နှလုံးထိခိုက်ခြင်း နှင့် နှလုံးရောဂါ ကို ဘယ်လို ခွဲခြားကြမလဲ
နှလုံးရောဂါ က နှလုံးသွေးကြော ပိတ်ခြင်း၊ ပိတ်လုနီးပါး ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးကြော ပိတ်ရတာက
အဆီလုံးနဲ့ ကျဉ်းနေတဲ့ နေရာမှာ သွေးခဲဖြင့် ပိတ်သွားလို့ ဖြစ်ရပါတယ်။ နှလုံးထိခိုက်ခြင်းက သွေးကြောမပိတ်လဲ ဖြစ်လို့ရပါတယ်။ နှလုံးထိခိုက်ခြင်းမှာ နှလုံးဆီကို သွေးထောက်ပံ့မှု နည်းသွားသော်လည်း သွေးကြောပိတ်ခြင်း မရှိပါဘူး။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Broken heart syndrome (နှလုံးကွဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။
အသက် ၅၀ ကျော် တဲ့ လူတွေမှာ ပိုဖြစ်ပါတယ်။
အာရုံကြော နှင့်ဆိုင်သော ရောဂါ တွေဖြစ်တဲ့ ခေါင်းထိခိုက်မှု၊ အတက်ရောဂါ ရှိတဲ့ လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။
ယခင်က ဖြစ်စေ၊ လတ်တလော စိတ်ရောဂါ (စိတ်ကျရောဂါ၊ စိတ်ပူဆွေးမှု) ခံစား နေရလျှင် ပိုဖြစ်နိုင်ပါတယ်။
ရောဂါ ရှာဖွေမှု နှင့် ကုသမှု
ထို အချက်အလက်တွေက ဆေးပညာ အစားထိုး မဟုတ်ပါ။ သင့် ဆရာဝန်နှင့် အမြဲ တိုင်ပင်ပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Broken heart syndrome (နှလုံးကွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရှိတယ်လို့ သံသယ ရှိရင် ဆရာဝန်က အောက်ပါ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။
ရောဂါ ရာဇဝင် မေးမြန်းခြင်း နှင့် စမ်းသပ်ခြင်း။ စမ်းသပ်ခြင်းအပြင် ဆရာဝန်က သင် ခံစားနေရတဲ့ ရောဂါ လက္ခဏာတွေ အကြောင်း သေချာ သိချင်ပါတယ်။ နှလုံးထိခိုက်နေတဲ့ လူတွေမှာ များသောအားဖြင့် ရောဂါလက္ခဏာ မပြကြပါဘူး။ ဆရာဝန်တွေက သင် လတ်တလော ပူဆွေးသောက ရောက်မှု ( ချစ်ခင်သူတွေ သေဆုံးမှု) ရှိ မရှိ သိချင်ကြပါတယ်။
ECG ရိုက်ခြင်းက ခန္ဓါကိုယ်ကို ထိုးဖောက်စရာ မလိုတဲ့ စမ်းသပ်မှုပါ။ နှလုံးကို ခုန်စေတဲ့ လှုံ့ဆော်မှုကို မှတ်သားခြင်း ဖြစ်ပါတယ်။ ECG က လှုံ့ဆော်မှုကို မှတ်တမ်းတင်ပြီး ECG ကို ကြည့်၍ ဆရာဝန်က စည်းချက် မှန် မမှန် နှင့် နှလုံးကောင်းမကောင်း ဆုံးဖြတ်ပေးပါတယ်။
Echo ရိုက်ခြင်း ။ ဒီနည်းက နှလုံးထိခိုက်ခြင်းရဲ့လက္ခဏာဖြစ်တဲ့ နှလုံးကြီးနေခြင်း၊ ပုံမမှန်မှုများရှိနေခြင်း တို့ကို သိနိုင်ပါတယ်။ ultrasound ရိုက်ခြင်းဖြင့်လည်း နှလုံး တည်ဆောက်ပုံ နဲ့ အလုပ် လုပ်မလုပ် သိနိုင်ပါတယ်။
Ultrasond ရိုက်တဲ့ အခါ လှိုင်းတွေရဲ့ ပဲ့တင်ထပ်မှုတွေကို ခန္ဓါကိုယ် ပြင်ပမှ ကိရိယာနဲ့မှတ်တမ်းတင်ပါတယ်။ ပုံရိပ်တွေကို ကွန်ပျူတာမှာ ဗွီဒီယို ပုံစံဖြင့် ကြည့်နိုင်ပါတယ်။
သွေးစစ်ဆေးခြင်းများ။ နှလုံးထိခိုက်နေတဲ့ လူတွေရဲ့ သွေးထဲမှာ ဓါတ်ကူပစ္စည်း အချို့ တက်နေပါတယ်။ ဒါကြောင့် ဆရာဝန်တွေက သွေးစစ်ခိုင်းကြပါတယ်။
ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်း။ နှလုံးကြီးမကြီး သိဖို့ ဓါတ်မှန် ရိုက်ခိုင်းကြပါတယ်။ အဆုတ်မှာ ပြသနာ ရှိ၊ မရှိ သိဖို့လည်း ဓါတ်မှန် ရိုက်ခိုင်းကြပါတယ်။
သံလိုက် ဓါတ်မှန် ရိုက်ခြင်း အတွက် သံလိုက် စက်ကွင်း ရှိတဲ့ ထုလုံးပုံစံ စက်ထဲက စားပွဲပေါ်မှာ လဲလျောင်း ရပါမယ်။ သံလိုက်စက်ကွင်းကြောင့် ရုပ်ပုံတွေ အသေးစိတ် ပေါ်လာပြီး ဆရာဝန်က နှလုံးကို သေချာ စစ်ဆေးနိုင်ပါတယ်။
Coronary angiogram ။ သွေးကြောထဲကို ဓါတ်မှန်စက်မှာ မြင်ရတဲ့ ဆိုးဆေး တစ်မျိုး ထိုးထည့်ပြီး ကြည့်တာ ဖြစ်ပါတယ်။ ဓါတ်မှန်စက်က ပုံရိပ်တွေကို မှတ်တမ်းတင်ပြီး သွေးကြောတွင်းကို သေချာ ကြည့်နိုင်ပါတယ်။
နှလုံးထိခိုက်ခြင်းက နှလုံးရောဂါရဲ့လက္ခဏာတွေနဲ့ဆင်တူပါတယ်။ angiogram ရိုက်ပြီး ခွဲခြားနိုင်ပါတယ်။ နှလုံးထိခိုက်တဲ့ လူတွေရဲ့ သွေးကြောထဲမှာ ပိတ်ဆို့ခြင်းမရှိပါဘူး။ နှလုံးရောဂါနဲ့လူတွေမှာပဲ သွေးကြောတွင်း ပိတ်ဆို့မှု ရှိတာပါ။
သင့်မှာ နှလုံးရောဂါ မရှိတာ သေချာရင် နှလုံးထိခိုက်ခြင်းရဲ့လက္ခဏာတွေကို ဆရာဝန်က ရှာဖွေပါလိမ့်မယ်။
Broken heart syndrome (နှလုံးကွဲခြင်း) ကို ဘယ်လိုကုသပါသလဲ
နှလုံးထိခိုက်ခြင်း အတွက် စံသတ်မှတ်ထားတဲ့ ကုသမှု မရှိပါ။ ရောဂါကို တိကျစွာ မသိခင်မှာ နှလုံးရောဂါကို ကုသပုံနဲ့ဆင်ပါတယ်။ အများစုက ဆေးရုံတက်ကာ ကုသမှု ခံယူကြပါတယ်။
ရောဂါလက္ခဏာတွေက နှလုံးထိခိုက်လို့ဖြစ်တာ သေချာရင် ACEI , beta blockers တို့ပေးပါလိမ့်မယ်။ ဒီဆေးတွေက နှလုံးအလုပ်လုပ်တာကို လျော့စေပြီး နောက်တစ်ခါ မဖြစ်စေဖို့ကာကွယ်ပါတယ်။
အများစုကတော့ တစ်လအတွင်း လုံးဝပျောက်ကင်း သွားကြပါတယ်။ သင်နေကောင်းသွားလျှင် ဆေးတွေကို ဘယ်လောက်ကြာအောင် သောက်ရမလဲ ဆိုတာ ဆရာဝန်ကို မေးပါ။ ဆေးအများစုကို သုံးလမှ ခြောက်လအတွင်း ရပ်တန့်နိုင်ပါတယ်။
သွေးကြောပြင်ခြင်း၊ စတန့်ထည့်ခြင်း၊ ခွဲစိတ်ခြင်း တွေက နှလုံးထိခိုက်မှု အတွက် အကူအညီ မဖြစ်ပါဘူး။ ၎င်းတို့က သွေးကြောပိတ်ဆို့မှု ကို ကုသတဲ့ နည်းလမ်းတွေပါ။ angiogram ရိုက်ခြင်းဖြင့် ရင်ဘတ်အောင့်ရခြင်း အကြောင်း ကို သိနိုင်ပါတယ်။
ဘဝနေထိုင်မှု ပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးဝါးများ
အောက်ပါနည်းလမ်းတွေက ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။
ဒီရောဂါက နောက်ထပ် ထပ်ဖြစ်နိုင်ခြေ နည်းပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းကိုတော့ သက်သေပြထားတာ မရှိပါဘူး ။
ဆရာဝန်အများစုကတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ဟော်မုန်းတွေရ့ဲ နှလုံး အပေါ် သက်ရောက်မှုကို တားဆီးတဲ့ beta blocker လို ဆေးတွေ သုံးပါတယ်။ ဖိအားများကို ထိန်းချုပ်နိုင်ခြင်းက နှလုံးကို မထိခိုက်ဖို့ ကာကွယ်ပါတယ်။
မေးချင်တဲ့ မေးခွန်း ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဒါက အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။