သွေးတိုး၊ ဆီးချိုကို ထိန်းနိုင်မယ့် ဆေးဖက်ဝင်ပစ္စည်း (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 1 min read
Share now

ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုတာနဲ့ အရင်လို စားလို့သောက်လို့မရတော့သလို နေထိုင်သွားလာလှုပ်ရှားမှုတွေမှာလည်း သတိထားဆင်ခြင်လာရပါတယ်။ သွေးတိုးနဲ့ဆီးချိုဆိုတာ မထိန်းသိမ်းလို့မဖြစ်တဲ့ အန္တရာယ်ကြီးတဲ့ရောဂါအခြေအနေတွေဖြစ်ပါတယ်။

သွေးတိုးကျစေနိုင်တဲ့တိုင်းရင်းဆေးနည်းတွေကို တော်တော်များများသိကြပေမယ့် သွေးတိုးကိုရော ဆီးချိုကိုပါ ထိန်းညှိပေးနိုင်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေရှိနေသေးတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေက ဟင်းခတ်အမွှေးအကြိုင်တွေအဖြစ် အသုံးများလို့ ဟင်းထဲထည့်ချက်ရုံနဲ့ဆေးဖက်ဝင်အာနိသင်တွေရနိုင်ပါတယ်။

(၁) ပင်စိမ်း

အနံ့ပြင်းရှရှနဲ့ ထမင်းမြိန်စေတတ်တဲ့ ပင်စိမ်းရွက်က သွေးတိုးကျစေနိုင်ပါတယ်။ ဟင်းချို၊ အသုပ် စတာတွေမှာ ပင်စိမ်းလေး ထည့်ခတ်စားရရင် ခံတွင်းလည်းတွေ့၊ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်တဲ့။

(၂) သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က သွေးတိုးကိုကျစေတဲ့အပြင် ဆီးချိုသမားတွေဟာလည်း နေ့တိုင်း တစ်နည်းနည်းနဲ့ ထည့်သွင်းစားသုံးသင့်တယ်လို့ ဆိုကြပါတယ်။

(၃) နှမ်းကြတ်စေ့

နှမ်းကြတ်စေ့မှာ Omega-3 fatty acids ကြွယ်ဝပါတယ်။ Omega-3 fatty acids က သွေးတိုးကျစေတဲ့အပြင် နှလုံးသွေးကြောမာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ ကိုလက်စထရောလျော့ကျစေတဲ့အချက်နဲ့ လူသိများပြီး ဂလူးကို့စ်ခံနိုင်ရည်ကိုတိုးတက်စေပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ခံတွင်းနံ့ဆိုးစေနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးက များပါတယ်။ သူက သွေးကြောတွေကိုချဲ့ပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေလို့ သွေးတိုးကိုကျစေပါတယ်။

(၅) ချင်း

စားတဲ့အထဲမှာ ချင်းအနည်းငယ်ထည့်စားပေးခြင်းအားဖြင့် သွေးတိုးကိုထိန်းညှိပေးနိုင်ပါတယ်။ သွေးကြောတွေကိုပြေလျော့စေပြီး သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ ချင်းသုပ်လေးသုပ်စားတာလည်း ဆေးဖက်ဝင်ပါတယ်။

(၆) နံနံစေ့

နံနံစေ့ဟာ ဆီးရွှင်စေပြီး သွေးတိုးကျစေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။ ဟင်းထဲမှာ၊ စွပ်ပြုတ်၊ဟင်းရည်စတာတွေမှာထည့်သုံးကြပါတယ်။ တရုတ်နံနံပင်ရော၊ အစေ့မှာပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပါဝင်နေပါတယ်။

(၇) ဖာလာစေ့

ဖာလာစေ့ကိုနေ့တိုင်းစားသုံးပေးရင် သွေးတိုးကိုကျစေပြီး ဆီးချိုကိုပါထိန်းညှိပေးနိုင်ပါတယ်။ ဒါကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့သုံးစွဲနေကျ အာရှမှာတော့ ဟန်ကျလှပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

တေးသီချင်းတွေ၊ ဂီတ သံစဉ်တွေကို နေ့စဉ် နားသောတဆင်တဲ့အခါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေ ရရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read