backup og meta

သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ

ဒီခေတ်မှာ အများစုက အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တဲ့ ရောဂါကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးဆိုင်တွေမှာ အိပ်ဆေး သွားမဝယ်ခင် အခုပြောပြသွားမယ့် သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ ကို အရင်စမ်းကြည့်ပါ။ သင့်ကို အံ့သြသွားလောက်အောင် ကောင်းကျိုးတွေ ပေးနိုင်ပါလိမ့်မယ်။

သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ

သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ

သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ ကတော့

  • နို့ပူပူနွေးနွေးသောက်ပါ။

နို့က အိပ်မပျော်ခြင်းကို ကျော်လွှားနိုင်မယ့် အစားအသောက်တွေထဲက တစ်ခုပါ။ နို့က ဦးနှောက်ကနေ melatonin ထုတ်ဖို့ ကူညီပေးတဲ့ ကယ်လ်စီယမ်ထုတ်ပေးပါတယ်။ နေ့စဉ် အိပ်ရာမဝင်ခင် နို့ပူပူလေးတစ်ခွက် သောက်ကြည့်ပါ။ နို့ရဲ့ ကောင်းကျိုးကတော့ သင့်ကို အေးချမ်းစွာ အိပ်စေမှာပါ။

  • လျှပ်စစ်ကိရိယာတွေ အကုန်ပိတ်ထားပါ။

ညဘက်မှာ ထိန်လင်းနေတာက သင့်ကို အိပ်ငိုက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ သင့်အခန်းက မှောင်နိုင်သမျှ မှောင်နေရပါမယ်။ ဒါ့အပြင် သင့်အနေနဲ့ အိပ်ရာမဝင်ခင် ဖုန်း၊ TV နဲ့ ကွန်ပျူတာစတဲ့ လျှပ်စစ်ကိရိယာတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ အိပ်ခါနီး ညအချိန်မှာ ဒါတွေကို အသုံးပြုခြင်းက  အလေ့အကျင့်ဆိုးတစ်ခုဖြစ်တဲ့အတွက် ဖျောက်သင့်ပါတယ်။

လျှပ်စစ်ကိရိယာတွေက ထွက်တဲ့အလင်းရောင်က သင့်ဦးနှောက်ကို ဆက်တိုက် နှိုးဆွနေမှာပါ။ ဒါကြောင့်  အနည်းဆုံးညမအိပ်ခင် ၁နာရီအလိုမှာ လျှပ်စစ်ကိရိယာတွေအသုံးပြုခြင်းကို ရပ်လိုက်ပါ။ တကယ်တော့ သင့်အခန်းထဲမှာကိုက TV မထားသင့်ပါဘူး။ အိပ်ခန်းထဲမှာ TV မရှိသင့်ပါဘူး။ ဧည့်ခန်းလိုနေရာမျိုးမှာ ကြည့်ပြီး အိပ်ရာဝင်တာ အကောင်းဆုံးပါ။

  • လေ့ကျင့်ခန်း စောစောလုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းက လေ့ကျင့်ခန်း လုပ်နှုန်းနဲ့ လုပ်တဲ့အချိန်အပေါ် မူတည်ပြီး သင့်ရဲ့အိပ်စက်ခြင်းကို တိုးတက်စေပါတယ်။ လေ့လာမှုတွေအရ သင်လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ကိုယ်အပူချိန် မြင့်လာပြီး ဒါကို ပြန်လည် ထိန်းညှိဖို့အတွက် ခြောက်နာရီအချိန်ပေးရပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် ကိုယ်ကို အေးစေပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

လက်တွေ့စမ်းသပ်မှုတွေအရ မနက်မှာ မိနစ်၃၀နှုန်းနဲ့ တစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေက လေ့ကျင့်ခန်း နည်းနည်းလုပ်တဲ့၊ နောက်ကျမှ လုပ်တဲ့အမျိုးသမီးတွေထက် အိပ်ရတာ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်းက အိပ်စက်ခြင်းအတွက် အကောင်းဆုံး အကျိုးကျေးဇူးပေးပါတယ်။

  • သင့်ရဲ့ အိပ်ရာကို ခွဲထားပါ။

သင့်ရဲ့ အိပ်စက်တဲ့ နေရာကို သက်သက်ခွဲထားပါ။ တခြားလှုပ်ရှားမှုတွေ ဖြစ်တဲ့ စားသောက်ခြင်း၊ အလုပ်လုပ်ခြင်းစတာတွေနဲ့ မသက်ဆိုင်တဲ့ နေရာမှာ ခွဲထားပါ။ ညသန်းခေါင်ကြီး နိုးလာတဲ့အခါ ကွန်ပျူတာ ၊ တီဗွီတွေ သွားဖွင့်မယ့်အစား သင့်ကို အိပ်ငိုက်စေမယ့် စာအုပ် ဖတ်တာဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ်လုပ်ပါ။

တကယ်လို့ သင်အိပ်ရေးပျက်တာများနေပြီဆိုရင်တော့ သင့်အိပ်ခန်းကို သေချာပြန်စီစဉ်ဖို့ လိုပါလိမ့်မယ်။

  • ရနံ့ကုထုံးကို စမ်းကြည့်ပါ။

တချို့အဆီတွေက အိပ်စက်ခြင်းအတွက် အကျိုးသက်ရောက်မှု ကောင်းစေပါတယ်။ ဒီထဲမှာ လာဗင်ဒါ ရနံ့ကလည်း တစ်ခု အပါအဝင်ပါ။ ဒါက အကုန်အကျ နည်းပြီး  အဆိပ်အတောက် ကင်းတဲ့ အိပ်စက်ခြင်းကို ကူညီပေးမယ့် အရာပါ။

မအိပ်ခင် လာဗင်ဒါဆီနဲ့ ရေနွေနွေးနဲ့ ရေချိုးခြင်းက သင့်ရဲ့ ကိုယ်နဲ့ စိတ်ကို အေးချမ်းစေပါလိမ့်မယ်။ သင့်အနေနဲ့ ခေါင်းအုံးပေါ်မှာ လာဗင်ဒါဆီကို ဖြန်းထားလည်း ရပါတယ်။

သင့်အိပ်စက်ခြင်းကို ဘာက တားဆီးနေလဲဆိုတာသိဖို့က နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ လိုပါတယ်။ ဒါ့အပြင် အစားအစာ၊ ဆေးဝါးအထောက်အကူများ၊ ဆေးဖက်ဝင်အပင်တွေကလည်း သင့်ကို အေးချမ်းစွာ အိပ်စက်နိုင်ဖို့ ကူညီပေးမှာပါ။ ဒီနည်လမ်းတွေက သင့်ကို အိပ်ပျော်ဖို့ ကူညီရုံသာမက ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။ သဘာဝနည်းလမ်းတွေ၊ ဆေးဝါးတွေနဲ့တင် အဆင်မပြေရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Natural Remedies That May Help You Sleep. http://www.health.com/health/gallery/0,,20306715,00.html.
Accessed December 10, 2016.

Natural Sleep Solutions. http://www.webmd.com/sleep-disorders/living- with-insomnia- 11/natural-solutions.
Accessed December 10, 2016.

10 Natural Ways to Sleep Better. http://www.healthline.com/health-slideshow/natural- sleeping-
remedies#6.

Accessed December 10, 2016

 

ယခုပုံစံ

16/10/2023

Kyaw Thura Htun မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညနေဘက် အိပ်ရင် ဖျားတတ် သလား

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ