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။

ချောင်းဆိုးတာနဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်တယ်

စမုံစပါးမှာ နှာခေါင်းထဲက ချွဲတွေကို ရှင်းပေးပြီး အသက်ရှူရလွယ်စေဖို့ ထောက်ကူပေးသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ အဆုတ်ထဲက ချွဲတွေကို ဖယ်ရှားပေးနိုင်တာကြောင့် လေပြွန်တွေကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

သွားကိုက် သက်သာစေတယ်

စမုံစပါးမှာ အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွားကိုက်တာတွေကြောင့် နာကျင်တာကို သက်သာစေနိုင်ပါတယ်။ သွားဖုံးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

အဆစ်ရောင်တာကို သက်သာစေတယ်

စမုံစပါးက နာကျင် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို နာကျင်ရောင်ရမ်းနေတဲ့ အရိုးအဆစ်တွေကိုလည်း နာကျင်မှု လျော့ပါးစေနိုင်ပါတယ်။

ရေနွေးထဲ ထည့်စိမ်ပြီး ရေချိုးပေးလို့လည်း ရပါတယ်။

ဘေးထွက်ဆိုးကျိုး

စမုံစပါးက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင်တော့ မအီမသာ ဖြစ်စေနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေ

သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးပေါင်ကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ချိန် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ဆေးတွေစွဲသောက်နေရရင် အထူးသတိထားဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health Benefits of Ajwain https://www.webmd.com/diet/health-benefits-ajwain Accessed Date 23 March 2022

Carom Seeds – Health Benefits and Culinary Uses & Seed Water https://www.healthifyme.com/blog/carom-seeds-benefits/ Accessed Date 23 March 2022

ယခုပုံစံ

03/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/11/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ