backup og meta

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဆိုရင်

၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။

စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သွေးလည်ပတ်မှု မှန်ကန်စေပြီး ခန္ဓာကိုယ်ကိုလည်း အထိုက်အလျောက် မောပန်းစေတာမို့ ကောင်းကောင်း အိပ်ပျော်စေပါတယ်။

လေ့ကျင့်ခန်း လုပ်ဆိုလို့လည်း အားကြီးနဲ့ ပြင်းပြင်းထန်ထန်တွေ မလုပ်နဲ့ဦးနော်။ ယောဂတို့၊ အေရိုးဗစ်တို့လို လေ့ကျင့်ခန်းမျိုးတွေဆို အဆင်ပြေပါတယ်။ အိပ်ခါနီးမှ လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။

၃။ Gadget တွေကို ဝေးဝေးမှာ ထားပါ။

ဖုန်းနဲ့ တက်ဘလက်တွေက ထွက်တဲ့ အလင်းရောင်တွေက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မီးရောင်က ဦးနှောက်ကို “မအိပ်နဲ့ဦး။ ဒါက နိုးနေရမယ့် အချိန်” ဆိုပြီး သတိပေးနေတာကြောင့် အိပ်မယ် ဆိုရင် အလင်းရောင် ထွက်တဲ့ အရာတွေကို ရှောင်ပါ။ မီးပိတ်အိပ်ပါ။

သရဲ ကြောက်တတ်လို့ မီးကို ဖွင့်မှကို ဖြစ်မယ် ဆိုရင်တော့ ညအိပ်မီး မှိန်မှိန်လေး ထွန်းအိပ်ပါ။

၄။ အိပ်ရာကို အိပ်ဖို့ပဲ သုံးပါ။

ဟိတ်။ အဝေးကြီး လျှောက် မစဉ်းစားနဲ့။ အိပ်ရာ ပေါ်မှာ စားတာ၊ သောက်တာ၊ TV ကြည့်တာ၊ ဖုန်းကြည့်တာ၊ Laptop ကြီး ဖွင့်ထားတာ၊ အလုပ်လုပ်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်ကို အကျင့်လုပ်ပေးပါ။ ဒါတွေ လုပ်မယ့် အစား စာဖတ်တာ၊ တရားထိုင်တာ နဲ့ Soothing Music (စိတ်ငြိမ် စေမယ့် သီချင်း အေးအေးလေးတွေ) ဖွင့်ထားတာမျိုး လုပ်ပါ။

အိပ်ခန်းကို သက်သောင့်သက်သာ ဖြစ်အောင် ထားတာ၊ မအိပ်ခင် နွားနို့ တစ်ခွက် သောက်တာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နှစ်ခြိုက် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

အိပ်စက်ခြင်းက လှပတဲ့ အရာ တစ်ခုပါ။ အိပ်ရေး မဝရင် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ အပြင် အသားအရေကိုပါ ပျက်စီးစေတာကြောင့် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ အိပ်မပျော်ခြင်းကို ကုစားလိုက် ကြရအောင်။

ရေးသားသူ- Wathun Myat Chel

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/natural-sleeping-remedies#use-bed-for-sleeping-only

https://www.webmd.com/parenting/features/good-nights-sleep

https://www.webmd.com/sleep-disorders/features/get-good-nights-sleep

ယခုပုံစံ

08/03/2024

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ