backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တစ်နေ့ကို အရက် တစ်ခွက်သောက်ခြင်းဖြင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါကို လျှော့ချနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တစ်နေ့ကို အရက် တစ်ခွက်သောက်ခြင်းဖြင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါကို လျှော့ချနိုင်ပါတယ်

နှလုံးကြွက်သားမှ ခန္ဓာကိုယ်တစ်လျှောက် အတွက် လုံလုံလောက်လောက် သွေးမညှစ်ပေးနိုင်လျှင် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ (heart failure) ဖြစ်နိုင်သည်။

ဤအခြေအနေကို ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း၂၃သန်း နီးပါးတွင် ခံစားနေရသည်။ ဖြစ်နိုင်သည့် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့မှာ ယခင်က နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းဖြစ်ဖူးလျှင် ၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ဖြစ်သည်။

သို့သော်လတ်တလော လေ့လာမှုများတွင် နေ့စဉ် အရက်၁ခွက်(သို့) ၂ခွက်သောက်ခြင်းက သင့်နှလုံးအလုပ်မလုပ်နိုင်ခြင်းမှ လျှော့ချပေးသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်လတ်ပိုင်းများတွင်ဖြစ်သည်။

အရက်သောက်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေ ဆက်နွယ်မှု

စိတ်ဝင်စားစရာကောင်းသည်မှာ ဥရောပနိုင်ငံနှလုံးကျန်းမာရေးဆိုင်ရာ လေ့လာထုတ်ပြန်ခဲ့သည့် ဂျာနယ်တစ်ခုတွင် အသက်၄၀၊ ၅၀၊ ၆၀ရှိပြီး တစ်ပတ်ကို ဖန်ခွက်၇ခွက်စာသောက်သည့်အမျိုးသားများတွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းနှုန်းကို ၂၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ပါသည်။ အမျိုးသမီးများတွင် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။

အနည်းငယ်(သို့) အသင့်အတင့် အရက်သောက်ခြင်းက နှလုံးရပ်ခြင်းဖြစ်နှုန်းကို လျှော့ချရာတွင် ကူညီပေးနိုင်သည်။ လေ့လာမှုတစ်ခုမှာ တစ်နေ့လျှင် တစ်ခွက်(သို့) နှစ်ခွက် သောက်သည့် အမျိုးသားများသည် လုံးဝမသောက်သည့် အမျိုးသားများနဲ့ယှဉ်လျှင် နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းပိုနည်းကြောင်းပြောထားပါသည်။

ဆရာဝန်အများစုက အရက်အနည်းငယ် သောက်ခြင်းသည် နှလုံးစွမ်းဆောင်ရည် ကျဆင်းသော ရောဂါဖြစ်နှုန်းကို မများစေကြောင်း သဘောတူကြသည်။ ထို့ပြင် နှလုံးကျန်းမာရေးကိုပင် ကာကွယ်ပေးနိုင်သည်။

သုတေသနများမှ အမျိုးသမီးများအတွက် တစ်ရက် ကို ၁ ခွက် ၊ အမျိုးသားများအတွက် တစ်ရက်ကို ၂ ခွက်အထိ သောက်လို့ရသည် ဟု ဖော်ပြထားသည်။ အရက် ၁ ခွက်တွင်ပါဝင်သည့် အကြံပြုထားသည့် ပမာဏမှာ ၁၄ဂရမ်ဖြစ်သည်။ ၎င်းမှာ ဝိုင်ဖန်ခွက်အသေးစားတစ်ခွက်၊ ဘီယာပိုင့်တစ်ဝက်၊ ဝီစကီ(သို့) ဗော်ကာ ၁ခွက်နှင့် ညီမျှသည်။

များလွန်းလျှင်မကောင်းပါ။

လေ့လာမှုအများအပြားတွင် တွေ့ခဲ့ရသလိုပင် အသင့်အတင့်အရက်သောက်ခြင်းသည် နှလုံးကျန်းမာရေးအတွက်ကာကွယ်ပေးနိုင်သည်။ သို့သော် အရက်အများအပြားသောက်ခြင်း(သို့) အရက်စွဲခြင်းက မည်သည့် အကြောင်းကြောင့် မဆို သေဆုံးမှု ဖြစ်နိုင်သည်ကို သိထားရန်လိုအပ်ပါသည်။

အကြံပြုထားသည့် ပမာဏထက်ပိုသွားလျှင် ဆိုးဝါးသောပြဿနာများသည် သင့်နှလုံးကိုသာမက ကျန်းမာရေးတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်သည်။

အမျိုးသားနှင့် အမျိုးသမီးကြားကွဲပြားမှု

ဆရာဝန်အများစုသည် အရက်၏ နှလုံးပေါ်တွင် သက်ရောက်မှုက လိင်ပိုင်းဆိုင်ရာ အရ ကွဲပြားမှုရှိသည်ဟု ပြောကြပါသည်။ အချို့လေ့လာမှုများတွင် အမျိုးသမီးများက အရက်ကိုစုပ်ယူ၍ ချေဖျက်ခြင်းတွင် အမျိုးသားများနှင့် ကွဲပြားမှုရှိသည်ကို ပြသပါသည်။

အကြောင်းမှာ သူတို့တွင် အဆီပမာဏများပြားခြင်းကြောင့်ဖြစ်သည်။

ဆိုလိုသည်မှာ အမျိုးသမီးများတွင် သွေးတွင်းအရက်ပြင်းအားပမာဏသည် သောက်သုံးလိုက်သည့်ပမာဏထက် ပို၍ များတတ်ပါသည်။ ထို့ပြင် လေ့လာသူများသည် အမျိုးသမီးများထက် အမျိုးသားများတွင် အရက်၏ ကာကွယ်နိုင်သော အကျိုးက ပိုများကြောင်း တွေ့ရှိထားပါသည်။

သို့သော် အရက်အလွန်အကျွံသောက်သူများတွင် (၁ပတ်ကို ၁၄ခွက်နှင့် အထက်) ကျား/မ မရွေး ကောင်းကျိုးမရရှိနိုင်ပါ။

နေ့စဉ် အရက် ၁ ခွက်သောက်ခြင်းက နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါဖြစ်နိုင်ချေ နည်းစေသော်လည်း နှလုံးကို ကာကွယ်သည့် ကုသမှုတစ်ခု အနေနှင့် တော့ မထောက်ခံပါ။

အရက်၏ ကောင်းကျိုးကိုသာခံစားနိုင်စေဖို့ တန်ဆေးလွန်ဘေးဆိုသည့်စကားကို အမြဲသတိပြုပါ။

Dr. Saw Yan Naing

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement