ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် နည်းနေမယ်ဆိုရင်တော့ အမျိုးအစား – ၂ ဆီးချို၊ အယ်လ်ဇိုင်းမားရောဂါ၊ သွေးတိုးတာ၊ နှလုံးရောဂါ၊ လေဖြတ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
- စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်
ဆားခါးနဲ့ ရေနွေးနွေးလေးကို စိမ်ချိုးတာက စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေတာပါ။ အရမ်း စိတ်ဖိစီးနေပြီဆိုရင် ရေနွေးနွေးထဲကို ဆားခါးလေး ထည့်စိမ်ပြီး ရေချိုးပေးတာက ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပြည့်ဝစေသလို ကြွက်သားတွေကိုလည်း ပြေလျော့စေမှာပါ။
ကိုယ်တွင်းမှာ ကဖင်းများလွန်းတာကြောင့် အနားမရသလို ပင်ပန်းနေတာကို သက်သာစေဖို့လည်း ဆားခါးကို အသုံးပြုပေးလို့ ရပါတယ်။
- ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
ဆားခါးမှာပါတဲ့ ဆာလဖိတ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်များနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဆားခါးနဲ့ ရေချိုးပြီး ဆဲလ်တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားလို့ ရပါတယ်။
ဆားခါးဆိုတာက ဝမ်းနှုတ်ဆေး တစ်မျိုးပါ။ ဝမ်းချုပ်တာကို သက်သာစေနိုင်ပြီး အူလမ်းကြောင်းက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အူမကြီးနဲ့ အူသိမ်ကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဝမ်းခဏခဏ ချုပ်တတ်တယ်ဆိုရင်တော့ ဆားခါးကို ခဏခဏ သုံးတာမျိုး မလုပ်ပါနဲ့။ ရေများများ သောက်ပေးတာ၊ အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပေးပါ။ ဒီလိုမှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး အဖြေရှာပါ။
- နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
ရေနွေးနွေးလေးထဲကို ဆားခါးလေးထည့်ပြီး ရေချိုးပေးတာက ကြွက်သားတွေ နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ၊ အဆစ်တွေနာကျင်ရောင်ရမ်းတာတွေကို သက်သာစေနီုင်ပါတယ်။ လေးဖက်နာ သမားတွေအတွက်လည်း သင့်တော်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။