ဇန်သိုးမားဆိုတာ အရေပြားအောက်တွင် အဆီဖုများထွက်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအဖုတွေဟာ ခန္ဓါကိုယ်အနှံ့ဖြစ်ပေါ်နိုင်သော်လည်း အောက်ပါတို့တွင်တော့ အများဆုံးဖြစ်ပေါ်တတ်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဇန်သိုးမားတွေဟာ အရွယ်အစားအမျိုးမျိုးရှိကြပါတယ်။ ပင်အပ်ခေါင်းအရွယ်ကနေပြီးတော့ စပျစ်သီးအရွယ်လောက်ထိ ရှိနိုင်ပါတယ်။ အရေပြားအောက်ရှိ အဖုပြားလေးတွေ ပုံသဏ္ဍန်ရှိပြီး တစ်ခါတစ်ရံ အဝါရောင်/လိမ္မော်ရောင် ရှိပါတယ်။ များသောအားဖြင့် နာကျင်မှုတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း ကျိန်းစပ်စပ်နဲ့ ယားယံတာမျိုးတော့ ဖြစ်နိုင်ပါတယ်။
ခန္ဓါကိုယ်အနှံ့များစွာသော်လည်းကောင်း အစုလိုက်အပြုံလိုက်သော်လည်းကောင်း ပေါက်ကြပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဇန်သိုးမားက သွေးတွင်း အဆီဓါတ်များခြင်းကြောင့် ဖြစ်ရတာပါ။ အောက်ပါရောဂါရင်းမြစ်တို့ ဖြစ်နေနိုင်ပါတယ်။
ဇန်သိုးမားကိုယ်တိုင်က အန္တရယ်မရှိပါဘူး။ ဒါပေမယ့် ယင်းအခြေအနေရဲ့ ရောဂါအရင်းမြစ်ကတော့ အရေးကြီးပါတယ်။ ဇန်သယ်လက်စ်မားလို့ခေါ်တဲ့ ဇန်သိုးမားအမျိုးအစားတစ်မျိုးလည်းရှိပါသေးတယ်။ မျက်ခွံမှာဖြစ်တာပါ။
အထက်တွင်ဖော်ပြခဲ့သော ကျန်းမာရေးအခြေအနေတွေရှိနေမယ်ဆိုရင် ဇန်သိုးမားဖြစ်နိုင်ခြေများပါတယ်။ ကိုလက်စထရော သို့မဟုတ် ထရိုင်ဂလစ်စရွိုက်များရင်လည်း ဖြစ်နိုင်ခြေများပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ဆရာဝန် သို့မဟုတ် အရေပြားအထူးကုက ဇန်သိုးမားကို အဖြေရှာအတည်ပြုပေးနိုင်ပါတယ်။ အရေပြားကိုစစ်ဆေးခြင်းဖြင့် သိရှိနိုင်မှာပါ။ အရေပြားအောက်မှာ အဆီများစုပုံနေခြင်းကို အရေပြားအသားစယူပြီး စစ်ဆေးနိုင်ပါတယ်။ ထိုစစ်ဆေးမှုမှာ ဆရာဝန်က အရေပြားအသားစအနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းသို့ပို့ကာ ခွဲခြမ်းစိတ်ဖြာစေခြင်းဖြစ်ပါတယ်။ ရလဒ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရက်ချိန်းခေါ်ပါလိမ့်မယ်။ သွေးတွင်းအဆီပမာဏ၊ အသည်းစွမ်းရည်နဲ့ ဆီးချိုသွေးချိုရှိမရှိကို သိရှိဖို့ သွေးစစ်ခိုင်းနိုင်ပါတယ်။
ဇန်သိုးမားက ရောဂါတစ်ခုခုကြောင့်ဖြစ်တာဆိုရင် ထိုရောဂါကို ကုသရပါမယ်။ ရောဂါကိုကုသလိုက်မယ်ဆိုရင် အဖုလေးတွေပျောက်သွားနိုင်ပြီး နောက်ထပ်ပြန်ဖြစ်နိုင်ခြေလည်း နည်းသွားစေပါတယ်။ ဆီးချိုသွေးချိုနဲ့ ကိုလက်စထရောပမာဏက ကောင်းကောင်းကြီးထိန်းချုပ်ထားနိုင်မယ်ဆိုရင် ဇန်သိုးမားဖြစ်နိုင်ခြေနည်းပါတယ်။ ဇန်သိုးမားအတွက် အခြားကုသနည်းတွေက ခွဲစိတ်ဖယ်ရှားခြင်း၊ လေဆာပြစ်ခြင်းနှင့် ထရွိုင်ကလိုရိုအက်စစ်တစ်အက်စစ်လိုမျိုး ဓါတုပစ္စည်းများဖြင့် ဖယ်ရှားခြင်းတို့ဖြစ်ပါတယ်။ ဇန်သိုးမားက ဖယ်ရှားလိုက်ပေမယ့်လည်း ပြန်ဖြစ်နိုင်တဲ့အတွက်ကြောင့် ထိုနည်းလမ်းတွေက အရှင်းတော့မပျောက်စေနိုင်ပါဘူး။ ဘယ်ကုသနည်းက သင့်အတွက်သင့်တော်မယ်ဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးပါ။ ရောဂါရင်းမြစ်တွေကို ကုသခြင်းဖြင့် ဇန်သိုးမားကို ထိန်းချုပ်နိုင်မလားဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဇန်သိုးမားကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
What Causes Xanthoma?
https://www.healthline.com/symptom/xanthoma
Accessed February 8, 2018
Xanthomas
https://emedicine.medscape.com/article/1103971-overview
Accessed February 8, 2018
ယခုပုံစံ
11/05/2020
Phyo Wai Yan မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar