brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးတယ်ဆိုတာက နှလုံးရဲ့ ကြွက်သားတွေ ထူလာတာကို ပြောတာပါ။ ရောဂါအကြောင်းရင်းခံကလည်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာကြောင့် ‌နှလုံးကြီးတာ ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခု‌ကြောင့်လည်း နောက်ဆက်တွဲ နှလုံးကြီးတာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြီးတာက အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ်ထားနိုင်ရင် ပိုကောင်းပါတယ်။ အခုတစ်ခေါက်တော့ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

ဘာတွေကများ နှလုံးကြီးစေတာလဲ!

နှလုံးကြီးစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ နှလုံးကြီးစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

လက္ခဏာတွေက ဘာတွေလဲ!

နှလုံးကြီးနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ
  • ရင်ဘတ်အောင့်တာ
  • နှလုံးစည်းချက် မမှန်တာ
  • ငြီးစီစီ ဖြစ်နေတာ
  • သတိလစ်တာ
  • ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပြီးချိန်မှာ ခြေကုန်လက်ပမ်းကျတာ
  • ရောင်ရမ်းတာတွေကို ခံစားရနိုင်ပါတယ်။ 

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ!

တကယ်လို့ နှလုံးကြီးတဲ့ မျိုးရိုးရှိမယ်ဆိုရင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ရယူဖို့ လိုမှာဖြစ်သလို ရောဂါကြောင့် နှလုံးမကြီးစေဖို့ ခုအချက်လေးတွေကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ

နေ့စဉ် စားသုံးမှုက နှလုံး ကျန်းမာရေး အပါအဝင် စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ အသီးအရွက်၊ ပဲအမျိုးမျိုး၊ အရေခွံ မပါတဲ့ ကြက်သား၊ ငါး စတာတွေကို စားပေးလို့ ရပါတယ်။ ဒီလိုစားတာတွေက ခန္ဓာကိုယ်ကို အာဟာရ ပြည့်ဝစေသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ 

  • ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့ကို မိနစ် ၃၀ ထက် မနည်း တစ်ပတ်ကို ၃ ရက် ကနေ ၄ ရက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံးကျန်းမာစေ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးကြီးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် လေ့ကျင့်ခန်းလေးတွေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်း လုပ်သင့်တဲ့ ပမာဏကို တိုင်ပင်ပါ။

  • သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပါ

သွေးပေါင်ချိန် ထိန်းညှိတာ သွေးတွင်းအဆီ ထိန်းညှိတာတွေကလည်း နှလုံးကျန်းမာရေးကို ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် သွေးတိုးရောဂါ ရှိမယ်ဆိုရင် ပုံမှန် သွေးပေါင်ချိန် တိုင်းတာ၊ လိုအပ်တဲ့ ကုသမှုတွေကို ခံယူတာ လုပ်ဆောင်တာ အပြင် သွေးတိုးအတွက် သောက်နေရတဲ့ဆေးတွေ ရှိမယ်ဆိုရင်လည်း ပုံမှန်လေး သောက်ပေးဖို့ လိုပါမယ်။

  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန် များတာ၊ အဝလွန်တာတွေက ကျန်းမာရေးကို ထိခိုက်စေသလို နှလုံးကိုလည်း ထိခိုက်စေ နိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် များတာက နှလုံးကြီးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှလုံးမကြီးအောင် ကာကွယ်ချင်တယ် ဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။

  • ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ဖြတ်ပါ

ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး သောက်သုံးတာနဲ့ အခြားသော မူးယစ်ဆေးတွေ အသုံးပြုတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေပြီး နှလုံးကြီးတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှလုံးကြီးတာကို ကာကွယ်ချင်တယ် ဆိုရင်တော့ ဆေးလိပ်ဖြတ်ပါ။ ဆေးရွက်ကြီးနဲ့ အခြားသော မူးယစ်ဆေးတွေကို ဖြတ်ပါ။

  • ညဘက်တွေကို အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ

ညဘက်တွေကို အိပ်ရေးဝဝအိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်။ နှလုံးကြီးတာကို ကာကွယ်ချင်တယ် ဆိုရင်တော့ ညဘက်တွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့် အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ။ 

  • အရက်ဖြတ်ပါ

အရက်သောက်တာက နှလုံးကျန်းမာရေးကို ထိခိုက်စေသလို အသည်း ကျန်းမာရေးနဲ့ ကျောက်ကပ် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရက် အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ဖြတ်ပါ။ 

ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင်တော့ နှလုံးကြီးတာကို ကာကွယ်နိုင်မှာ ဖြစ်သလို နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ 

နှလုံး မကြီးစေဖို့

နှလုံး မကြီးစေဖို့ အခုလို ကာကွယ်ပါ
  • ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပါ
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ
  • ဆေးလိပ်ဖြတ်ပါ
  • အရက်ဖြတ်ပါ
  • အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ
  • ပုံမှန် စစ်ဆေးမှု လုပ်ပါ
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/07/2023 ဖြစ်ပါသည်။