backup og meta

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်

လူ့ခန္ဓါကိုယ်အနှံ့ကို သွေးကြောတွေနဲ့ ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားတဲ့ သွေးလည်ပတ်မှုစနစ်က ကျန်းမာရေးအတွက် သိပ်ကိုအရေးကြီးပါတယ်။သွေးလည်ပတ်မှုမကောင်းခြင်းက အဝလွန်ခြင်း၊သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုရောဂါတို့လို တခြားကျန်းမာရေးပြဿနာတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်

ဒါတွေမဖြစ်အောင် သွေးလည်ပတ်မှုကောင်းချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် (၃) ချက်ရှိတယ် –

  • ဆေးလိပ်မသောက်ပါနဲ့။
  • အဆီများတာတွေလျှော့စားပါ။
  • အချိန်အကြာကြီး ထိုင်မနေပါနဲ့။

နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေထဲ ဒီအချက်တွေကို ဂရုစိုက်ပေးရင်သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။

(၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်သိပ်မများ၊ သိပ်မနည်းဘဲ ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင်သွေးလည်ပတ်မှုပိုကောင်းစေနိုင်တယ်။ လူတစ်ယောက်က ကိုယ်အလေးချိန်များနေတယ်ဆိုရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

(၂) လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားမှုတော့ ပုံမှန်ရှိသင့်ပါတယ်။ အားကစားတွေ၊ workout တွေမလုပ်နိုင်ရင်တောင် ခပ်ဖွဖွပြေးတာ၊သွေးပူလေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်သင့်ပါတယ်။ယောဂ ကစားတာကလည်း လှုပ်ရှားမှုမျိုးစုံပါဝင်တာမို့ ခပ်ပျော့ပျော့နဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။သွေးပြန်ကြောတွေကို ဖိလိုက်လွှတ်လိုက် လှုပ်ရှားမှုတွေဖြစ်စေတာမို့သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။ သုတေသနတွေအရယောဂကစားခြင်းက နှလုံးသွေးကြောစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် အကျိုးရှိတယ်လို့တွေ့ရှိထားပါတယ်။

(၃) အဆီများတဲ့ငါး စားပါ

အကျိုးပြုအဆီဓါတ် omega-3fatty acidsတွေများတဲ့ ငါးတွေကို စားရင် နှလုံးသွေးကြောကျန်းမာရေးနဲ့သွေးလည်ပတ်မှုကို ပိုကောင်းစေနိုင်တယ်လို့လေ့လာတွေ့ရှိထားပါတယ်။ အဆီများတဲ့ငါးတွေက – ဆယ်လ်မွန်ငါး၊ မက်ခရယ်ငါး၊ ဆာဒင်း၊ တူနာ တို့ပါဝင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေအတွက်တော့ ကိုက်လန်၊ ပင်ပွားစေ့၊ အခွံမာသီးနဲ့အစေ့အဆန်တွေကို စားလို့ရပါတယ်။

(၄) နှိပ်နယ်ပါ

ခပ်ကြမ်းကြမ်းအနှိပ်ခံဖို့မဟုတ်ပါဘူးနော်။ Spa သွားပြီးတော့လည်းငွေကုန်စရာမလိုပါဘူး။ ကိုယ့်ရဲ့ခြေထောက်၊ ခြေမျက်စိ၊ ခြေဖဝါးတို့ကို သံလွင်ဆီလေးနဲ့ အသာအယာနှိပ်နယ်ပေးလို့ရပါတယ်။ လက်ချောင်းထိပ်လေးနဲ့ ခပ်ဖွဖွနှိပ်နယ်ပေးတာကသွေးကြောတွေကိုကျယ်စေပြီး ကြွက်သားတွေကိုပြေလျော့စေတယ်၊ရောင်ရမ်းမှုတွေကို သက်သာစေတယ်။

(၅) သံဓါတ်ပမာဏကို ထိန်းပါ

သံဓါတ်ဟာသွေးလည်ပတ်မှုစနစ်အတွက် မရှိမဖြစ်အရေးပါတဲ့သတ္တုဓါတ်ဖြစ်ပါတယ်။ သူက သွေးနီဥဆဲလ်တွေမှာအဓိကပါဝင်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ကို သံဓါတ်လိုအပ်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ဟင်းနုနွယ်၊ ပဲနဲ့ အသည်း စတာတွေကနေ ရရှိနိုင်ပါတယ်။

ဒါပေမယ့် အားဆေးတွေသောက်၊ သံဓါတ်ကြွယ်ဝတာတွေစားလွန်းရင် သံဓါတ်လွန်ကဲတတ်တာ သတိပြုပါ။ သံဓါတ်လွန်ကဲတဲ့အခါ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်နော်။ ၂၀၁၃ ခုနှစ်က သုတေသနအရ ခန္ဓါကိုယ်ထဲ သံဓါတ်လွန်ကဲနေခြင်းက ကိုလက်စထရောများခြင်း၊ ခါးပတ်လည်အဆီများခြင်းတို့နဲ့ ဆက်နွှယ်နေတာတွေ့ရပါတယ်။

ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အဓိကကျတဲ့သွေးလည်ပတ်မှုစနစ်ကိုကောင်းအောင် ဂရုစိုက်ပေးလိုက်ပါ။ နေရတာ ထူးခြားလာပါလိမ့်မယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/increase-blood-flow-vitamins

Accessed July 18, 2019.

https://www.medicalnewstoday.com/articles/320793.php

Accessed July 18, 2019.

https://www.webmd.com/dvt/ss/slideshow-dvt-improve-circulation?ecd=wnl_spr_071719&ctr=wnl-spr-071719_nsl-LeadModule_cta&mb=XqDqxdS5atrOcb6CvGW2XhXFE73IOX1c1SGbzvGUxlE%3d

Accessed July 18, 2019.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်စွာ ဘဝနေထိုင်နည်း

အလုပ်များသူတို့အတွက် ယောဂပုံစံ ၄မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ