backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ဘယ်သူမဆိုစိတ်ဓါတ်ကျလာလျှင် မျှော်လင့်ချက်မဲ့ခြင်း၊အကူအညီမဲ့ခြင်းတို့ကို မလွဲမသွေခံစားလာရပါတယ်။ ဒါကြောင့် လူအများစုဟာနည်းလမ်းပေါင်းစုံနှင့် စိတ် ကျခြင်းကို ကုစားလာကြပါတယ်။ ဘယ်နည်းလမ်းကိုပဲအသုံပြုပါစေ ထိရောက်မှုရှိဖို့နဲ့ စိတ်ချမ်းသာဖို့ကအဓိကကျပါတယ်။

ဒီအကြောင်းအရာ၊သဘောတရားလေးတွေကိုမှတ်သားနာလည်နိုင်ပြီးလက်တွေ့မှာပြန်လည်အသုံးချနိုင်ပါတယ်။

တစ်နေ့တာကိုအစီအစဉ်စဆွဲပါ

မိမိရဲ့တစ်နေ့တာကို ဘာမှမလုပ်လိုက်ရပဲ မကုန်ဆုန်းစေပါနဲ့။ ဒီနေ့တစ်နေ့တာအတွက်အစီအစဉ်လေးတွေကိုရေးဆွဲထားခြင်းဟာအချိန်ကုန်သက်သာစေပြီး တစ်နေ့တာပြီးဆုံးသွားတဲ့အခါမှာလည်း ပြီးမြောက်သွားတဲ့အလုပ်လေးတွေကိုပြန်ကြည့်ရင်း သင်ဟာစိတ်ကျေနပ်မှုရနေမှာပါ။

တက်ကြွနေပါစေ

အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲမနေပါနှင့်။ ပျင်းရိခြင်းဟာ စိတ်ကိုပိုမိုထိုင်းမှိုင်းစေပါတယ်။ အခုပဲထပြီးကိုယ်လက်လှုပ်ရှားမှုစလုပ် ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓါတ်ကျခြင်းကိုအကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယချင်းတွေနှင့်ဆော့ကစားရုံ ၊အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။

ကျန်းမာစေသောအစာများကိုစားသုံးပေးခြင်း

ကျန်းမာစေသောအစားအစာများဟာ သင်စိတ်ပျော်စေဖို့အတွက်များစွာ အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊အရက်၊အဆီအစိမ့်များ၊ရေရှည်ခံဆေးသုံးထားသောအစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့်ညီညွှတ်သောအဆီမပါအသား၊ငါး၊ဟင်းသီးဟင်းရွက်နှင့်သီးနှံများကိုပိုမိုစားသုံးသင့်ပါသည်။

ကစီ ဓါတ်နှင့်သကြားအလွန်အမင်းစားသုံးခြင်းကိုလည်းရှောင်ရှားသင့်ပါသည်။

ကောင်းမွန်စွာအိပ်စက်အနားယူခြင်း

စိတ်ကျရောဂါခံစားရသူများဟာ ညဘက်ကောင်းကောင်းအိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကိုပိုဆိုးစေတဲ့အချက်တစ်ချက်ပါပဲ။ ဒါကြောင့်အိပ်ချိန်မှန်အောင်လေ့ကျင့်ယူသင့်ပါတယ်။ အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေမည့်ကွန်ပျူတာ၊လက်တော့၊စမတ်ဖုန်းများကို ကုတင်ပေါ်ကဖယ်ရှားထားဖို့လည်းလိုအပ်ပါတယ်။

အဆိုးမြင်ဝါဒီများကိုဖယ်ရှားလိုက်ပါ

စိတ်ကျရောဂါဟာသင့်ကိုသင်၊သင့်ပတ်ဝန်းကျင်၊သင့်အခြေအနေ၊သင်တွေ့ဆုံနေရတာတွေ၊သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကိုပိုမိုလုပ်ဆောင်ရင်း ကောင်းသောအမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။ ထိုသို့ပြောင်းလဲပေးသောသင်တန်းများရှိရင်လည်းတက်ရောက်သင့်ပါတယ်။

သင့်ကိုစိတ်ကျေနပ်မှုပေးနိုင်မယ့်အရာများကိုလုပ်ဆောင်ကြည့်ပါ

ကျန်းမာတက်ကြွပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုကြိုးစားလျှောက်လှမ်းခြင်းဖြင့်စိတ်ကျရောဂါကိုအနိုင်ယူပါ။

စိတ်ဖိအားတွေလျော့ပါးသွားအောင်အနားယူခြင်း၊အားမွေးခြငးများကလည်းုသင်ယူပါ။

အားပေးနှစ်သိမ့်ဆွေးနွေးတိုင်ပင်ပါ

မိမိနှင့်အတူရောဂါခံစားနေရသူများနှင့် အားပေးတိုင်ပင်ပါ။ မိသားစု သူငယ်ချင်းများနှင့်ရင်းရင်းနှီးနှီးနေပါ။ သူငယ်ချင်းသစ်များလည်းဖွဲ့ပါ။ ဒါတွေဟာ သင့်အတွက်အလိုအပ်ဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့စိတ်ကျရောဂါရဲ့ဖိအားမှလွတ်မြောက်အောင် နေ့စဉ်ကောင်းမွန်သောအလေ့အကျင့်များကိုပြုမူဆောင်ရွက်ပါ။ အရာရာပေါ်မှာကောင်းမွန်သောအတွေးမျိုးထားနိုင်အောင်ကြိုးစားပါ။ မိသားစုချစ်ခင်ရင်းနှီးသူများထံမှနှစ်သိမ့်မှုရယူပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement