လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။
အော်တစ်ဇင်(Autism Spectrum Disorder လို့လည်း ခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဝေဒနာရှင် ကလေးရဲ့ တခြားလူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကို အဓိက ထိခိုက်စေပါတယ်။ အရာတခုခု ဒါမှမဟုတ် စိတ်ဝင်စားရာ တခုခုကို တချိန်လုံး ထပ်ခါတလဲလဲ လုပ်နေတတ်တဲ့ အမူအကျင့်ဟာလည်း ဒီရောဂါရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး နဲ့ နေ့စဉ်နေထိုင်သွားလာမှုတွေကို ဆိုးဆိုးရွားရွားကို ထိခိုက်စေတာပါ။
အော်တစ်ဇင် ကလေးတွေဟာ
လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့် ကိုယ်ဝန်သုံးလနောက်ပိုင်း)မှာ စိတ်ကျရောဂါသောက်ဆေး သုံးစွဲတဲ့ မိခင်လောင်းတွေက မွေးဖွားလာတဲ့ ကလေးတွေမှာ အော်တစ်ဇင်ဝေဒနာခံစားရဖို့ ၈၇%ပိုများတယ်လို့ ဆိုပါတယ်။Selective Serotonin Reuptake Inhibitor အမျိုးအစား ဆေးတွေဖြစ်တဲ့ escitalopram (Lexapro), fluoxentine (Prozac), sertraline (Zoloft) တွေကို သုံးစွဲရင် ဖြစ်နိုင်ချေပိုများပါတယ်။ ဒါပေမယ့် စိတ်ကျရောဂါသောက်ဆေးတွေကြောင့် အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေပြချက် အတိအကျတော့ မသိရသေးပါဖူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဆရာဝန်က အတိအကျညွှန်ကြားထားတဲ့ အခြေအနေမျိုးကလွဲပြီး မိမိသောက်လက်စ စိတ်ကျဝေဒနာ ပျောက်ဆေးကို ရပ်မပစ်ရပါဖူး။ ဒီလိုမျိုး ရုတ်တရက် ဆေးသောက်ရပ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာတွေကို ခံစားရမှာဖြစ်ပြီး အဲ့ဒီလက္ခဏာတွေက ပိုဆိုးနေမှာ ဖြစ်ပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ အော်တစ်ဇင်ကလေးတွေ ပိုများလာရခြင်းရဲ့ အကြောင်းရင်း တစိတ်တဒေသကို ဒီလေ့လာမှုက ရှင်းပြကောင်းရှင်းပြနိုင်ပါလိမ့်မယ်။ အော်တစ်ဇင်ဖြစ်စေတဲ့ အကြောင်းရင်းအစစ်မှန်ကို မသိရသေးပေမယ့် မျိုးရိုးဗီဇအရရော ပတ်ဝန်းကျင် အခြေအနေတွေကပါ အော်တစ်ဇင်နဲ့ ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ကျဝေဒနာ သောက်ဆေးတွေကို ဆက်သောက်ရမလား၊ဖြတ်ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတခုပါ။ ဆေးဖြတ်ပြီး မကုဘဲထားရင် စိတ်ကျဝေဒနာဟာ မိခင်လောင်းကိုရော သန္ဓေသားကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကံကောင်းတာက စိတ်ကျရောဂါကို ကုသဖို့အတွက် ဆေးသောက်ရတဲ့နည်းလမ်း တမျိုးပဲရှိတာမဟုတ်လို့ပါပဲ။ ဆွေးနွေးအကြံပေးတိုင်ပင်တာ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်တာတွေဟာ သိပ်မပြင်းထန်တဲ့ စိတ်ကျဝေဒနာအတွက် အကျိုးရှိတယ်ဆိုတာ စမ်းသပ်မှုတွေအရ သိရှိခဲ့ရပြီး ဖြစ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။