အဓိပ္ပါယ်ဖွင့်ဆိုချက်
Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကဘာလဲ။
ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် သင်တွေးပုံ လုပ်ကိုင်ပုံများအား ထိခိုက်သော ရောဂါများကို ဆိုလိုပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုသည်မှ လူတစ်ဦး၏ သိသာထင်ရှားသော စရိုက်၊ အမူအကျင့်ပုံစံနှင့် တစ်ဦးစီ၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဖန်တီးပေးသော ပုံစံများကို ဆိုလို၏။ ၎င်းသည် ကျွန်တော်တို့၏ လောကအပေါ် လက်ခံလေ့လာပုံ၊ ကျွန်တော်တို့၏ စိတ်ထား၊ အတွေးနှင့် ခံစားမှုများအပေါ် ထိခိုက်စေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မိသားစု၊ သူငယ်ချင်းများနှင့်တောင်မှ လူမှုဆက်ဆံရေး ခက်ခဲစေနိုင်သည်။ ထိုသူများတွင် ဘယ်လိုအပြုအမူက ပုံမှန်၊ ဘယ်လိုက မူမမှန်ဆိုသည်ကိုလည်း ခွဲခြားရခက်၏။