backup og meta

နှလုံးရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့အရာတစ်ခု (သို့မဟုတ်) သွေးအမျိုးအစား

နှလုံးရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့အရာတစ်ခု (သို့မဟုတ်) သွေးအမျိုးအစား
ဘာသွေးအမျိုးအစားလဲလို့မေးလိုက်ရင်….. အရေးများကြီးလို့လားလို့တွေးနေလား။ အရေးကြီးတာကြောင့်ပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ သွေးအမျိုးအစားကနေတဆင့် နှလုံးရောဂါ ခံစားရနိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရနိုင်ပါတယ်နော်။

သွေးအမျိုးအစားက ဘယ်လိုများသက်ရောက်နေလဲ

သွေးအမျိုးအစားက အရေးပေါ်သွေးလိုတဲ့အချိန်မှာပဲ သိထားဖို့လိုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ဂရုစိုက်ရာမှာလည်းသွေးအမျိုးအစားက သက်ရောက်မှုရှိနေပါသတဲ့။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ သိလာရတာကသွေးအမျိုးအစားက နှလုံးရောဂါ ခံစားရနိုင်ခြေကို ခန့်မှန်းရာမှာ အရေးပါလာတယ်ဆိုတာပါ။
ဘယ်လိုတိုင်းတာလဲ
တိုင်းတာတာကတော့ ပုံမှန်အတိုင်းပါပဲ။ လူတစ်ယောက်မှာ နှလုံးရောဂါဖြစ်နိုင်လားဆိုတာကို တိုင်းတာတဲ့ အခြေခံအချက်တွေဖြစ်ကြတဲ့သွေးပေါင်ချိန်သွေးတွင်းကိုလက်စထရော၊ ကိုယ်အလေးချိန်စတာတို့နဲ့ပါ။ ဒါကသွေးအမျိုးအစားနဲ့ ဆိုင်လို့လားဆိုရင်တော့ ဆိုင်တယ်လို့ပဲပြောရပါမယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင်သွေးအမျိုးအစားကိုလိုက်ပြီးသွေးပေါင်ချိန်၊သွေးတွင်း ကိုလက်စထရောပမာဏတွေကွာခြားနိုင်လို့ပါနော်။ ဒီအချက်ကို သိနိုင်ဖို့ ဟားဗတ်စ်ဆေးတက္ကသိုလ်နဲ့ ဟားဗတ်စ်ကျန်းမာရေးဌာနက ပါရဂူတစ်ဦးဖြစ်တဲ့ သုတေသီLu Qi ကလေ့လာခဲ့တာပါ။
လူတစ်ယောက်အဖို့သွေးအမျိုးအစားကပြောင်းလဲလို့မရပါဘူး။ပြောင်းလဲလို့မရတဲ့သွေးအမျိုးအစားကပဲ ခန္ဓါကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ခန့်မှန်းလို့နိုင်ပါတယ်နော်။လေ့လာမှုအရသိရတာက အိုသွေးအမျိုးအစား ပိုင်ရှင်လေးတွေက ရုတ်တရက်နှလုံးရပ်တာ၊ နှလုံးရောဂါခံစားရတာနဲ့လေဖြတ်တာမျိုး ခံစားရနိုင်ခြေက အခြားသွေးအမျိုးအစားတွေထက်နည်းပါတယ်။ ရုတ်တရက် နှလုံးရပ်နိုင်ခြေလေဖြတ်နိုင်ခြေနဲ့နှလုံးရောဂါ ခံစားရနိုင်ခြေ အမြင့်ဆုံးသွေးအမျိုးအစားပိုင်ရှင်တွေကအေဘီသွေးလေးတွေပါနော်။ ဒီလေ့လာမှုရလဒ်အတွက် နှစ် ၂၀ကျော်ကြာ အရွယ်ရောက်ပြီးသူ ၉၀၀၀၀ ကိုလေ့လာခဲ့တာပါ။
လေ့လာမှုအတွင်း သိရတဲ့နောက်ထပ်အချက်တစ်ခုက သွေးအမျိုးအစားအပြင်လူတစ်ယောက်ရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေအပေါ်မှာသက်ရောက်နေတဲ့ အခြားအချက်တွေက အသက်အရွယ်အပိုင်းအခြား၊ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ လိင်ပိုင်းဆိုင်ရာကွဲပြားမှု၊ လူမျိုး၊ ခန္ဓါကိုယ်ညွှန်းကိန်း၊ စားသောက်မှုပုံစံ၊ဆေးလိပ်သောက်ခြင်း၊သွေးဆုံးချိန်၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ရောဂါအခံရှိ၊မရှိဆိုတဲ့ အချက်တွေပါ။

သွေးအမျိုးအစားအလိုက်ကွဲပြားသွားတဲ့ နှလုံးရောဂါခံစားရနိုင်ခြေ

သွေးအမျိုးအစားကိုလိုက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေက အခုလိုကွာခြားနေပါတယ်နော်။
  • အေဘီ သွေး ပိုင်ရှင်လေးတွေက အိုသွေးပိုင်ရှင်တွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများနေပါတယ်။
  • အေ သွေးပိုင်ရှင်လေးတွေကတော့ အိုသွေးပိုင်ရှင်တွေထက် နှလုံးရောဂါခံစားရနိုင်ခြေ ၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
  • ဘီသွေးပိုင်ရှင်လေးတွေကတော့ အိုသွေးပိုင်ရှင်တွေထက် နှလုံးရောဂါခံစားရနိုင်ခြေက ၁၁ ရာခိုင်နှုန်း ပိုများနေပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း

အခုလေ့လာမှုအပြင် အခြားလေ့လာမှုတွေ့ရှိချက်တွေကိုပါ သုံးသပ်မှုကနေ သိရှိလာရတဲ့ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်တွေကတော့

အေသွေး

သွေးတွင်းမှာ အကျိုးပြု ကိုလက်စထရော (LDL) နည်းပြီး အကျိုးမပြု ကိုလက်စထရော များတာကြောင့်သွေးတွင်းမှာ ကိုလက်စထရောများပြီးသွေးကြောေတွ ပိတ်ဆို့တာကြောင့်ပါ။

အေဘီသွေး

ရောင်ရမ်းမှုကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုရောင်ရမ်းမှုကသွေးကြောတွေရဲ့ လုပ်ဆောင်မှုအပေါ်ထိခိုက်မှုဖြစ်ပြီးသွေးကြောတွေ ကောင်းကောင်းအလုပ်မလုပ်ဆောင်နိုင်မှုရဲ့ အကျိုးဆက်အနေနဲ့ နှလုံးရောဂါခံစားရနိုင်ခြေမြင့်ရတာပါ။

ဘီသွေး

ကိုယ်တွင်းမှာ စိုးရိမ်ပူပန်မှုတွေမြင့်တက်စေတဲ့ ဓါတ်တွေ အခြားသွေးအမျိုးအစားတွေထက် ပိုများနေတတ်ပါတယ်။ စိတ်ဖိစီးမှုများတတ်သူလေးတွေပေါ့။ ဒီစိတ်ဖိစီးမှုကပဲ ကျန်းမာရေးအပေါ်မှာ ထိခိုက်လာစေတာပါ။

အိုသွေး

သွေးစီးဆင်းမှုကောင်းမွန်စေတဲ့ အားသာချက်ရှိသလို ကိုယ်တွင်း ဇီဝတွင်းဖြစ်ပျက်မှုဖြစ်စဉ်ကလည်း အခြားသွေးအမျိုးအစားတွေထက်ပိုမြင့်သူတွေပေါ့။ သွေးခဲတာမျိုးဖြစ်နိုင်ခြေနည်းပါတယ်။ အားနည်းချက်ကတော့ ထိခိုက်မှုတွေဖြစ်တဲ့အခါသွေးတိတ်ဖို့ အချိန်ကြာတတ်တာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်ပေမယ့် နှလုံးရောဂါဖြစ်နိုင်ခြေကတော့နည်းပါတယ်။

ဒါကြောင့်သွေးအမျိုးအစားအလိုက် ကျန်းမာရေးကို ဂရုစိုက်လို့ နှလုံးရောဂါကင်းပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ဖန်တီးလိုက်ပါနော်………………….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your Blood Type Could Be Linked to a Higher Risk of Heart Attack or Strokehttps://www.sciencealert.com/your-blood-type-could-be-linked-to-a-higher-risk-of-heart-attack-or-stroke Accessed Date 1 May 2019

Blood Type May Impact Heart Riskhttps://www.webmd.com/heart-disease/news/20120814/blood-type-may-impact-heart-risk Accessed Date 1 May 2019

Blood Type May Affect Heart Disease Riskhttps://www.medicalnewstoday.com/articles/249071.php Accessed Date 1 May 2019

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝိတ်ချတဲ့အခါ သွေးအမျိုးအစားအလိုက် စားပေးသင့်သည်များ

သွေးအမျိုးအစားမတူသော်လည်း ကျောက်ကပ်အစားထိုးလို့ရပါပြီ



Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement