backup og meta

သိကိုသိထားသင့်တဲ့ နှလုံးတုန်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း ၁၀ ချက် ။ ။

နှလုံးတုန် တယ်ရင်တုန်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ပါပါတယ်။ နှလုံးဆိုတာ ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံးမလား။ ဒီ အရေးကြီးလှတဲ့ နှလုံးလေး တစ်ခုခုဖြစ်နေပြီလို့ပြတဲ့ အချက်တွေထဲမှာ နှလုံးတုန်တာကလည်း တစ်ခုအပါအဝင်လေ။ ဒါမေပယ့် နှလုံးတုန်တိုင်း ကိုယ့်မှာ နှလုံးရောဂါရှိနေပြီလို့ ပြောလို့ကလည်း မရသေးပါဘူး။ ကျန်းမာရေးပြဿနာမဟုတ်တဲ့ အခြား နှလုံးတုန်စေတဲ့အကြောင်းအရင်းတွေကလည်း ရှိသေးတယ်လေ။

ဒီတော့ နှလုံးတုန်ခြင်းကို ဘယ်လိုအကြောင်းအရာတွေကဖြစ်စေလဲ ဆိုတာ ကြည့်လိုက်ရအောင် ။

( ၁ ) ကဖင်းဓာတ်အလွန်အကျွံသောက်မိတာ

ခုခေတ်ကြီးက ကော်ဖီ လေးတစ်ခွက်လောက်မှာ မသောက်လိုက်ရရင် ကိုယ့်ရဲ့တစ်နေ့တာက ဟာတာတာဖြစ်နေရတဲ့ ခေတ်ကြီးမဟုတ်လား။ တချို့ဆို တစ်ခွက်တောင်မဟုတ်ဘဲ ကော်ဖီ သုံးလေးခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့သူတွေလည်း အများကြီးပါနော်။ အဲဒီမှာ စပြီး သူတို့တွေ ရင်တုန်တာပါပဲ။ ကဖင်းဓာတ်ရဲ့ အာနိသင်ကိုက အလွန်အကျွံသောက်မိလိုက်ရင် ရင်တုန်စေတယ် မဟုတ်လား ။

( ၂ ) စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု

စိတ်ဖိစီးမှု စိုးရိမ်သောကများမှုတွေကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ နှလုံးလေးလည်း အပါအဝင်ပေါ့။ စိတ်ဖိစီးနေတဲ့အချိန် ဆို ကိုယ်တွင်းမှာ adrenaline ဟော်မုန်းတွေ အများကြီးတက်လာလို့ နှလုံးတုန်တဲ့ ပြဿနာဖြစ်စေမှာပါ။

( ၃ ) လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ထားလို့

Gym သွားပြီးလေ့ကျင့်ခန်း လုပ်တဲ့သူတိုင်းသိကြမှာပါ။ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ကိုယ်တွင်းက ကြွက်သားတွေဆီ သွေးအလုံလောက်ရောက်စေဖို နှလုံးက ပိုပြီး အလုပ်လုပ်ရပါတယ် ။ ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်တဲအချိန် နှလုံးခုန်မြန်နေတတ်ပါတယ်။ ဒါက သာမာန်လူတွေမှာတောင် ဖြစ်တာဆိုတော့ အစတည်းက နှလုံးခုန်စည်းချက်မမှန်တဲ့သူတွေဆို ပိုပြီး ဆိုးသွားတတ်ပါတယ်။

( ၄ ) နီကိုတင်း

ဆေးလိပ် တို့ ဆေးရွက်ကြီးတို့မှာပါတဲ့ နီကိုတင်းဓါတ်က သွေးပေါင်ကိုတက်စေပြီး နှလုံးခုန်မြန်စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်နှလုံးလေးကျန်းမာစေချင်ရင် ကောင်းကျိုးတစ်ခုမှ မရှိတဲ့ဆေးလိပ်ကို ဖြတ်လိုက်တာက သာ အကောင်းဆုံးပါ။ တစ်ခုမှတ်ထားရမှာ နဂိုဆေးလိပ်စွဲသောက်နေတဲ့သူတစ်ယေက် ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ nicotine withdrawal ဆိုတဲ့ ဆေးလိပ်ကိုပြင်းပြင်းထန်ထန် တမ်းတတာမျိုးတွေ ခံစားရမှာပါ။ အဲဒီ nicotine withdrawal ရဲ့ လက္ခဏာတွေထဲမှာ ရင်တုန်ကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဆေးလိပ်ဖြတ်ပြီး ၃ ပတ် ၄ ပတ်လောက်အထိ ရင်တုန်းခြင်းကို ခံစား၇တတ်ပါတယ်။

( ၅ ) ဟော်မုန်းအပြောင်းအလဲကြောင့်

ဟော်မုန်းပြောင်းလဲတဲ့ ကာလတွေဖြစ်တဲ့ ဓမ္မတာ ပေါ်ချိန် ၊ ကိုယ်ဝန်ဆောင်ချိန် သွေးဆုံးခါနီးချိန်နဲ့ သွေးဆုံးချိန်တို့မှာ အမျိုးသမီးတွေ ရင်တုန်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။

( ၆ ) အဖျားတက်နေချိန်

ကိုယ်ပူပြီး အဖျားတက်နေချိန်တွေမှာ ကိုယ်ခန္ဓာက စွမ်းအင် သုံးစွဲမှု ၂ဆ မြင့်တက်လာတာကြောင့် နှလုံးလေး ပိုအလုပ်လုပ်ရပြီး နှလုံးခုန်တာတွေလည်း မြန်နေတတ်ပါတယ်။ အပူချိန် ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်လောက် မြင့်သွားပြီဆိုတာနဲ့ နှလုံးလည်း စတုန်လာတော့မှာပါ။

( ၇ ) သွေးတွင်းသကြားဓာတ်နည်း နေတဲ့အခါ

ဗိုက်အရမ်းဆာ နေတဲ့အချိန် လက်တွေကတုန်ကယင်ဖြစ် နှလုံးခုန်တွေမြန်စတဲ့ ခံစားမှုကို ခံစားဖူးကြတယ်မလား။ ဒါတွေအားလုံးကို ဗိုက်ဆာချိန် နည်းနေတဲ့ သွေးတွင်းသကြားရဲ့ သက်ရောက်မှုတွေဖြစ်ပါတယ်။ ဒီလိုပြဿနာကို သွေးတွင်းသကြားဓါတ်မြင့်နေတဲ့ ဝေဒနာပိုင်ရှင် ဆီးချို သမားတွေပိုခံစားရတတ်ပါတယ်။ ဆီးချိုကျဆေးတွေလည်းသောက် ဆီးချိုတက်မှာကြောက်လို့ ဘာမှလည်းသိပ်မစားဖြစ်နဲ့ သွေးတွင်းသကြားဓာတ်ကျပြီး နှလုံးတုန် ရင်တုန်တွေဖြစ်လာပါတော့တယ်။

( ၈ ) သိုင်းရွိုက်ဂလင်း ပြဿနာဖြစ်နေတဲ့အခါမျိုးတွေ

သိုင်းရွိုက်ဟော်မုန်းများ နေလို့ အတက်ကြွလွန်ရောဂါ ခံစားနေရခြင်း ( hyperthyroid ) ပြဿနာဟာ နှလုံးအပေါ်မှာ သွားသက်ရောက်မှုရှိပြီး နှလုံးတုန်တဲ့ ပြဿနာကို ဖြစ်စေပါတယ်။

( ၉ ) နှလုံးရောဂါများ

နှလုံးပြဿာတွေဖြစ်တဲ့

  • Atrial fibrillation
  • Supraventricular tachycardia
  • Ventricular tachycardiaတို့ဟာနှလုံးတုန် ရင်တုန်ခြင်းကို ဖြစ်စေတဲ့ နှလုံးပြဿနာတွေပါ။

( ၁၀) မူးယစ်စိတ်ကြွဆေးတွေ

မူးယစ်စိတ်ကြွဆေးတွေဖြစ်တဲ့

  • Cocaine ( ကိုကင်း) – သွေးပေါင်ကိုတက်စေတယ် နှလုံးခုန်မြန်စေတယ် နှလုံးကြွက်သားတွေကိုထိခိုက်စေတယ်
  • Amphetamines – ဦးနှောက်အာရုံကြောစနစ်အပေါ်သွားသက်ရောက်ပြီး နှလုံးတုန်စေပါတယ်။
  • Ecstasy – norepinephrine လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးထွက်အောင် လှုံ့ဆော်တာကြောင့် နှလုံးတုန်ခြင်းကိုဖြစ်စေတတ်ပါတယ်။

ဘယ်ချိန်မှာ ဆရာဝန်ဆီသွားပြဖို့လိုမလဲ။

ပုံမှန် နှလုံးတုန်တဲ့ကိစ္စတော်တော်များများဟာ အခန်မသင့်မှ ဖြစ်တတ်တာမျိုးဖြစ်ပြီး တစ်ခါဖြစ်ရင် ခဏလေးနဲ့ ပြန်ပျောက်သွားတတ်တာမျိုးပါ။ ဒါပေမယ့်

  • နှလုံးတုန်တာ ကိုယ်သတိထားမိလောက်အောင် ခဏခဏဖြစ်နေပြီ
  • နှလုံးတုန်တာနဲ့အတူ ရင်ဘတ်အောင့်တာ
  • အသက်ရှူမဝတာ
  • မူးဝေတာနဲ့
  • သတိလစ်တာမျိုးတွေပါဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ကိုယ့်နှလုံးကျန်းမာရေးလေးကို စစ်ဆေးစေချင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/heart-disease/atrial-fibrillation/ss/slideshow-heart-palpitations-causes

Accessed Date 20.9.2019

https://www.mayoclinic.org/diseases-conditions/heart-palpitations/symptoms-causes/syc-20373196

Accessed Date 20.9.2019

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

မွေးရာပါ ပြာနှမ်းနှလုံးရောဂါကုသခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement