ညဉ့်နက်တဲ့အထိ အလုပ်တွေလုပ်နေရလို့ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကြည့်ကောင်းလို့ပဲဖြစ်ဖြစ် ရံဖန်ရံခါ အိပ်ရေးပျက်တာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ နေ့တိုင်းလိုလို အိပ်ရေးဝအောင်မအိပ်ရရင်တော့ ကျန်းမာရေးထိခိုက်လာတော့မှာပါ။ ဒါဆိုဘာလို့ အိပ်ရေးဝအောင်အိပ်ဖို့လိုတာလဲ၊ အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်လာနိုင်သလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။