backup og meta

မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

    ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀၀ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများစိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတာလေး ကြည့်လိုက်ရအောင်နော်။

    မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

    မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတော့ လျှပ်စစ်သံလိုက်လှိုင်း တွေဟာ လူတွေကို သာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မ လုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု တချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆိုပါ သံလိုက်လှိုင်းတွေကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။

    ၃။ နှလုံး ကျန်းမာရေး ဖောက်တာ

    ၄။ သုက်လွှတ်နှုန်း နည်းပါးတာ

    ၅။ ခန္ဓာကိုယ်ချို့ယွင်းချက်ရှိတဲ့ ကလေးမွေးဖွားမှုနှုန်း မြင့်မားတာ

    ၆။ ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိတာ

    ၇။ ပင်ပန်းနွမ်းနယ်တာ

    ၈။ အိပ်မပျော်တာ

    ၉။ အမြင်အာရုံ ချို့ယွင်းတာ

    ၁၀။ မူးဝေတာမျိုးတွေဖြစ်ပါတယ်။

    ဒီလို ဆက်သွယ်ရေးလှိုင်း တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို Microwave Sickness Syndrome လို့ ခေါ်ဆိုပါတယ်။ ဒါပေမယ့်လည်း လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်ဆိုတဲ့ ယူဆချက်ဟာ သီအိုရီ သဘော အရ သာဖြစ်ပြီး အမှန်တကယ် ထိခိုက်တယ် ဆိုတဲ့ သက်သေအထောက်အထား အနည်းငယ်သာ ရှိတယ်လို့ အမေရိကန် ကင်ဆာအသင်းက ဆိုထားပါတယ်။

    ကမ္ဘာ့လူဦးရေ ၇.၇ ဘီလီယံထဲမှာ ၆၈% လောက်က မိုဘိုင်းဖုန်းတွေ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့သလို ဘေးထွက်ဆိုးကျိုးတွေကို ခံစားရသူ အရေအတွက်ကတော့ အင်မတန်ကို နည်းပါးလှပါတယ်။ ဘာကြောင့် ခုလို ထိခိုက်မှုတွေ နည်းပါးနေရတာလဲ။

    ပထမဆုံး လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လူ့အရေပြားကို စတင်ထိတွေ့ပါတယ်။ တာဝါတိုင်တွေကနေ လွှင့်ထုတ်တဲ့ ရေဒီယို လှိုင်းတွေဟာ 300 MHz ကနေ 3 GHz အကြားဖြစ်တာမို့ ပမာဏဟာ အရေပြားက ခံနိုင်ရည်ရှိတဲ့ ပမာဏထက် များစွာ နည်းပါးတာမို့ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ နည်းပါးပါတယ်။

    လက်ရှိမှာ ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့ ယူဆခံထားရတဲ့ ဝေဒနာ လက္ခဏာတွေဟာ တိရိစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ရလဒ်တွေသာဖြစ်ပြီးတော့ လူတွေမှာ ဒီလို ဝေဒနာမျိုးတွေ ခံစားရတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရသေးပါဘူး။

    ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ် ဆိုတဲ့ အချက်ဟာ မှားယွင်းတယ်လို့ ဆိုလို့ မရပေမယ့် စိုးရိမ်ပူပန်ရလောက်တဲ့ ပြဿနာကြီး တစ်ခု မဟုတ်ဘူး ဆိုတာကို ပြောပြချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement