backup og meta

နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

    နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကမ္ဘာလုံးမှာ လူတွေသေဆုံးရခြင်းအကြောင်းအရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းတစ်ခုြဖစ်ပါတယ်။ နှလုံးဟာ ခန္ဒာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေရရှိအောင် ပို့ဆောင်ပေးနေတာမှန်ပေမယ့် နှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရရှိဖို့လိုပါတယ်။ နှလုံးကိုထောက်ပံ့နေတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ရောဂါဖြစ်တာ ဒါမှမဟုတ်ပျက်ဆီးတဲ့အခါ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာပြီး နောက်ဆက်တွဲဆိုးကျိူးတွေအများကြီးဖြစ်စေပါတယ်။ ကိုလက်စထရော (အဆီ) ပါဝင်တဲ့ အနည်တွေသွေးကြောမှာစုံပုံလာရာက သွေးကြောတွေ ရောင်ယမ်းလာပါတယ်။ အဲဒီနောက် သွေးကြောကို ကျဉ်းစေပါတယ်။ ဒီအခါ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေဟာ နှလုံးဆီကိုသွေးလုံလုံလောက်လောက်မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ရင်ပတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ တခြားလက္ခဏာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။

     ရောဂါလက္ခဏာတွေ

    နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းသွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ကြွယ်ဝတဲ့သွေးတွေ အလုံအလောက်မပို့ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် ပုံမှန်ထက်အောက်ဆီဂျင်ပိုလိုတဲ့ အခြေအနေမျိူး ဥပမာ လေ့ကျင့်ခန်းလုပ်နေချိန်မျိူးမှာ ပိုပြီးသိသာပါတယ်။ အဲဒီအခါ ဒီလိုလက္ခဏာတွေပေါ်တတ်ပါတယ်။

     (၁) ရင်ဘတ်အောင့်ခြင်း 

    နှလုံးသွေးကြောကျဉ်းကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တဲ့ပုံစံဟာ များသောအားဖြင့် တုံးလေးလေးကြီးနဲ့ဖိခံထားရသလို တင်းတင်းကြပ်ကြပ်အောင့်တဲ့ပုံစံမျိူးဖြစ်တတ်ပါတယ်။ ရင်ဘတ်အလယ် ဒါမှမဟုတ် ဘယ်ဖက်ခြမ်းမှာအောင့်တတ်ပါတယ်။ ခန္ဓာကိုယ်ဖိအား ဒါမှမဟုတ် စိတ်ဖိအားများတဲ့အချိန်မျိုးမှာ ပိုဖြစ်တတ်ပါတယ်။

    (၂) မောခြင်း၊ အသက်ရှူမဝခြင်း 

    နှလုံးဟာ သင့်ခန္ဒာကိုယ်က လိုအပ်တဲ့ သွေးကို လုံလုံလောက်လောက်မထောက်ပံ့နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကျလာပြီး မောတာ၊ ကြပ်တာ၊ အသက်ရှူမဝသလိုခံစားရတာအပြင် လှုပ်လှုပ်ရှားလုပ်ရင် အားစိုက်အလုပ်လုပ်ရင် အရမ်းအားကုန်သလိုခံစားရနိုင်ပါတယ်။

    (၃) နှလုံးတိုက်ခိုက်ခံရခြင်း သို့မဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း 

    နှလုံးသွေးကြောဟာ ကျဉ်းရုံမက လုံးလုံးပိတ်သွားပြီဆိုရင် နှလုံးတိုက်ခိုက်ခံရခြင်း ဒါမှမဟုတ် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းြဖစ်ပါတယ်။အဲဒီအခါ ပုံမှန်ထက်ပိုပြီးအလွန်အမင်းရင်ပတ်အောင့်ခြင်း၊ ပခုံးဒါမှမဟုတ် လက်မောင်းနာကျင်ခြင်း၊ မေးရိုးနာကျင်ခြင်းတွေဖြစ်နိုင်သလို တခါတရံမှာတော့ ဘာလက္ခဏာမှမပြတာမျိူးကလဲ ရှိနိုင်ပါတယ်။

    ဘာကြောင့်နှလုံးသွေးကြောကျဉ်းဖြစ်ရသလဲ

    နှလုံးသွေးကြောရဲ့ အတွင်းဆုံးအလွှာကို ထိခိုက်မှုကနေစပြီးဖြစ်တာပါ။ တခါတရံမှာတော့ ကလေးဘဝကတည်းကတောင် စပြီး သွေးကြောအတွင်းဆုံးအလွှာ ထိခိုက်တာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအချက်တွေကတော့ နှလုံးသွေးကြောကျဉ်းရဲ့ အဓိက တရားခံပါ။

    •  ဆေးလိပ်သောက်ခြင်း
    •  သွေးတိုးရောဂါရှိခြင်း
    •  သွေးတွင်းကိုလက်စထရောများခြင်း
    • ဆီးချိုသွေးချိုရောဂါရှိခြင်း
    • လှုပ်ရှားမှုနည်းပါးသော ဘဝနေထိုင်မှုပုံစံရှိခြင်း။
    •  နှလုံးသွေးကြောကျဉ်းရောဂါဟာ ဒီလိုအခြေအနေမျိူးတွေမှာလဲ ပိုပြီးးဖြစ်နိုင်ချေများပါတယ်။
    •  အသက်ကြီးခြင်း
    • အသက်အရွယ်ကြီးတဲ့အခါ ပျက်စီးမှုတွေထဲမှာ နှလုံးသွေးကြောတွေဟာလဲ ထိပ်ဆုံးကပါပါတယ်။

    အမျိုးသားဖြစ်ခြင်း 

    အမျိုးသားတွေဟာ အမျိူးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါတယ်။ဒါပေမယ့် သွေးဆုံးပြီးရင်တော့ အမျိုးသမီးတွေလဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများပါတယ်။

    မျိူးရိုးရှိခြင်း 

    ကိုယ့်မျိူးရိုးထဲမှာ နှလုံးရောဂါဖြစ်တဲ့သူရှိရင် ကိုယ်တိုင်မှာလဲ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဆွေမျိူးအရင်းအချာမှာ ငယ်ငယ်ကတည်းကဖြစ်တဲ့နှလုံးရောဂါရှိရင် ပိုဆိုးပါတယ်။ဖြစ်နိုင်ချေအမြင့်ဆုံးအခြေအနေတွေကတော့ သင့်အဖေ ဒါမှမဟုတ် အကိုဟာ အသက်ငါးဆယ့်ငါးမတိုင်ခင် ဒါမှမဟုတ် သင့်အမေ ဒါမှမဟုတ် အမဟာ အသက် ခြောက်ဆယ့်ငါးမတိုင်ခင်နှလုံးရောဂါရှိရင် သင့်မှာလဲ နှလုံးသွေးကြောကျဉ်းဖြစ်တန်စွမ်းအရမ်းမြင့်သွားပါပြီ။

    အဝလွန်ခြင်း 

    အဝလွန်ခြင်းဟာ နှလုံးသွေးကြောကျဉ်းဖြစ်နိုင်ေချကိုများစေသလို ရောဂါဖြစ်နေရင်လဲ ပိုဆိုးစေပါတယ်။

     စိတ်ဖိစီးမှုများခြင်း 

    လွှတ်ချမထားနိုင်တဲ့ဖိအားတွေများနေတာဟာ နှလုံးသွေးကြောကျဉ်းသာမက တခြားနှလုံးရောဂါတွေကို ဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။

    မကျန်းမာစေတဲ့ စားသောက်မှုပုံစံ

     ပြည့်ဝဆီတွေ၊ ဆီတွေ၊ အငံ၊ ပြန်ကြော်ဆီတွေ၊ အချိူမှုန့် ကြက်သားမှုန့်လို ဟင်းခတ်မှုန့်တွေများများသုံးစွဲခြင်းဟာ နှလုံးသွေးကြောကျဉ်းကို ဖြစ်စေပါတယ်။

     အိပ်စက်ချိန်ဟောက်ပြီးအသက်ရှူရပ်ခြင်း 

    အရင်တုန်းကတော့ ဒါကို သိပ်ဂရုမပြုကြပေမယ့် ဒီအခြေအနေဟာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းအပြင် လေဖြတ်လေဖြန်းတွေနဲ့ အများကြီးဆက်စပ်နေတာမို့ အိပ်စက်စဉ်ဟောက်ပြီးအသက်ရှူနေတာရှိရင် ရောဂါအဖြစ်သတ်မှတ်ကုသဖို့လိုလာပါပြီ။

     အရက်သောက်ခြင်း 

    အရက်ကို နေ့စဉ်သောက်သင့်တာထက်လွန်ကဲစွာသောက်ရင် နှလုံးကြွက်သားတွေကိုထိခိုက်ေစပါတယ်။

     နှလုံးသွေးကြောကျဉ်းမဖြစ်အောင် 

    ဘဝနေထိုင်မှုပုံစံဟာ နှလုံးသွေးကြောကျဉ်းရောဂါမှာ အသက်တမျှအရေးကြီးပါတယ်။life style ပြောင်းလိုက်ရုံနဲ့  ဖြစ်နေတဲ့ရောဂါကို အများကြီးသက်သာအောင်လုပ်လို့ရသလို ရောဂါမဖြစ်အောင်လဲကာကွယ်နိုင်ပါတယ်။

     ဆေးလိပ်ဖြတ်ပါ။ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်မြင့်တဲ့ အခြေအနေတွေရှိရင် စနစ်တကျ ကုပါ။ လှုပ်လှုပ်ရှားရှားနေပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ ဆီလျှော့ အငံ အချိူလျှော့ပြီး အသီးအရွက်များများစားပါ။ ကိုယ်အလေးချိန်ပုံမှန်အတွင်းဝင်ေအာင် ထိန်းသိမ်းပါ။ စိတ်ဖိစီးမှုကို ကောင်းကာင်းကိုင်တွယ်စီမံတတ်သူဖြစ်ပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement