backup og meta

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်ချင်လိုက်တာ၊ မျက်လုံးတွေ စပ်တယ်။ ညက အိပ်ရေးမဝဘူး၊ ကောင်းကောင်း အိပ်မပျော်ဘူး။ တစ်နေကုန် ဘယ်လို ကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလို ဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာ ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာ ကောင်းကောင်း အိပ်မပျော်လို့ နောက်တစ်နေ့မှာ အလုပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ညအိပ်ရာ မဝင်ခင် ဒါလေးတွေ ရှောင်ပေးပါနော်။

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

ဒီတော့ ပြည့်ဝစွာ အိပ်စက် အနားယူနိုင်စေဖို့ ဘာတွေ မစားရဘူးလဲ ပြောပြမယ်နော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်စက်မှုက လူတစ်ယောက်ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် တော်တော်လေး အရေးပါတဲ့ အရာပါ။ ဒီတော့ အဖိုးအခ မပေးရဘဲ လူတိုင်းအတွက် မွေးရာပါ အခွင့်အရေး တစ်ရပ် အနေနဲ့ ပါလာတဲ့ အိပ်စက်မှုကို ပြည့်ပြည့်ဝဝ ရရှိနိုင်စေဖို့ အိပ်ခါနီးမှာ ဒါတွေ မစားပါနဲ့နော်။

ပရိုတင်းများတဲ့ အစားအစာတွေ – ပရိုတင်းက တစ်နေ့တာ လှုပ်ရှားမှုတွေအတွက် လိုအပ်တယ်ဆိုပေမယ့် ညအိပ်ခါနီးတော့ မစားပါနဲ့။ အစာကြေခဲပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေမှာပါတဲ့tyrosine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နီးနေပြီဆိုရင် ချိစ်၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားသောပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။

ရေလျှော့သောက်ပါ – ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့အတွက် ရေဓါတ်က လိုအပ်တာ မှန်ပေမယ့် ညကောင်းကောင်း အိပ်ပျော်ချင်ရင်တော့ ည ၈ နာရီ နောက်ပိုင်း ရေနဲ့ အရည်ဓါတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ ရှောင်ပါနော်။ လုံးဝကြီး မဟုတ်ပေမယ့် နည်းနည်းတော့လျှော့ပေါ။ တစ်ညလုံးမှာ ဆီးထသွားရင်း အချိန်ကုန် သွားနိုင်တာကြောင့်ပါ။

ကဖင်းပါတဲ့ စားစရာ၊ သောက်စရာတွေ – ကဖင်းက စိတ်ကို လန်းဆန်းတက်ကြွစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပင်ပန်းနေတဲ့ အချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်လိုမျိုး သောက်စရာတွေက လန်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် အိပ်ရမယ့် အချိန်မှာ စိတ်က လန်းနေမယ်ဆိုရင် သွားပြီလေ။ ဒီတော့ မနက်ခင်းမှာ မျက်တွင်းချောင်ချောင်လေး မနိုးချင်ရင် ညအိပ်ရာဝင်ခါနီး ကဖင်းပါတာတွေနဲ့ ခပ်ကင်းကင်းနေပါ။ လက်ဖက်သုပ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ အားဖြည့်အချိုရည်တွေနဲ့ ခပ်ကင်းကင်းလေး နေပါနော်။ အိပ်ရာမဝင်ခင် အနည်းဆုံး ၂ နာရီ ကနေ အများဆုံး ၆ နာရီအတွင်း ကဖင်းပါတာတွေကို မစားပါနဲ့။ မသောက်ပါနဲ့။

နီကိုတင်း – ကဖင်းလိုပါပဲ။ စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နီကိုတင်း အရင်းအမြစ် တစ်ခုဖြစ်တဲ့ ဆေးလိပ်ကို အိပ်ရာဝင်ခါနီး မသောက်ပါနဲ့။

အယ်လ်ကိုဟော – အရက်က မူးစေတော့ ပိုအိပ်မပျော်ဘူးလားလို့ မေးစရာ ရှိမှာပေါ့။ အရက်မူးလို့ အိပ်ပျော်လည်း တစ်နာရီထက်ပိုပြီး အိပ်မပျော်နိုင်ပါဘူး။ ခဏခဏ နိုးတာ၊ ဆီးခဏခဏ ထသွားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ရာမဝင်ခင် ၂ နာရီလောက် အလိုကတည်းက အရက်နဲ့ အခြားသော အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။

အစပ်ကဲတဲ့ စားစရာတွေ – ခပ်စပ်စပ်လေးက စားရတာ အရသာရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင် ရှိစေနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ခပ်စပ်စပ်စားစရာလေးကို ညအိပ်ခါနီး စားတာကတော့ အကြံကောင်း တစ်ခု မဟုတ်ပါဘူး။ ရင်ပူပြီး ကောင်းကောင်းအိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။

အဆီများတဲ့ စားစရာတွေ – အဆီများတဲ့ အစားအစာတွေက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အဆီတွေက အစာကျေချက်မှုကို ဖြစ်စေပြီး အစာအိမ်ထဲမှာ အစာခြေရည်တွေကို ထွက်ရှိစေပြီး အစာခြေရည်တွေက အစာရေမျိုဆီကို ပြန်ဆန်တက်တဲ့အခါ မအီမလည်ခံစားရပြီး ကောင်းကောင်း အိပ်မပျော်တော့ဘူးပေါ့။

ကဲ ဒီအစားအစာတွေကို ညအိပ်ခါနီးမစားဘဲ ရှောင်ကြဉ်ရင်း ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ရရှိပိုင်ဆိုင်ပြီး နေ့ရက်တိုင်းကို ပျော်ရွှင်လန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods for Sleep: A List of The Best and Worst Foods for Getting Sleephttps://www.alaskasleep.com/blog/foods-for-sleep-list-best-worst-foods-getting-sleep Accessed Date 14 December 2018

9 foods that keep you awakehttps://www.health24.com/Medical/Sleep/Insomnia/9-foods-that-keep-you-awake-20120721 Accessed Date 14 December 2018

Foods That Help or Harm Your Sleephttps://www.webmd.com/sleep-disorders/ss/slideshow-sleep-foods Accessed Date 14 December 2018

ယခုပုံစံ

26/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးပျက်ခြင်းကို ယောဂက ဘယ်လိုကူညီပေးနိုင်မလဲ

အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement