backup og meta

ဆားခါး ဆေးဖက်ဝင်သလား!

ဆားခါး ဆေးဖက်ဝင်သလား!

ဆားခါးဆိုတာက သိသူတွေလည်း ရှိသလို မသိသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကျန်းမာရေးအတွက် ဆားခါး ခေါင်းအုံး အုံးတာမျိုးတွေ ရှိလာသို အသားအရေ လှပစေဖို့ ဆားခါးနဲ့ ရေချိုးတာမျိုးလည်း ရှိလာပါပြီ။ ဒီလို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ဆားခါး ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆားခါး ဆိုတာ

ဆားခါးကို Epsom salt လို့ သိထားနိုင်ပါတယ်။ ဆားခါး ဆိုတာက magnesium sulfate ပါ။ ဆားခါးကို ဓာတု ဒြပ်ပေါင်း အနေနဲ့ မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ အောက်ဆီဂျင်တို့နဲ့ ဖွဲ့စည်းထားပါတယ်။

အမည်နာမအရ ဆားခါးလို့ ခေါ်ကြပေမယ့် ဆားခါးရဲ့ ဒြပ်ပေါင်းက စားပွဲတင်ဆားရဲ့ ဒြပ်ပေါင်းနဲ့ နည်းနည်းလေးမှ မတူပါဘူး။ အသွင်အပြင်ကတော့ ဆားနဲ့ တူပါတယ်။ အများစုက ရေချိုးသုံးဆားလို့ သိကြပါတယ်။ အခါးဓာတ်ပါပြီး အရသာက ပြင်းပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆားခါးကို ကိုယ်တွင်းဓာတ်ဆားဓာတ် မမျှတာ၊ ဝမ်းချုပ်တာတွေ အတွက် အသုံးပြုခဲ့ကြပေမယ့် သိပ္ပံ နည်းကျ ရလဒ်တွေ ရရှိနိုင်ဖို့ကတော့ ဆက်လက် ရှာဖွေနေဆဲပါ။

ဆားခါး ဆေးဖက်ဝင်သလား!

ဆားခါးဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။

  • မဂ္ဂနီဆီယမ်ပမာဏ မြှင့်တင်ပေးနိုင်တယ်

ကိုယ်တွင်းမှာ သင့်တင့်တဲ့ မဂ္ဂနီဆီယမ်ပမာဏ ရှိနေတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ လုံလောက်တဲ့ မဂ္ဂနီဆီယမ် ပမာဏ ရရှိမှ ကျန်းမာမှာပါ။ အရက်နာကျတာ၊ ဝမ်းပျက်တာ၊ အာဟာရ ချို့တဲ့တာ၊ ကယ်လ်ဆီယမ် ပမာဏ များလွန်းနေတာလေးတွေက ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် နည်းတာကြောင့်ပါ။ ဆားခါးနဲ့ ရေစိမ်ချိုးတာကလည်း ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပမာဏ တိုးစေနိုင်မယ့် နည်းလမ်းပါ။

မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း ၃၀၀ ကျော်ကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လည်ပတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ကြွက်သားတွေကို ထိန်းချုပ်ပေးတာ၊ ကိုယ်တွင်းမှာ အင်အားဖြစ်စေတာ၊ နှလုံးခုန် စည်းချက်မှန်စေတာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာမျိုးတွေကို လုပ်ဆောင်ပေးပါ။

ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် နည်းနေမယ်ဆိုရင်တော့ အမျိုးအစား – ၂ ဆီးချို၊ အယ်လ်ဇိုင်းမားရောဂါ၊ သွေးတိုးတာ၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။

  • စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်

ဆားခါးနဲ့ ရေနွေးနွေးလေးကို စိမ်ချိုးတာက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ  ကျန်းမာစေတာပါ။ အရမ်း စိတ်ဖိစီးနေပြီဆိုရင် ရေနွေးနွေးထဲကို ဆားခါးလေး ထည့်စိမ်ပြီး ရေချိုးပေးတာက ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပြည့်ဝစေသလို ကြွက်သားတွေကိုလည်း ပြေလျော့စေမှာပါ။

ကိုယ်တွင်းမှာ ကဖင်းများလွန်းတာကြောင့် အနားမရသလို ပင်ပန်းနေတာကို သက်သာစေဖို့လည်း ဆားခါးကို အသုံးပြုပေးလို့ ရပါတယ်။

  • ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

ဆားခါးမှာပါတဲ့ ဆာလဖိတ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်များနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဆားခါးနဲ့ ရေချိုးပြီး ဆဲလ်တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားလို့ ရပါတယ်။

  • ဝမ်းမှန်စေတယ်

ဆားခါးဆိုတာက ဝမ်းနှုတ်ဆေး တစ်မျိုးပါ။ ဝမ်းချုပ်တာကို သက်သာစေနိုင်ပြီး အူလမ်းကြောင်းက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အူမကြီးနဲ့ အူသိမ်ကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဝမ်းခဏခဏ ချုပ်တတ်တယ်ဆိုရင်တော့ ဆားခါးကို ခဏခဏ သုံးတာမျိုး မလုပ်ပါနဲ့။ ရေများများ သောက်ပေးတာ၊ အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပေးပါ။ ဒီလိုမှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး အဖြေရှာပါ။

  • နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်

ရေနွေးနွေးလေးထဲကို ဆားခါးလေးထည့်ပြီး ရေချိုးပေးတာက ကြွက်သားတွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ၊ အဆစ်တွေနာကျင်ရောင်ရမ်းတာတွေကို သက်သာစေနီုင်ပါတယ်။ လေးဖက်နာ သမားတွေအတွက်လည်း သင့်တော်ပါတယ်။

  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်

ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် နည်းလာတာက အမျိုးအစား – ၂ ဆီးချိုကို အစပျိုးစေနိုင်ပါတယ်။ ကိုယ်တွင်းမှာ ကျန်းမာတဲ့ မဂ္ဂနီဆီယမ် ပမာဏကို ထိန်းညှိပေးထားနိုင်မယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို အတိုင်းအတာ တစ်ခုအထိ ထိန်းညှိပေးနိုင်မှာပါ။

  • ဆံသားကျန်းမာစေတယ်

ဦးရေပြား အဆီပြန်တာကို သက်သာစေပြီး ဆံသား ကျန်းမာစေဖို့အတွက်လည်း ဆားခါးကို အသုံးပြုပေးလို့ ရပါတယ်။ ဆားခါးကို conditioner နဲ့ ရောပြီး ဆံပင်ကို ပေါင်းတင်ပေးတာ ဦးရေပြားမှာ လိမ်းကျံ နှိပ်နယ်ပေးတာက ဆံသားကို ကျန်းမာစေပြီး ဦးရေပြား အဆီပြန်တာကို သက်သာစေနိုင်မှာပါ။

  • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

လေပြွန်ရောင်တာ၊ ပန်းနာရင်ကျပ်ဝေဒနာတွေကြောင့် အသက်ရှူရခက်တာမျိုးတွေကို သက်သာစေဖို့အတွက် မဂ္ဂနီဆီယမ် ဆာလဖိတ်ကို အသုံးပြုပေးလို့ ရပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ!

ဆားခါးက ကျန်းမာစေတာ မှန်ပေမယ့် တန်ဆေး လွန်ဘေးပါ။ အများကြီး အသုံးပြုတာ၊ သောက်သုံးတာတွေက ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Epsom Salt: the Magnesium-Rich, Detoxifying Pain Reliever https://draxe.com/nutrition/epsom-salt/ Accessed Date 12 May 2023

Should You Take an Epsom Salt Bath? https://health.clevelandclinic.org/7-things-you-probably-didnt-know-about-epsom-salt/ Accessed Date 12 May 2023

Epsom Salt: Benefits, Uses, and Side Effects https://www.healthline.com/nutrition/epsom-salt-benefits-uses Accessed Date 12 May 2023

8 Health Benefits of Epsom Salt https://www.healthgrades.com/right-care/lifestyle-and-wellness/8-health-benefits-of-epsom-salt Accessed Date 12 May 2023

What Are the Benefits of Epsom Salt Baths? https://www.goodrx.com/well-being/alternative-treatments/epsom-salt-bath-benefits Accessed Date 12 May 2023

ယခုပုံစံ

30/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆိုဒီယမ် (ဆား) ကို လျှော့စားလွန်းရင် ဘာတွေဖြစ်တတ်လဲ

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement