၃။ အိပ်ခါနီးအချိန်မှာ အရက်သေစာတွေကို မသုံးစွဲပါနဲ့။
မူးမူးနဲ့ ပိုအိပ်ပျော်မယ်လို့ သင်တွေးထားရင်တော့ လုံးလုံးကြီးရော၊ ပြားပြားကြီးပါ မှားပါပြီ။ အရက်သေစာတွေဟာ သင့်ကို နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်စေတဲ့အတွက် ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မနက်ကိုလည်း အစောကြီးနိုးနေစေတဲ့အတွက် သင့်အနေနဲ့ လန်းဆန်းတက်ကြွမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မအိပ်ခင် ၂-၃ နာရီအတွင်းမှာ အရက်သေစာ (ကော့တေးလို ဟာမျိုးတွေအပါအဝင်ပေါ့)သောက်စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ပျော်ချင်တဲ့လူ မှန်ရင်ပေါ့။
၄။ အိပ်ခါနီးအချိန်မှာ ဖုန်းသုံးတာ၊တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။
ဒီပစ္စည်းတွေက ထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်တာမို့ အိပ်ယာပေါ်မှာ စောင်လေးခြုံ၊ ဖုန်းလေးပွတ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
၅။ နာရီကို ခဏခဏ ကြည့်မနေပါနဲ့။
ရုတ်တရက် စဉ်းစားရင် ဒီအချက်ဟာ ကလေးဆန်တယ် ထင်ရပေမယ့် သင့်စိတ်ထဲမှာ ဟာ..ငါအိပ်ဖို့ ဘယ်နှနာရီပဲ လိုတော့တယ်၊ဒုက္ခပါပဲ။ အိပ်မပျော်သေးဘူး… မနက်တော့ ရုံးမှာငိုက်ပါပြီ စသဖြင့် စိတ်ထဲမှာ ကယောင်ကတမ်းနဲ့ ထွေလီကာလီတွေးလိုက်၊နာရီကြည့်လိုက်လုပ်နေရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် နာရီကို တငင်ငင်နဲ့ ကြည့်မနေဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ပါ။
၆။ အထွေထွေ
- မထူလွန်း၊မပါးလွန်းဘဲ သင့်အတွက် သက်တောင့်သက်သာအရှိဆုံး ခေါင်းအုံးကို ရွေးချယ်ပါ။ မဟုတ်ရင် ကောင်းကောင်းအိပ်မပျော်မယ့်အပြင် ဇက်ကြီးနာပြီးတော့ပါ နိုးလာပါလိမ့်မယ်။
- အိပ်ယာဟာ ကိုယ်စိတ်နှစ်ပါး ဖြေလျှော့ပြီး အိပ်ဖို့ပဲ ဖြစ်သင့်ပါတယ်။ ဒါကြောင့် အိပ်ယာပေါ်မှာ လက်တော့ပ်လေးနဲ့ အလုပ်လုပ်တာမျိုး၊ အင်တာနက်သုံးတာမျိုးကို ရှောင်ပါ။
- အအိပ်အနေ မှန်ပါစေ။ ရုံးဖွင့်ရက်သာမက ရုံးပိတ်ရက်တွေမှာလည်း အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို တသမတ်တည်း ရှိနေစေခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ကွက်တိမှန်ကန်နေပါစေ။ ဒါဟာလည်း ကောင်းကောင်းအိပ်ပျော်ဖို့အတွက် လက်နက်တခုပါ။
- အိပ်ပျော်ဖို့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီကို ရှောင်ရမှာတော့ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကော်ဖီသာမက အခြားသော ချောကလက်တွေ၊ အစားအစာတွေနဲ့ ဆေးဝါးတွေမှာလည်း ကဖင်းဓာတ် ပါဝင်နိုင်သေးတာမို့ အဆိုပါ ဆေးဝါးနဲ့ အစားအစာတွေကို သတိထားပြီး သုံးစွဲတာမျိုး၊ ရှောင်ကြဉ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကို အိပ်ချိန်နဲ့ အရမ်းကြီးနီးကပ်မနေပါစေနဲ့(၃-၄ နာရီလောက် ခွာပါ)။
- အိပ်ခါနီး ဗိုက်ဆာသဟေ့ဆိုပြီး တနင့်တပိုး မစားပါနဲ့။
အိပ်စက်ခြင်းဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ အိပ်မပျော်ခြင်းဟာ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ အိပ်ရာထက်က စွမ်းဆောင်ရည်တွေကို ကျဆင်းစေတဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထိခိုက်မတော်တဆမှုများကို ဖြစ်ပွားစေခြင်း၊ မလိုလားအပ်တဲ့ ရောဂါတွေကို ဖိတ်ခေါ်နေခြင်း စတဲ့အန္တရာယ်တွေကိုပါ လက်ယပ်ခေါ်နေတာမို့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို လိုက်နာခြင်းအားဖြင့် အိပ်မက်လှလှလေးတွေ မက်စေနိုင်မှာပါ။
အားလုံးပဲ စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ကြပါစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။