backup og meta

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကဘာလဲ။

နှလုံးသွေးဝင်ခန်းတွန်းနှင်အားက AV node and/or His bundleကို ဖြတ်ရာမှာနှောင့်နှေးနေတာမျိုး သို့မဟုတ် လုံးဝကိုမဖြတ်နိုင်တော့တဲ့အခါမှာ ဖြစ်ပါတယ်။

လူနာတွေမှာ လက္ခဏာမပြတတ်တာလည်းဖြစ်နိုင်သလို ရင်တုန်ခြင်း၊ မူးမေ့ခြင်းစတဲ့လက္ခဏာအမျိုးမျိုးကိုလည်း ကြုံတွေ့ရနုငိပါတယ်။

မိုဘစ်အမျိုးအစား၂မှာဆိုရင် AV blockကနေ နှလုံးတစ်ခုလုံး complete heart blockရတဲ့အထိဆိုးသွးာနိုင်ပြီး သေဆုံးနိုင်ချေများပါတယ်။

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်နည်းပြီး အမျိုးသားရောအမျိုးသမီးရောမှာ ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

လက္ခဏာမပြခြင်း ( သေချာထရိနိးလုပ်ထားတဲ့အားကစားသမားတွေနဲ့ နှလုံးပုံမမှန်ခြင်းကြောင့်ဖြစ်တဲ့နှလုံးရောဂါမရှိတဲ့လူနာတွေလိုမျိုး အမျိုးအစား၁လူနာတွေမှာပိုအဖြစ်များပါတယ်။ )

မူးနောက်နောက်ဖြစ်ခြင်း၊ လဲကျခြင်း ( အမျိုးအစား၂မှာ ပိုအဖြစ်များပါတယ်။ )

ရင်ဘတ်အောင့်ခြင်း၊ နှလုံးဘလော့ဖြစ်ခြင်းက နှလုံးကြွက်သားရေင်ရမ်းခြင်း၊ နှလုံးကြွက်သားများပျက်စီးခြင်းနဲ့ဆက်နွှယ်နေခဲ့မယ်ဆိုရင် ဖြစ်ပါတယ်။

နှလုံးခုန်သံ ပုံမမှန်ခြင်းပုံမှန်ဖြစ်နေခြင်း

နှလုံးခုန်နှေးခြင်း

လက္ခဏာပြတဲ့လူနာတွေမှာ သွေးပေါင်ချိန်ကျခြင်းအပါအဝင် အင်္ဂါအစိတ်အပိုင်းများဆီသွေးအရောက်နည်းခြင်း လက္ခဏာတွေဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Atrioventricular nodeကို အလိုအလျောက်အာရုံကြောအဖွဲ့အစည်းကနေတစ်ဆင့် ဒါမှမဟုတ် တိုက်ရိုက် သို့နှစ်နည်းလုံးနဲ့ အနှုတ်သဘောဆောင်သက်ရောက်ပါတယ်။

ဒိုင်ဂေါက်ဇင်၊ ဘီတာဘလော့ကာ၊ ကယ်ဆီယမ်ချန်နယ်ဘလော့ကာနဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းမြန်လွန်းခြင်းနှေးလွန်းခြင်းအတွက်ဆေးတွေက ဒီရောဂါမှာပါဝင်ပတ်သက်နေပါတယ်။ ဒိရောဂါကိုဖြစ်စေတဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းမြန်လွန်းခြင်းသို့နှေးလွန်းခြင်းအတွက်ဆေးတွေဖြစ်တဲ့ ပရိုကိန်းနမိုက်လိုမျိုး ဆိုဒီယမ်ချန်နယ်ဘလော့ကာတွေက His-Purkinje systemအဖျားပိုင်း impulseတွေမဖြတ်နိုင်တော့တာမျိုး ဖြစ်စေပါတယ်။ ရောင်ရမ်းခြင်း၊ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာနဲ့ သွေးကြောကော်လာဂျင်ဆိုငရာပြဿနာတွေက AVN blockနဲ့ဆက်နွယ်နေပါတယ်။

နှလုံးအတွင်းသားများရေင်ခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ လိုင်းမ်ရောဂါ၊ ယာယီလေးဘက်နာအဖျားစတဲ့ ရောင်ရမ်ခြင်းဆိုင်ရာရောဂါများ

အမိုင်လွိုက်ဒိုစစ်၊ ဟီမိုခရိုမက်တိုစစ်၊ ဆာကွိုက်ဒိုဆစ် (AV conductionပုံမမှန်ဖြစ်ခြင်းတွေက ဆာကွိုက်ဒိုစစ်ရဲ့ပထမဆုံးလက္ခဏာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

နှလုံးအကျိတ်များ

ထိခိုက်မိခြင်း ( အထူးသဖြင့် left bundle-branch blockအတွက် နှလုံးထည့်ပိုက်ကက်သီတာထည့်ရာမှာဖြစ်ပါတယ်။ )

ကက်သိတာကနေတစ်ဆင့် နှလုံးသွေးအဝင်အထွက်အဖွင့်အပိတ်ဗဗ့် အစားထိုးခြင်း

နှလုံးကြွက်သားများ ဆက်ပေးခြင်း

နှလုံးညာဘက်ခြမ်းနဲ့ဘယ်ဘက်ခြမ်းကိုအဆက်နေရာကို အီသနောအသုံးပြုသေးငယ်စေခြင်း ( နှလုံးကြွက်သားများကြီးပြီးပိတ်ဆို့လာခြင်းကိုကုသဖို့အတွက် နှ လုံးဆီထောက်ပံ့တဲ့သွေးကြောကနေတစ်ဆင့်

နှလုံးဘက်ခြမ်းညာခြမ်းအဆက်ကို ပြုပြင်ခြင်း)

နှလုံးသွေးဝင်ခန်းနှစ်ခုအကြားအဆက်၊ နှလုံးသွေးလွှတ်ကြောနှစ်ခုအကြားအဆက်မူမမှန်ခြင်းများအတွက် ကက်သီတာမှတစ်ဆင့်ပိတ်ခြင်း

မွေးရာပါနှလုံးမူမမှန်ခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း အထူးသဖြင့် နံရံအနီးဖြစ်ပါတယ်။

နှလုံးအရိုးငြမ်းကြီး အကြောင်းရင်းမသိဘဲ မာပြီးထူလာခြင်း ( အသက်ကြီးလေပိုဆိုးလာလေဖြစ်ပါတယ်။ )

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ဒီရောဂါနဲ့ပတ်သက်ပြီး သံသယရှိတဲ့အခါမှာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာစစ်ဆေးမှုတွေနြ့ စမ်းသပ်မှုစစ်ဆေးမှုအနည်းငယ်ကို ပြုလိုပ်ပါလိမ့်မယ။် အီစီဂျိရိုက်ခြင်းက second-degree AV blockရှိမရှီနဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။

electrophysiologic testingကနေ ဘလော့ခ်ဖြစ်နေတဲ့နေရာကိုသနိုင်ပြီး ပေ့စ်မိတ်ကာပေးဖို့လိုမလိုသနိုင်ပါတယ်။ ဒီနည်းလမ်းက His-Purkinje (infranodal) blockလို့ သံသယရှိပြီးအတည်မပြု၇သေးတဲ့လူနာတွေအတွက် သုံးနိုင်ပါတယ်။

အခြားဓတာ်ခွဲခန်းဆိုင်ရာစစ်ဆေးမှုတွေကိုလည်း ပြုနိုင်ပါတယ်။

သွေးအတွင်း အလက်ထရိုလိုက်၊ ကယ်ဆီယမ်နဲ့ မဂ`၈နီဆီယမ်ကို တိုငးတာခြင်း

ဒိုင်ဂေါက်ဆင်ပမာဏတိုင်းတာခြင်း

နှလုံးကြွက်သားပျက်စီးတယ်လို့ယူဆရတဲ့လူနာတွေမှာ Cardiac biomarker testingပြုလုပ်ပေးခြင်း

နှလုံးကြွက်သားရေင်ရမ်းခြင်းဆိုင်ရာဓါတ်ခွဲစစ်ဆေးမှုများ ( ဥပမာ- လိုင်းမ်တီတာ၊ အိတ်ခ်ျအိုင်ဗွီဆီရမ်စစ်ခြင်း၊ အန်တရိုဗိုင်းရပ်ကို ပီစီအာနည်းနဲ့စစ်ဆေးခြင်း၊ အဒီနိုင်ဗိုင်းရပ်ပီစီအာ၊ ချာဂါစ်တီတာစစ်ခြင်း)

ကူးစက်ပိုးဆိုင်ရာစစ်ဆေးမှုများ၊ အေပရာပိုးစ် နှလုံးအဖွင့်အပိတ်တံခါးပတ်ပတ်လည်ပြည်တည်နာဖြစ်နေခြင်း

သင့်တော်မယ်ဆိုရင် သိုင်းရွိုက်ဖန်ရှင်းစစ်ဆေးကြည့်ခြင်း

Second Degree Heart Block (ဒုတိယအဆင့် နှလုံးပိတ်ဆို့ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရွယ်ရောက်ပြီးတဲ့လူနာတွေမှာ နှလုံးခုန်နှေးခြင်းကိုဖြစ်စေတမယ်ဆိုရင် ဆရာဝန်က ပေ့စ်မိက်ကာတပ်ဖို့ညွန်ကြားပါလိမ့်မယ်။ နှလုံးရုတ်တရက်ထဖောက်ခြင်းကြာင့် ဖြစ်၇တာဆိုရင် ယာယီပေ့စ်မိက်ကာကိုသာ လိုပါလိမ့်မယ်။ နျလုံးဖောက်ပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ပုံမှန်နှလုံးခုန်နှုန်းကိုပြန်မရဘူးဆိုရင် ပေ့စ်မိက်ကာတစ်သက်လုံးတပ်ထားဖို့လိုပါလိမ့်မယ်။

မွေးရာပါနှလု့းရောဂါနဲ့အတူ second-degree or third-degree heart blockရှိနေပြီး နှလုံးခုန်နှေးသွားတာမျိုး သို့အြားလက္ခဏာတွေမပြဘူးဆိုရင် သင်ကငယ်ရွယ်နေမယ်ဆိုရင် ပေ့စ်မိက်ကာတပ်ဖို့မလိုပါဘူး။

အမှန်တကယ်မှာ လက္ခဏာမပြတဲ့လူနာတွေအတွက် ဆေးရုံမတက်ခင်မည်သည့်ကုသမှုမှ မလိုအပ်ပါဘူး။ လက္ခဏာပြတဲ့အခါမှာသာ အေထရိုပင်းအသုံးပြုခြင်း၊ အရေပြားကိုဖောက်ပြီးပေ့ဆင်းပြုလုပ်ခြင်းစတဲ့ နှလုံးခုန်နှေးခြင်းအတွက် standard advanced cardiac life support (ACLS)ကိုညွှန်းပတယ်။

second-degree AV blockအမျိုးအစား၁ Mobitz I (Wenckebach)အတွက် အရေးပေါ်ကုသဆောင်မှာ လူနာကလက္ခဏာမပြသေးဘူဆးုရင် ကုသမှုပေးဖို့မလိုပါဘူး။ နှလုံးကြွက်သာပျက်စိးနေပြီလို့ယူဆရတဲ့လူနာတွေမှာ သင့်တော်တဲ့ဆေးပေးမှုတွေနဲ့လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။

second-degree AV blockဖြစ်ရခြင်းက ဒိုင်ဂေါက်ဆင်၊ ဘီတာဘလော့ကာ၊ ကယ်ဆီယမ်ချန်နယ်ဘလော့ကာဆေးတွေကြောင့် ဖြစ်ပေါတယ်။ ဆေးပမာကိုလျှော့လိုက်ခြင်းဒါမှမဟတ်ု ဆေးတွေကိုဖြတ်လိုက်ခြင်းက ပုံမှန် AV conductionကိုပြန်ရစေပါတယ်။

Mobitz II blockအမျိုးအစား၂မှာဆိုရင် complete heart blockထိဖြစ်နိုင်ချေများတာကြောင့် ကုသမှုကလည်းကွဲပြားပါတယ်။ အမျိုးအစား၁နဲ့ပါတွဲနေမယ်ဆိုရင် အေဗီနုတ်ဆိုင်ရာဆေးတွေကိုရျေင့်သင်ပြီး နှလုံးကြွက်သားပက်ျစီးနေပြီလို့ယူဆတဲ့အခါမျိုးမှာ သင့်တော်တဲ့ဆေးတေါကိုထည့်ပေးသင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အမျိုအစား၂လူနာတွေမှာ အရေးပေါ်ကုသေဆောင်ကနေဆင်းလာတာနဲ့ နှလု့းအထူးကုဆရာဝန်နဲ့ချက်ချင်း နောက်ဆက်တွဲဖြစ်နိုင်ချေတွေအတွက်စီမံထးသင့်ပါတယ်။

high-grade AV blockဖြစ်နေပြီး လက္ခဏာတွေပြနေမယ်ဆိုရင် လူနာကိုမောနီတာကနေစောင့်ကြည့်ဖို့လိုပြီး နောက်မှာ ဟော်တာနည်းသို့ သရက်မေးနည်းလမ်းတွေလုပ်ပေးပါလိမ့်မယ်။ ညဘက်မှဖြစ်မယ်ဆိုရင် ညဘက်အိပ်မရခြင်းအသက်ရှူမဝခြင်းက အကြောင်းရင်းဖြစ်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Second-degree heart block. https://www.bhf.org.uk/heart-health/conditions/abnormal-heart-rhythms/second-degree-heart-block . Accessed February 8, 2017.
Second-degree heart block. http://emedicine.medscape.com/article/161919-overview#a6 . Accessed February 8, 2017.

ယခုပုံစံ

27/06/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement